အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များအကြား အပစ် ရပ်ထားသည့် ဒေသများတွင် မိုင်းရှင်းလင်းပေးရန် ပြည်တွင်း၊ ပြည်ပ အဖွဲ့အစည်းများက စောင့်ဆိုင်းလျက်ရှိကြောင်း သတင်းရရှိသည်။
မိုင်းဒဏ်သင့် ပြည်သူများအား ကူညီထောက်ပံ့ရေး အဖွဲ့တစ်ခုဖြစ်သည့် ငြိမ်းချမ်း မြန်မာ ကူညီ ထောက်ပံ့ရေး ဖောင်ဒေးရှင်း ဥက္ကဋ္ဌ ဦးသန့်စင်က "အစိုးရက မိုင်းရှင်းဖို့ကိစ္စက အသေးစိတ်ကနေ သူတို့စိစစ်ကြရဦးမယ်။ ဘယ်နေရာတွေမှာ အရင်ဦးစားပေး လုပ်မလဲ။ ဘယ်အဖွဲ့တွေနဲ့ လုပ်မလဲဆိုတာတွေကို သူတို့ဆက်ပြီး အစည်းအဝေး လုပ်ကြရဦးမှာဆိုတော့ကျွန်တော်တို့က ဆက်ပြီး စောင့်နေကြရတယ်။ အခုအထိတော့ ဘယ်နေရာမှာမှ မိုင်းမရှင်းရသေးဘူး။ မစနိုင်သေးဘူး။ နိုင်ငံတကာက အဖွဲ့အစည်းတွေကလည်း စောင့်နေတယ်။ အဲဒီမှာ အစိုးရ အပြောင်းအလဲလည်း ဖြစ်လာတယ်ဆိုတော့ အစိုးရသစ်က လက်ခံမယ်။ လုပ်မယ်ဆိုတဲ့ ကတိကို အန်ကယ်တို့ ရထားတယ်။ မကြာခင် ဖြစ်မယ်လို့တော့ ကျွန်တော်တို့ မျှော်လင့်ရပါတယ်” ဟု ပြောကြားသည်။
အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ရှစ်ဖွဲ့တို့သည် ၂၀၁၅ အောက်တိုဘာတွင် အပစ်ရပ်စာချုပ် လက်မှတ်ရေးထိုးထားပြီး ဖြစ်သော်လည်း မြေမြှုပ်မိုင်း ရှင်းလင်းရေးနှင့် ပတ်သက်သည့် လှုပ်ရှားမှုများ လုပ်ဆောင်နိုင်ခြင်း မရှိသေးကြောင်း၊ မြေမြှုပ်မိုင်း ရှင်းလင်းရေးနှင့် ပတ်သက်ပြီး အကူအညီပေးရန် နိုင်ငံတကာ အဖွဲ့အစည်းများ မြန်မာနိုင်ငံတွင် ရုံးခန်းများ ဖွင့်လှစ်ထားပြီး ဖြစ်သော်လည်း အစိုးရ၏ ခွင့်ပြုချက် မရှိသေးသောကြောင့် လုပ်ငန်းများ ဆောင်ရွက်နိုင်ခြင်း မရှိသေးကြောင်း သိရသည်။
“အနောက်နိုင်ငံက မြေမြှုပ်မိုင်း ရှင်းလင်းရေး အဖွဲ့တွေထဲကမှ မြန်မာနိုင်ငံကို ရောက်နေတာ ခုနစ်ဖွဲ့လောက်ရှိတယ်။ သူတို့က ရှင်းခွင့်ရပြီဆိုတာနဲ့ ခွင့်ပြုချက်တင်ပြီးတော့ ရှင်းလို့ရတဲ့နယ်တွေမှာ ဝင်ရှင်းဖို့အဆင်သင့်ပဲ။ အဲဒီတော့ အဲဒီအဖွဲ့တွေ အားလုံးစုပြီးတော့ ရှင်းလိုက်မယ်ဆိုရင်တော့ ပိုပြီးတော့ မြန်မြန်ဆန်ဆန်နဲ့ကျယ်ကျယ်ပြန့်ပြန့်လေး ပြီးသွားမယ်ပေါ့။ သူတို့မပါဘဲနဲ့ အစိုးရက သူတို့တစ်ဖွဲ့တည်းနဲ့ လုပ်မယ်ဆိုရင်တော့ ဒီဟာအချိန်တွေ အများကြီးကြာသွားမယ်။ နှံ့နှံ့စပ်စပ်လည်း မဖြစ်နိုင်ဘူး။ မိုင်းရှင်းလင်းရေးနဲ့ ပတ်သက်လို့ရှိရင် အစိုးရက ဘာမှမပြောသေးဘူး။ အဲဒါကလည်း ဘာအကြောင်းကြောင့် ဆိုတာလည်း အန်ကယ်တို့ကလည်း ခန့်မှန်းရ ခက်တယ်ပေါ့။ မိုင်းရှင်းလင်းဖို့တချို့ အပစ်ရပ်ထားတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ဘက်က မကြာခဏ ပြောကြဆိုကြတယ်။ တောင်းဆိုကြတယ်ပေါ့။ သူတို့ ခေါင်းဆောင်ပိုင်းကလည်း ဒါကို လိုအပ်တယ်လို့ ပြောတာတွေတော့ ရှိတယ်။ သူတို့ဘက်က လုပ်ချင်လှပြီ။ ဘာကြောင့်ဆို နေရပ်ပြန်မယ့် ဒုက္ခသည်တွေက ရှိတယ်လေ"ဟု ဦးသန့်စင်က ဆက်လက်ပြောကြားသည်။
