ဒဂုံဆိပ်ကမ်းတွင် လင်မယားနှစ်ဦး၏ ဆိုင်ကယ်ကိုလုပြီး ဇနီးဖြစ်သူအား အဓမ္မပြုကျင့်ရန် အားထုတ်ခဲ့သည့် အမျိုးသားနှစ်ဦးကို လှည့်ကင်းရဲများက ဖမ်းဆီး

ဒဂုံဆိပ်ကမ်းတွင် လင်မယားနှစ်ဦး၏ ဆိုင်ကယ်ကိုလုပြီး ဇနီးဖြစ်သူအား အဓမ္မပြုကျင့်ရန် အားထုတ်ခဲ့သည့် အမျိုးသားနှစ်ဦးကို လှည့်ကင်းရဲများက ဖမ်းဆီး
Published 21 December 2015

ဒဂုံဆိပ်ကမ်းမြို့နယ်တွင် လင်မယားနှစ်ဦး၏ ဆိုင်ကယ်ကို လုယူပြီး ဇနီးဖြစ်သူအား အဓမ္မပြုကျင့်ရန် အားထုတ်ခဲ့သည့် အမျိုးသားနှစ်ဦးကို လှည့်ကင်းရဲတပ်ဖွဲ့ဝင်များက ဖမ်းဆီးရမိခဲ့ကြောင်း ရန်ကုန်တိုင်း ရဲတပ်ဖွဲ့မှ သိရသည်။
ဖြစ်စဉ်မှာ ဒဂုံဆိပ်ကမ်းမြို့နယ်နေ  ကို--- သည် ဇနီးဖြစ်သူနှင့်အတူ ဒီဇင်ဘာ ၂၀ ရက် နံနက်၂ နာရီခန့်က အလုပ်မှနေ အိမ်သို့ ဆိုင်ကယ်ဖြင့် ပြန်လာစဉ် ဒဂုံဆိပ်ကမ်းမြို့နယ် ၈၉ ရပ်ကွက် နတ်စင်လမ်းသို့ အရောက်တွင်  မျက်နှာချင်းဆိုင်မှ ဆိုင်ကယ်တစ်စီးဖြင့် အမျိုးသားနှစ်ဦး ရောက်ရှိလာပြီး ဆိုင်ကယ်အား ရပ်တန့်ခိုင်းခဲ့ကြောင်း၊ ထိုသို့ ရပ်တန့်ခိုင်းသဖြင့် ရပ်ပေးစဉ် ၎င်းအမျိုးသားနှစ်ဦးမှ စစ်ဆေးစရာရှိသဖြင့် လိုက်ခဲ့ ရန်ပြောဆိုပြီး ၎င်းင်းနှင့်ဇနီးဖြစ်သူ၏ လက်များအား ချည်နှောင်ခဲ့သည်။ ထို့နောက် အနီးရှိ မြေကွက်လပ်သို့ ခေါ်ဆောင်သွားကာ ၎င်းအမျိုးသားနှစ်ဦးအနက် တစ်ဦးက ဇနီးဖြစ်သူအား သားမယားအဖြစ် ပြုကျင့်ရန် အားထုတ်နေပြီး ကျန်တစ်ဦးမှ ဇနီးဖြစ်သူ ဝတ်ဆင်ထားသော ရွှေနားကပ်အား ချွတ်ယူနေစဉ် လှည့်ကင်းရဲတပ်ဖွဲ့ဝင်များ ရောက်ရှိလာပြီး ထိုအမျိုးသားနှစ်ဦးအနက် တစ်ဦးကို ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ဖမ်းဆီးရမိသူမှာ ကြည့်မြင်တိုင်မြို့နယ် နေ ဇော်မင်းဦးဆိုသူဖြစ်ကြောင်း သိရပြီး ထွက်ပြေးတိမ်းရှောင်သွားသူမှာ ကျီစု (စုံစမ်းဆဲ) ဖြစ်ကြောင်းသိရသည်ဟု ရဲတပ်ဖွဲ့ က သတင်းထုတ်ပြန်သည်။
ကျူးလွန်သည့် ဇော်မင်းဦး အပါအဝင် နှစ်ဦးအား ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့မရဲစ ခန်းတွင် ပြစ်မှုပုဒ်မ ၃၇၆/ ၅၁၁/၃၄၂ ဖြင့် အမှုဖွင့်ကာ ထွက်ပြေးနေသူ ကျီစုအား ဖမ်းဆီးရမိရေး ဆောင်ရွက်လျှက်ရှိသည်။