လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနကို ပြည်ထဲရေးဝန်ကြီးဌာန အောက်သို့ ဦးစီးဌာနအဖြစ် ထည့်သွင်း ဖွဲ့စည်း ဆောင်ရွက်နိုင်ရေး နိုင်ငံတော်သမ္မတက ပြည်ထောင်စုလွှတ်တော်သို့ သဝဏ်လွှာ ပေးပို့ခဲ့ကြောင်း သတင်းရရှိသည်။
အဆိုပါကိစ္စနှင့် ပတ်သက်ပြီး နိုင်ငံတော်သမ္မတရုံးမှ ဇန်နဝါရီ ၂၂ ရက်နေ့ ရက်စွဲဖြင့် ပေးပို့ခြင်း ဖြစ်ကြောင်း၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနအား ပြည်ထဲရေးဝန်ကြီးဌာနအောက်သို့ ရွှေ့ပြောင်းကာ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာနအဖြစ် ထည့်သွင်း ဖွဲ့စည်းနိုင်ရေးအတွက် ပြည်ထောင်စု လွှတ်တော်နာယကထံသို့ သဝဏ်လွှာ ပေးပို့ခြင်း ဖြစ်ကြောင်း သိရသည်။
အထက်ပါကိစ္စနှင့် စပ်လျဉ်းကာ ပထမအကြိမ် ပြည်ထောင်စုလွှတ်တော်၏ လက်ရှိ အခြေအနေ အချိန်အခါအရ ဆောင်ရွက်ရန် သင့်မသင့်အား ဥပဒေကြမ်း ပူးပေါင်း ကော်မတီနှင့် လွှတ်တော်တွင်းရှိ နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ် ၁၈ ဦးတို့ ဇန်နဝါရီ ၂၆ ရက် မွန်းလွဲပိုင်းတွင် ဆွေးနွေးခဲ့ကြသည်။
အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါက်တာဗညားအောင်မိုးက “ဌာနဆိုင်ရာတွေ ပေါင်းစည်းဖို့ကို ကျွန်တော်တို့ ပြောခဲ့တာ နှစ်နှစ်လောက်ရှိနေပြီ။ ဌာနတွေ ပေါင်းစည်းဖို့ လျှော့ချဖို့အတွက် အရင်ကတည်းက ဆွေးနွေးခဲ့ပါတယ်။ ဒါပေမဲ့လည်း အဲဒါကို အစိုးရကရော၊ လွှတ်တော်ကရော လက်မခံခဲ့ဘူး။ မဆုံးဖြတ်နိုင်ခဲ့ကြဘူး။ အခုတော့ အစိုးရသက်တမ်းကုန်ခါနီး၊ လွှတ်တော် သက်တမ်းကုန်ခါနီး အချိန်ကပ်နေမှ လုပ်လာတယ်။ တစ်နည်းပြောရင် သက်တမ်းကုန်နေတဲ့ အစိုးရက ပြောင်းလဲ ဖွဲ့စည်းတယ်ဆိုတာ မလိုအပ်ဘူး ထင်ပါတယ်။ ဒီအချိန်မှာ လုပ်ဖို့လည်း မလိုအပ်ပါဘူး။ နောက်အစိုးရသစ်ရယ်၊ လွှတ်တော်သစ်ရယ်က လုပ်ရမယ့်ကိစ္စပဲ ဖြစ်တယ်။ အစိုးရသစ်က သူလုပ်ချင်ရင် လုပ်မယ်။ ပေါင်းချင်ရင်ပေါင်းမယ်။အစိုးရသစ် သဘောပဲ။ ကျွန်တော်တို့ အခုသွားလုပ်နေလည်း အလကားပဲ။ ဘယ်လိုအမြင်နဲ့ အခုအချိန်မှာ ဒီလိုလုပ်သလဲတော့ မသိဘူး။ ကျွန်တော့်အမြင်အရတော့ ဒါက မလိုအပ်ဘူး။ လက်ရှိအချိန်မှာ ဒီအစိုးရက ယာယီအစိုးရ ဖြစ်သွားပြီ။ အလုပ်အသစ်တွေ လုပ်စရာမလိုဘူး”ဟု မီဒီယာများအား ပြောကြားသည်။
