ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ်၊ ကောင်းမှုကျေးရွာတွင် ခွဲထွက် DKBA တပ်ဖွဲ့နှင့် နယ်ခြားစောင့်တပ်ဖွဲ့ (BGF) တို့ ဇန်နဝါရီ ၂၃ ရက် ည ၁၀ နာရီခန့်က ထိပ်တိုက်ပစ်ခတ်မှု ဖြစ်ပွားပြီးနောက် မြဝတီမြို့ ဝင်ထွက် လမ်းကြောင်းများ၌ လုံခြုံရေး ပိုမိုတင်းကျပ်စွာ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ကရင် ပြည်နယ်၊ နယ်ခြားစောင့်တပ်မှ လုံခြုံရေး ဆောင်ရွက်နေသည့် အရာရှိ တစ်ဦးက အကြောင်းတစ်စုံတစ်ရာ ဖြစ်ပေါ်လာလျှင် အဆင်သင့် ဖြစ်စေရန် အသင့်အနေအထား ဆောင်ရွက်ထားသည်ဟု ဆိုသည်၊၊DKBA မှ တပ်စွဲခဲ့သော ကောင်းမှုကျေးရွာတွင် ယခုအခါ BGF တပ်မှာ လုံခြုံရေး ရယူထားသည့်နေရာ၌ ၄၅ မိနစ်ကြာ တိုက်ပွဲဖြစ်ပွားခဲ့ခြင်းကြောင့် BGF မှ ကားတစ်စီး ပျက်စီးပြီး၊ အသစ်ဖွဲ့စည်းသည့် DKBA ဘက်မှ သုံးဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ကောင်းမှုကျေးရွာတွင် အသစ်ပြန်လည် ဖွဲ့စည်းလိုက်သည့် တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မတော် (DKBA) မှ အင်အား ၄၀ ခန့်နှင့် အမှတ် ၁၀၁၇ နယ်ခြားစောင့်တပ်ဖွဲ့ဝင်များ တိုက်ပွဲဖြစ်ပွားမှုကြောင့် ရွာသားတစ်ဦး ဒဏ်ရာရှိခဲ့ကြောင်း သိရသည်။ယခင် က DKBA မှ ဗိုလ်မှူးချုပ် ကျော်သက်တပ်စွဲခဲ့သော ကောင်းမှုကျေးရွာ၌ တပ်စွဲထားသည့် နယ်ခြားစောင့်တပ်ဖွဲ့အား ခွဲထွက် DKBA အဖွဲ့က သွားရောက်တိုက်ခိုက်ခဲ့ခြင်းကြောင့် ယခုအခါ မြဝတီ နယ်စပ်မြို့အား လုံခြုံရေးတိုးမြှင် ေဆောင်ရွက်ထားကြောင်း သိရသည်။ယခု ဖြစ်ပွားခဲ့သော ထိပ်တိုက်တွေ့ဆုံမှုသည် ခွဲထွက် DKBA များဖြင့် အသစ်ဖွဲ့စည်းသည့် တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော် (DKBA) ကို ပြန်လည် ဖွဲ့စည်းလိုက်ပြီးနောက် ပထမဆုံး ဖြစ်ပွားခြင်း ဖြစ်သည်။
ကော့ကရိတ်မြို့နယ် ကောင်းမှုကျေးရွာတွင် ခွဲထွက် DKBA များဖြင့် ဖွဲ့စည်းထားသည့် ကရင်အမျိုးသား တပ်မတော်နှင့် BGF တပ် ပစ်ခတ်မှု ဖြစ်ပွားပြီးနောက် မြဝတီ ဝင်ထွက်လမ်းများ၌ လုံခြုံရေး တင်းကျပ်