မြန်မာနိုင်ငံ၌ တိုင်းနှင့် ပြည်နယ် ၁၄ ခု အနက် ကချင်၊ ကယား၊ ကရင်၊ ရှမ်း၊ မွန်၊ တနင်္သာရီနှင့် ပဲခူးအရှေ့ခြမ်းတို့ရှိ မြို့နယ် ၄၅ ခု၌ မိုင်းပျံ့နှံ့မှု ရှိနေဆဲဖြစ်ကာ အဆိုပါ ဒေသများတွင် နေထိုင်လျက်ရှိသည့် ပြည်သူငါးသန်းခန့်မှာ မိုင်းအန္တရာယ် ရှိနေဆဲဖြစ်ကြောင်း မြန်မာနိုင်ငံ မြေမြှုပ်မိုင်းအန္တရာယ် ကင်းစင်ရေး ရှေ့ဆောင်အဖွဲ့မှ သိရသည်။လက်ရှိတွင် အစိုးရအနေဖြင့် မိုင်းအန္တ ရာယ်ရှိနေသည့် နေရာများတွင် နေထိုင်သူများကို ကြိုတင်ကာကွယ်သည့် အနေဖြင့် မိုင်းအန္တရာယ် ပညာပေးရှင်းလင်းပွဲများ ပြုလုပ်ရန်နှင့် မြေမြှုပ်မိုင်းကြောင့် ထိခိုက် ဒဏ်ရာရသူများကို ကူညီ ဖေးမပေးရန်သာ ခွင့်ပြု ထားကြောင်း သိရသည်။
တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးစာချုပ် (NCA) ချုပ်ဆိုပြီးနောက်ပိုင်း ပြန်လည်ထူထောင်ရေး ပထမအဆင့်ဖြစ်သည့် မိုင်းရှင်းလင်းရေးအတွက် မိုင်းရှင်းလင်းaရးဆိုင်ရာ မူကြမ်းတစ်ရပ်ကို နိုင်ငံတကာ မိုင်းသုတေသန ပညာရှင်နှင့် ပြည်တွင်းမှပညာရှင် ၄၀ ကျော်ဖြင့် ခြောက်လကျော်ကြာ ရေးဆွဲခဲ့ပြီး မိုင်းရှင်းလင်းရေး လုပ်ငန်းစဉ်များအတွက် လက်ရှိတွင် ပြင်ဆင်မှု အပိုင်းအနေဖြင့် အားလုံးရှိနေပြီးသားဖြစ်ကြောင်း၊ အဆိုပါ မူကြမ်းအား နိုင်ငံတော် အစိုးရ၊ တပ်မတော် နှင့် အခြားသက်ဆိုင်ရာ အဖွဲ့အစည်းများ၏ သဘောတူညီမှုများ ရရှိပါက စတင်နိုင်မည် ဖြစ်ကြောင်း မြန်မာနိုင်ငံ ငြိမ်းချမ်းရေး ပြန်လည် ထူထောင်ရေး ဗဟိုဌာန (Myanmar Peace Center) မှ သိရသည်။
သို့သော် NCA တွင် မြေမြှုပ်မိုင်းဆိုင်ရာ လုပ်ငန်းများ အကောင်အထည်ဖော်မှုနှင့် ပတ်သက်၍ ရှင်းလင်းသော လမ်းညွှန်ချက် မရှိကြောင်း မြေမြှုပ်မိုင်း aစာင့်ကြည့် လေ့လာရေးအဖွဲ့ LCM မြန်မာနိုင်ငံက ၂၀၁၅ နိုဝင်ဘာ ၂၅ ရက်က ထုတ်ပြန်ခဲ့သည့် အစီရင်ခံစာတွင် ထည့်သွင်း ဖော်ပြခဲ့ကြောင်း သိရသည်။
အစိုးရနှင့် လက်နက်ကိုင် တပ်ဖွဲ့များအကြား အပစ် ရပ်ထားသည့် ဒေသများတွင် မြေမြှုပ်မိုင်း ရှင်းလင်းပေးရန် ပြည်တွင်း၊ ပြည်ပ မိုင်းရှင်းလင်းရေး အဖွဲ့အစည်းများ စောင့်ဆိုင်းနေ