ဝန်ကြီးဌာနနှစ်ခုအား ပေါင်းမည့်ကိစ္စနှင့် ပတ်သက်သည့် ဆွေးနွေးပွဲအား လွှတ်တော်ကိုယ်စားလှယ် ၁၈ ဦး တက်ရောက်ကြောင်း၊ ပူးပေါင်းသင့်သည်ဟု လွှတ်တော်ကိုယ်စားလှယ် ၁၂ ဦးက မူအရ လက်ခံသည်ဟု မှတ်ချက်ပြုကြောင်း၊ တစ်ဝက်ကျော် ထောက်ခံကြောင်း၊ လက်ရှိအခြေအနေတွင် ပေါင်းရန် မသင့်သေးကြောင်း၊ မလုပ်သင့်သေးကြောင်းကို ၁၁ ဦးက ထောက်ခံခဲ့ကြောင်း သိရသည်။
“အခုဆွေးနွေးပွဲမှာ ဆန္ဒယူတာကတော့ အဲဒီနှစ်မျိုးပဲ။ ပြည်ခိုင်ဖြိုး ကိုယ်စားလှယ်ကတော့ ပေါင်းသင့်တယ်။ အခုလုပ်သင့်တယ်ဆိုပြီး မှတ်ချက်ပြုတယ်။ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ကတော့ အခု မလုပ်သင့်သေးဘူးဆိုပြီး မှတ်ချက်ပြုတယ်။ကျွန်တော်ကတော့ အရင်ကတည်းက ဆွေးနွေးတင်ပြခဲ့တယ်။ ဝန်ကြီးဌာနတွေ ဖောင်းပွလွန်းတယ်။ ပေါင်းသင့်တာတွေ ပေါင်းရမယ်ဆိုတာ ဆွေးနွေးခဲ့ဖူးတယ်။ ဝန်ကြီး တွေများတယ်။ အသုံးစရိတ်တွေ များတယ် ဆိုတာ ဆွေးနွေးခဲ့ဖူးတယ်။ အခု ပေါင်းမယ်ဆိုတာကိုလည်း လက်ခံတယ်။ ဒါပေမဲ့ ဒီအချိန်မှာ မလုပ်သင့်သေးဘူး။ နောက်လာမယ့် အစိုးရနဲ့ နောက်လွှတ်တော်က လုပ်ရမယ့်ကိစ္စ ဖြစ်တယ်”ဟု ဒေါက်တာဗညားအောင်မိုးက ပြောကြားသည်။
လက်ရှိတွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး တာဝန်ကို ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ကိုကိုက ပူးတွဲ ထမ်းဆောင်လျက်ရှိသည်။
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်ရီက ၂၀၁၅ ရွေးကောက်ပွဲမတိုင်မီ ရာထူးမှ နုတ်ထွက် သွားသည့်အတွက် ပြည်ထဲရေးဝန်ကြီးက ပူးတွဲ တာဝန်ထမ်းဆောင်နေခြင်း ဖြစ်သည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ဒေါက်တာဇော်မြင့်မောင်က “ဒီနေ့ခေါင်းစဉ်က ပူးပေါင်းသင့် မသင့်ကို ဆွေးနွေးတာ။လွှတ်တော်နာယကကြီးကလည်း ဒါကိုပဲ ဆွေးနွေးခိုင်းတာ။ ဒါကြောင့် လက်ရှိအချိန်မှာ မသင့်သေးဘူးလို့ ပြောခဲ့တယ်။ ဒီနေ့ အချိန်အခါနဲ့ မသင့်ဘူးဆိုတာက လွှတ်တော် သက်တမ်းက သုံးရက်ပဲ ကျန်တော့တယ်”ဟု မီဒီယာများအား ပြောကြားသည်။
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနကို ပြည်ထဲရေးဝန်ကြီးဌာန အောက်သို့ ဦးစီးဌာနအဖြစ် ထည့်သွင်း ဖွဲ့စည်းဆောင်ရွက်နိုင်ရေး ပြည်ထောင်စု လွှတ်တော်သို့ သမ္မတ သဝဏ်လွှာပေးပို့















