လာမည့်ဘဏ္ဍာနှစ်၌ သုံးစွဲရန် လျာထားသည့် ကျပ်ဘီလျံ ၂၁၃၇၀ တွင် ကာကွယ်ရေး ၁၃ ရာခိုင်နှုန်းကျော်၊ ကျန်းမာရေးနှင့် ပညာရေးကဏ္ဍ နှစ်ရပ်ပေါင်း ၁၁ ရာခိုင်နှုန်း နီးပါးပါဝင်သည့် ၂၀၁၆ ခုနှစ် ပြည်ထောင်စု၏ ဘဏ္ဍာငွေ အရအသုံးဆိုင်ရာ ဥပဒေကြမ်း ပြည်ထောင်စုလွှတ်တော်သို့ တင်သွင်း
၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု၏ ဘဏ္ဍာငွေ အရအသုံး ခန့်မှန်းခြေ ငွေစာရင်း၊ ၂၀၁၆ ခုနှစ် ပြည်ထောင်စု၏ ဘဏ္ဍာငွေ အရအသုံးဆိုင်ရာ ဥပဒေကြမ်းတို့နှင့် စပ်လျဉ်း၍ ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်က ဒီဇင်ဘာ ၂၂ ရက်တွင် ပြည်ထောင်စု လွှတ်တော်သို့ ရှင်းလင်းတင်ပြခဲ့သည်။
ဘဏ္ဍာရေးဝန်ကြီး၏ ရှင်းလင်းတင်ပြချက်အရ ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်တွင် ပြည်ထောင်စု၏ အရအသုံး ခန့်မှန်းခြေငွေစာရင်း၌ ရငွေကျပ်ဘီလျံ ၁၇၄၄၈ ဒသမ ၆၉၀ ရရှိရန်နှင့် ကျပ်ဘီလျံ ၂၁၃၇၀ ဒသမ ၉၆၄ သုံးစွဲရန် လျာထားကြောင်းနှင့် ကျပ်ဘီလျံ ၃၉၂၂ ဒသမ ၂၇၄ လိုငွေ ဖြစ်ပေါ်မည်ဟု ခန့်မှန်းထားကြောင်း သိရသည်။
ခန့်မှန်းခြေ ငွေစာရင်းအရ ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ် ရငွေပိုင်းတွင် မူလခန့်မှန်းခြေ ငွေစာရင်း၏ ပြည်ပအကူအညီရငွေ၊ ချေးယူရငွေ အပါအဝင် စုစုပေါင်းရငွေ ကျပ် ၁၇၄၄၈ ဒသမ ၆၉၀ ဘီလျံတွင် ဗဟိုအဖွဲ့အစည်းများ၏ ရငွေကျပ် ၂ ဒသမ ၉၉၇ ဘီလျံ၊ ဝန်ကြီးဌာနများ၏ ရငွေကျပ် ၁၅၇၄၃ ဒသမ ၈၄၆ ဘီလျံ၊ မြန်မာနိုင်ငံတော် ဗဟိုဘဏ်၏ ရငွေ ကျပ် ၄၃၅ ဒသမ ၀၅၂ ဘီလျံ၊ တပ်မြို့ စည်ပင်သာယာရေး အဖွဲ့များ၏ ရငွေကျပ် ၁ ဒသမ ၁၂၅ ဘီလျံ၊ နေပြည်တော်ကောင်စီ၏ ရငွေ ကျပ် ၀ ဒသမ ၀၂၂ ဘီလျံ၊ နေပြည်တော် စည်ပင်သာယာရေးကော်မတီ၏ ရငွေ ကျပ် ၄၄ ဒသမ ၄၃၂ ဘီလျံနှင့် ပြည်ထောင်စု ဘဏ္ဍာရန်ပုံငွေ အစီအစဉ်ပြင်ပမှ ဆောင်ရွက်သော နိုင်ငံပိုင်စီးပွားရေး အဖွဲ့အစည်းများ၏ ရငွေ ၁၁၇၂ ဒသမ ၀၁၈ ဘီလျံနှင့် လူမှုဖူလုံရေးအဖွဲ့၏ ရငွေ ကျပ် ၄၉ ဒသမ ၁၉၈ ဘီလျံတို့ ဖြစ်ကြောင်း ဘဏ္ဍာရေးဝန်ကြီး၏ ပြောကြားချက်အရ သိရသည်။
