လက်ပံတောင်းတောင်ကြေးနီစီမံကိန်း ဖျက်သိမ်းပေးရေးနှင့် လက်ပံတောင်း တောင်ဒေသခံ ဒေါ်ခင်ဝင်း သေနတ်ထိမှန်သေဆုံးခဲ့မှု အမှုမှန်ပေါ်ပေါက်ရေး ဆန္ဒပြမှုကြောင့် ၂၀၁၅ ခုနှစ်က ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်တရားရုံး အသီးသီးက နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (ခ)၊ ငြိမ်းစုစီပုဒ်မ ၁၈ တို့ဖြင့် ထောင်ဒဏ်များ ချမှတ်ခံထားရသည့် ဒေါ်နော်အုန်းလှ၊ ဦးနေမျိုးဇင်၊ ဦးဘမြင့်နှင့် ဦးသန်းဆွေတို့ကို ဖေဖော်ဝါရီ ၁၁ ရက်နံနက်ပိုင်းတွင် လမ်းမတော်မြို့နယ် တရားရုံး၌ ပုဒ်မ၁၈ ဖြင့် စွဲဆိုထားသော အမှုအား ဒုတိယအကြိမ် ဆက်လက်ရုံးထုတ်စစ်ဆေးခဲ့သည်။ယင်းနေ့ရုံးချိန်းတွင် တရားလိုပြသက်သေအဖြစ် လမ်းမတော်မြို့နယ် ၇ ရပ်ကွက် အုပ်ချုပ်ရေးမှူးတစ်ဦးအား စစ်ဆေးခဲ့ပြီး တရားခွင်တွင် စွပ်စွဲခံရသူ ဒေါ်နော်အုန်းလှက အဆိုပါရပ်ကွက်အုပ်ချုပ်ရေးမှူးကို “၎င်းအား သိပါသလား”ဟု မေးမြန်းရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးက မသိကြောင်း၊ စခန်းမှူးက ဒေါ်နော်အုန်းလှပါဟု ပြောမှသိခြင်းဖြစ်ပါသည်ဟု ထွက်ဆိုခဲ့ပြီး ဒေါ်နော်အုန်းလှနှင့် အဖွဲ့အခင်းဖြစ်စဉ်က လမ်းမတော်မြို့နယ်မှ ဖြတ်သွားစဉ် ပြည်သူတစ်ဦးတစ်ယောက်က ထိတ်လန့်သည်ဟူ၍လည်းကောင်း တစ်စုံတစ်ရာပျက်စီးသည်ဟူ၍ လာရောက်တိုင်ကြားခြင်းရှိပါသလားဟု ဆက်လက်မေးမြန်းရာ မရှိပါဟု တရားလိုပြသက်သေ လမ်းမတော်မြို့နယ်၊ ၇ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးအေးမောင်က တရားခွင်၌ ထွက်ဆိုခဲ့ကြောင်း သိရသည်။“ပုဒ်မ ၁၈ နဲ့ပတ်သက်လို့ ကျွန်မတို့ကို ရုံးထုတ်ခဲ့ပြီးပြီ။ အခုလေးလလောက် ကျွန်မတို့ကို ရုံးမထုတ်ခဲ့ဘူး။ ပုဒ်မ ၁၈ သည် ဥပဒေကို လိုရင်လိုသလိုလုပ်တဲ့ စနစ်ဖြစ်နေပါတယ်။ အခုဆိုရင် ပုဒ်မ ၁၈ နဲ့ ကျောင်းသားတွေကို အများကြီး စွဲထားတာရှိပါတယ်။ အထူးသဖြင့် အခု ကျွန်မတို့ထောင်ထဲမှာရှိနေတုန်း ထပ်ထုတ်တာဟာ ကျွန်မတို့ရဲ့စိတ်ဓာတ်တွေကို ကျသွားအောင် လုပ်သလိုဖြစ်ပါ တယ်။ ဒါပေမဲ့ ကျွန်မတို့ စိတ်ဓါတ်မကျပါဘူး”ဟု ဒေါ်နော်အုန်းလှက တရားရုံးချိန်းအပြီးတွင် ပြောကြားသည်။တတိယအကြိမ်မြောက် ရုံးချိန်းအား တရားသူကြီးက ဖေဖော်ဝါရီ ၁၈ ရက်သို့ ပြန်လည်ချိန်းဆိုခဲ့ကြောင်း သိရသည်။“ကျွန်တော်ကတော့ ကျွန်တော်တစ်ဦးတည်းအနေနဲ့ တရားသူကြီးကို လျှောက်လဲတင်ပြခဲ့ပါတယ်။ ကျွန်တော်သည် လက်ရှိတရားခွင်ကို ယုံကြည်စွာနဲ့ တရားဥပဒေစိုးမိုးမှု မှန်ကန်ဖြူစင်ဖြောင့်မတ်စွာ စီရင်လိမ့်မယ်လို့ ယုံကြည်ခြင်းမရှိဘူးဆိုတဲ့ အကြောင်း ကျွန်တော်တင်ပြခဲ့ပါတယ်”ဟု ကိုနေမျိုးဇင်က ပြောကြားခဲ့သည်။ ထို့အပြင် မှန်ကန်သည့် တရားစီရင်ရေးရရှိမှသာ ဆက်လက်စစ်ဆေးခံမည်ဖြစ်ကြောင်း ကိုနေမျိုးဇင်က ဆက်လက်ပြောကြားသည်။၎င်းတို့မှာ ပြီးခဲ့သည့် ၂၀၁၄ ခုနှစ် ဒီဇင်ဘာ ၂၉ ရက်တွင် လက်ပံတောင်းတောင် အကြမ်းဖက်မှု ၂၆ လပြည့်နှင့် တောင်သူဒေါ်ခင်ဝင်း သေနတ်မှန်သေဆုံးမှုအား အမှုမှန်ဖော်ထုတ်ပေးရေး၊ မြို့တော်ခန်းမရှေ့မှ တရုတ်သံရုံးရှေ့အထိ လမ်းလျှောက်ဆန္ဒပြခဲ့ကြပြီး လမ်းလျှောက်ဆန္ဒပြရာတွင် ကျောက်တံတားမြို့နယ်၊ လသာ မြို့နယ်၊ ပန်းဘဲတန်းမြို့နယ်၊ အလုံမြို့နယ် နှင့် ဒဂုံမြို့နယ်တို့အား ဖြတ်သန်းခဲ့သည်ဟုဆိုကာ သက်ဆိုင်ရာမြို့နယ်တရားရုံးများ၌ ပုဒ်မ ၃၅၃၊ ပုဒ်မ ၁၇၄၊ ပုဒ်မ ၅၀၅(ခ)၊ပုဒ်မ ၁၈တို့ဖြင့် တရားစွဲဆိုခံခဲ့ရကာ မြို့နယ်တရားရုံး အသီးသီးက အလုပ်နှင့်ထောင်ဒဏ် လေးနှစ်ရှစ်လကျော် ချမှတ်ထားသည်။ထိုသို့ လမ်းလျှောက်ဆန္ဒပြရာတွင် လမ်းမတော်မြို့နယ်အား ဖြတ်သန်းခဲ့သည်ဟုဆိုကာ ၎င်းတို့လေးဦးအား ပုဒ်မ ၁၈ ဖြင့် ယခုနှစ် ဇန်နဝါရီလ ထပ်မံတရားစွဲဆို ခံရခြင်းဖြစ်ကြောင်း စွပ်စွဲခံရသူများထံမှ သိရသည်။စွပ်စွဲခံရသူများအနက် ဦးဘမြင့်မှာ လက်ပံတောင်းတောင် စီမံကိန်းဖျက်သိမ်းပေးရေး ဆန္ဒပြတောင်းဆိုမှုဖြင့် မြို့နယ်တရားရုံးအသီးသီးက ထောင်ဒဏ် ၁၁ လ ကျခဲ့ရသူ တစ်ဦးဖြစ်ပြီး ဇန်နဝါရီလအတွင်းက လွှတ်ပေးခဲ့သည့် လွတ်ငြိမ်းချမ်းသာခွင့်တွင် ပါဝင်ခဲ့သူတစ်ဦးဖြစ်ပြီး ယခုစွဲဆိုသော အမှုတွင် အာမခံယူထားကြောင်း ၎င်း၏ပြောပြချက်အရ သိရသည်။ထို့အပြင် လက်ပံတောင်းတောင် ဒေသခံ ဒေါ်ခင်ဝင်း သေနတ်ထိမှန်သေဆုံးခဲ့မှု အမှုမှန် ပေါ်ပေါက်ရေး ဆန္ဒပြမှုကြောင့် ရန်ကုန်တိုင်းဒေသကြီး မြို့နယ်တရားရုံးအသီးသီးမှ ထောင်ဒဏ်ငါးနှစ်ကျော်အထိ ချမှတ်ခံထားရသည့် ဒေါ်နော်အုန်းလှကို ၂၀၁၄ ခုနှစ်အတွင်း ရှစ်လေးလုံး ၂၆ နှစ်ပြည့်အထိမ်း အမှတ်အဖြစ် တာမွေမြို့နယ်မှ ကျောက်တံတားမြို့နယ်အထိ လမ်းလျှောက်ဆန္ဒပြမှုကြောင့် လက်ရှိအချိန်တွင် ပုဒ်မ ၁၈ ဖြင့် တာမွေမြို့နယ်၊ မင်္ဂလာတောင်ညွန့်မြို့နယ် နှင့် ဗိုလ်တထောင်မြို့နယ်တရားရုံးတို့၌ တရားစွဲဆိုခံထားရကြောင်း သိရသည်။
ထောင်ဒဏ်များ ချမှတ်ခံထားရသည့် ဒေါ်နော်အုန်းလှ၊ ဦးနေမျိုးဇင်၊ ဦးဘမြင့်နှင့် ဦးသန်းဆွေတို့အား ပုဒ်မ ၁၈ ဖြင့် စွဲဆိုထားသောအမှုတွင် တရားလိုပြသက်သေအဖြစ် ရပ်ကွက်အုပ်ချုပ်ရေးမှူးတစ်ဦးအား စတင်စစ်ဆေး