ထို့အတူ သုံးငွေကဏ္ဍတွင် မူလခန့်မှန်းခြေ ငွေစာရင်း၏ ပြည်ပ အကူအညီရငွေ၊ ချေးယူ ရငွေ အပါအဝင် စုစုပေါင်းသုံးငွေ ကျပ် ၂၁၃၇၀ ဒသမ ၉၆၄ ဘီလျံတွင် ဗဟိုအဖွဲ့အစည်းများ၏ သုံးငွေ ကျပ် ၉၄ ဒသမ ၂၄၁ ဘီလျံ၊ ဝန်ကြီးဌာနများ၏ သုံးငွေ ကျပ် ၁၉၇၃၈ ဒသမ ၉၅၇ ဘီလျံ၊ မြန်မာနိုင်ငံတော် ဗဟိုဘဏ်၏ သုံးငွေ ကျပ် ၃၀၈ ဒသမ ၃၅၇ ဘီလျံ၊ တပ်မြို့ စည်ပင်သာယာရေး အဖွဲ့များ၏ သုံးငွေ ကျပ် ၁ ဒသမ ၁၅၃ ဘီလျံ၊ နေပြည်တော်ကောင်စီ၏ သုံးငွေကျပ် ၁၁ ဒသမ ၅၉၇ ဘီလျံ၊ နေပြည်တော် စည်ပင်သာယာရေး ကော်မတီ၏ သုံးငွေ ကျပ် ၄၄ ဒသမ ၄၂၄ ဘီလျံ၊ ပြည်ထောင်စု ဘဏ္ဍာငွေပြင်ပမှ ဆောင်ရွက်သော နိုင်ငံပိုင် စီးပွားရေးအဖွဲ့အစည်းများ၏ သုံးငွေကျပ် ၁၁၅၇ ဒသမ ၇၈၃ ဘီလျံနှင့် လူမှုဖူလုံရေးအဖွဲ့၏ သုံးငွေကျပ် ၁၄ ဒသမ ၄၅၂ ဘီလျံတို့ ပါဝင်ကြောင်း သိရသည်။
၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု အဆင့်ဌာန အဖွဲ့အစည်းများ၏ စုစုပေါင်းသုံးငွေ ကျပ်သန်း ၁၉၇၃၈၉၅၆ ဒသမ ၈၄၉ (၁၉၇၃၈ ဒသမ ၉၅၇ ဘီလျံ)တွင် ဘဏ္ဍာရေးဝန်ကြီးဌာနက ကျပ်သန်း ၄၂၂၀၂၅၁ ဒသမ ၉၃၄ ဖြင့် ပြည်ထောင်စု အဆင့်ဌာန အဖွဲ့အစည်းများ၏ စုစုပေါင်း အသုံးစရိတ်၏ ၁၉ ဒသမ ၇၅ ရာခိုင်နှုန်းဖြင့် အများဆုံး သုံးစွဲမည်ဟု လျာထားပြီး ဒုတိယအများဆုံးအဖြစ် ကာကွယ်ရေးဝန်ကြီးဌာနက ကျပ်သန်း၂၈၇၆၄၆၉ ဒသမ ၉၇၉ ဖြင့် ၁၃ ဒသမ ၄၆ ရာခိုင်နှုန်း သုံးစွဲရန် လျာထားကြောင်း သိရသည်။
ဝန်ကြီးဌာနများ၏ အသုံးစရိတ်တွင် ပညာရေးဝန်ကြီးဌာနက ကျပ်သန်း ၁၅၀-၁၈၅၄ ဒသမ ၄၄၈ စုစုပေါင်း အသုံးစရိတ်၏ ၇ ဒသမ ၀၂ ရာခိုင်နှုန်းနှင့် ကျန်းမာရေးဝန်ကြီးဌာနက ကျပ်သန်း ၈၃၁၀၅၂ ဒသမ ၃၀၈ ဖြင့် ၃ ဒသမ ၈၉ ရာခိုင်နှုန်း သုံးစွဲရန် လျာထားကြောင်း ဘဏ္ဍာရေးဝန်ကြီး၏ ပြည်ထောင်စု လွှတ်တော်သို့ ရှင်းလင်းတင်ပြချက်အရ သိရသည်။
၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်အတွက် တိုင်းဒေသကြီး/ပြည်နယ်အဆင့်ဌာန အဖွဲ့အစည်းများ၏ အရအသုံး ခန့်မှန်းခြေ ငွေစာရင်းတွင် ရငွေကျပ် ၅၆၁ ဒသမ ၅၁၂ ဘီလျံနှင့် သုံးငွေ ၂၂၄၉ ဒသမ ၇၃၁ ဘီလျံဖြစ်ပြီး ကျပ် ၁၆၈၈ ဒသမ ၂၁၉ ဘီလျံ လိုငွေ ဖြစ်ပေါ်ခဲ့ကြောင်းနှင့် အဆိုပါလိုငွေကို ပြည်ထောင်စု ဘဏ္ဍာငွေရန်ပုံငွေမှ ထောက်ပံ့ငွေအဖြစ် ဖြည့်ဆည်းပေးထားကြောင်း ဘဏ္ဍာရေးဝန်ကြီး ဦးဝင်းရှိန်က ပြောကြားသည်။
ထို့ကြောင့် ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်အတွက် နိုင်ငံတော်တစ်ခုလုံး၏ အရအသုံး အခြေအနေမှာ ပြည်ထောင်စုနှင့် တိုင်းဒေသကြီး/ပြည်နယ်တို့၏ စုစုပေါင်းရငွေ ၁၉၆၉၈ ဒသမ ၄၂၁ ဘီလျံနှင့် သုံးငွေ ၂၃၆၂၀ ဒသမ ၆၉၅ ဘီလျံဖြစ်ကာ ကျပ် ၃၉၂၂ ဒသမ ၂၇၄ ဘီလျံ လိုငွေ ဖြစ်ပေါ်မည်ဖြစ်ပြီး၊ ဂျီဒီပီတန်ဖိုးမှာ ၈၄၁၂၈ ဒသမ ၁၂၇ ဘီလျံ ဖြစ်ကြောင်းနှင့် လိုငွေနှင့် ဂျီဒီပီအချိုးမှာ ၄ ဒသမ ၆၆ ရာခိုင်နှုန်း ဖြစ်ကြောင်း သိရသည်။
၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ် ဘဏ္ဍာငွေ အရအသုံးဆိုင်ရာ ဥပဒေအရ ကာကွယ်ရေးတွင် ၁၃ ဒသမ ၃၄ ရာခိုင်နှုန်း၊ ပညာရေးတွင် ၆ ဒသမ ၇၉ ရာခိုင်နှုန်း၊ ကျန်းမာရေးတွင် ၃ ဒသမ ၆၅ ရာခိုင်နှုန်းတို့ ဖြစ်ကြောင်း သိရသည်။ ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်၌ ကာကွယ်ရေးတွင် ၁၂ ဒသမ ၄၆ ရာခိုင်နှုန်း၊ ပညာရေးတွင် ၆ ဒသမ ၀၃ ရာခိုင်နှုန်း၊ ကျန်းမာရေးတွင် ၃ ဒသမ ၄၆ ရာခိုင်နှုန်းတို့ ဖြစ်ကြောင်း သိရသည်။ ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်၌ ကာကွယ်ရေးတွင် ၁၃ ဒသမ ၉၁ ရာခိုင်နှုန်း၊ ပညာရေးတွင် ၅ ဒသမ ၆၇ ရာခိုင်နှုန်း၊ ကျန်းမာရေးတွင် ၃ ဒသမ ၀၉ ရာခိုင်နှုန်းတို့ ဖြစ်ကြောင်း သိရသည်။ ၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ်၌ ကာကွယ်ရေးတွင် ၁၆ ဒသမ ၄၆ ရာခိုင်နှုန်း၊ ပညာရေးတွင် ၅ ဒသမ ၆၂ ရာခိုင် နှုန်း၊ ကျန်းမာရေးတွင် ၂ ဒသမ ၈၄ ရာခိုင်နှုန်းတို့ ဖြစ်ကြောင်း သိရသည်။
လာမည့်ဘဏ္ဍာနှစ်၌ သုံးစွဲရန် လျာထားသည့် ကျပ်ဘီလျံ ၂၁၃၇၀ တွင် ကာကွယ်ရေး ၁၃ ရာခိုင်နှုန်းကျော်၊ ကျန်းမာရေးနှင့် ပညာရေးကဏ္ဍ နှစ်ရပ်ပေါင်း ၁၁ ရာခိုင်နှုန်း















