စတော့အိတ်ချိန်း စာရင်းဝင်ခွင့်ရ ကုမ္ပဏီအချို့၏ ဖြစ်ပေါ်နေသော ရှယ်ယာဈေးများမှာ စနစ်တကျ တွက်ချက်ပြီး တန်ဖိုးသင့်ထားခြင်း မဟုတ်သေးကြောင်း KBZ Stirlin Coleman တာဝန်ရှိသူ ပြောကြား

စတော့အိတ်ချိန်း စာရင်းဝင်ခွင့်ရ ကုမ္ပဏီအချို့၏ ဖြစ်ပေါ်နေသော ရှယ်ယာဈေးများမှာ စနစ်တကျ တွက်ချက်ပြီး တန်ဖိုးသင့်ထားခြင်း မဟုတ်သေးကြောင်း KBZ Stirlin Coleman တာဝန်ရှိသူ ပြောကြား
Published 17 December 2015
ဇော်ဝေ

စတော့အိတ်ချိန်း စာရင်းဝင်ခွင့်ရ ကုမ္ပဏီအချို့၏ ဖြစ်ပေါ်နေသော ရှယ်ယာ ဈေးနှုန်းများမှာ စနစ်တကျ တွက်ချက် တန်ဖိုးသင့်ထားခြင်း မဟုတ်သေးကြောင်း KBZ  Stirlin Coleman မှ ဒါရိုက်တာ ဦးဇော်လင်းအောင် က ပြောကြားသည်။
KBZ  Stirlin Coleman စာနယ်ဇင်း မိတ်ဆက် အခမ်းအနားတွင် ဦးဇော်လင်းအောင်က ပြောကြားခြင်းဖြစ်သည်။
“ကျွန်တော်တို့ Underwriting Business သဘောတရားက ရှယ်ယာ ထုတ်ရောင်းပြီးသား အများပိုင် ကုမ္ပဏီတွေရှိပါတယ်။ စတော့အိတ်ချိန်း ဖွင့်ပြီးတဲ့အချိန်မှာ အစောက ပြောသလိုတွေလည်း ကျွန်တော်တို့ ကြားနေပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့မှာ တကယ်တမ်း Underwrite လုပ်ရတယ်ဆိုတဲ့ အချိန်မှာ ဒီရန်ကုန် စတော့အိတ်ချိန်းက ချမှတ်ထားတဲ့ Listing Requirement တွေရှိပါတယ်။ ဒီ Public Listed ကုမ္ပဏီတစ်ခု Listing Requirement တွေ ပြည့်မီဖို့လိုပါတယ်။ ပြည့်မီပြီးချိန်မှာ ကျွန်တော်တို့အနေနဲ့ Due Deligence တွေ Valuation လုပ်ပါတယ်။ ကျွန်တော်တို့မှာ Best Practice တွေရှိပါတယ်။ ကျွန်တော်တို့ အမြဲတမ်း ပြောပါတယ်။ သူတို့ ဒီကနေ့ Value ဘယ်လောက်ရှိသလဲ။ နောက် ငါးနှစ်၊ နောက် ၁၀ နဲ့ နောက် ၁၅ နှစ်မှာ သူတို့ မြတ်နိုင်တဲ့ဟာနဲ့ သူတို့ဒီကနေ Value ဘယ်လောက် ရှိသလဲဆိုတာကို ယူပြီးတော့မှ တွက်ရပါတယ်။ တွက်ပြီးတော့မှ ထုတ်ရောင်းထားတဲ့ ရှယ်ယာ အရေအတွက်နဲ့ စားလိုက်တော့မှ တစ်ရှယ်ယာရဲ့ တန်ဖိုးရပါတယ်။ ကျွန်တော် ခုနက ပြောတဲ့ ရှယ်ယာတက်တယ်။ ကျတယ်ဆိုတာ အခုချိန်မှာ Underwriter တွေအနေနဲ့ သူတို့ရဲ့ ခုနကပြောတဲ့ Specific ကုမ္ပဏီတစ်ခုရဲ့ Valuation တွေ Underwriter တွေက မလုပ်ရသေးပါဘူး။ သူတို့ဘာသာ ပြင်ဆင်ထားတာတော့ ရှိမှာပေါ့။ အဲဒီတော့ Underwriter လိုင်စင်ရတဲ့သူတွေက သူရဲ့  Process ထဲက တစ်ခုဖြစ်တဲ့ Valuation လုပ်ပြီးတော့မှသာ သူရဲ့ အဲဒီကုမ္ပဏီရဲ့ ရှယ်ယာတစ်စောင်ရဲ့ တန်ဖိုးက ထွက်လာမှာပါ။ ဒါကြောင့် အခုတက်နေတယ်။ ကျနေတယ် ဆိုတာနဲ့ ပတ်သက်ပြီးတော့ ကျွန်တော်အနေနဲ့ အဲဒီ ကုမ္ပဏီရဲ့ တက်နေတယ် ကျနေတယ် ဆိုတာနဲ့ ပတ်သက်ပြီးတော့ ဘာမှ Comment လို့မရပါဘူး”ဟု ဒါရိုက်တာ ဦးဇော်လင်းအောင်က ပြောကြားသည်။
ရန်ကုန်စတော့အိတ်ချိန်း (YSX)ကို ဒီဇင်ဘာ ၉ ရက်တွင် စတင်ဖွင့်လှစ်ခဲ့ပြီး မြန်မာသီလဝါ အများပိုင် ကုမ္ပဏီ (MTSX)၊   မြန်မာလယ်ယာစီးပွား အများပိုင်ကုမ္ပဏီ (MAPCO)၊ မြန်မာနိုင်ငံသားများဘဏ်၊ ပထမပုဂ္ဂလိကဘဏ်၊ FMI နှင့် Great Hor Kam Public ကုမ္ပဏီတို့ စားရင်းဝင် ကုမ္ပဏီများ ပထမဆုံးအကြိမ်တွင် စာရင်းတင် ရောင်းချခွင့်ရသည့် ကုမ္ပဏီများအဖြစ် ပါဝင်လာမည်ဖြစ်ပြီး ၂၀၁၆ ခုနှစ် မတ် အစောပိုင်းတွင် စတော့ရှယ်ယာဈေးကွက်၌ ရောင်းချမည် ဖြစ်ကြောင်း သိရသည်။
စတော့အိတ်ချိန်း စာရင်းဝင် ကုမ္ပဏီအချို့၏ ရှယ်ယာဈေးနှုန်းမှာ ယခုရက်ပိုင်းများတွင် မြင့်တက်မှုများ ရှိနေကြောင်းလည်း သိရသည်။
၂၀၁၃ ခုနှစ် ငွေချေး သက်သေခံ လက်မှတ်ရောင်းဝယ်ရေး ဥပဒေအရ သတ်မှတ်ထားသည့် ငွေချေးသက်သေခံ လက်မှတ်ရောင်းဝယ်ရေး လုပ်ငန်းများမှ တစ်ဆင့်သာ ရှယ်ယာများကို ထုတ်ရောင်းနိုင်မည်ဖြစ်ပြီး ရန်ကုန်စတော့အိတ်ချိန်း ဖွင့်လှစ်ပြီး အများပိုင် ကုမ္ပဏီတိုင်းသည် စာရင်းဝင်မှသာ ထုတ်ရောင်းခွင့် ရရှိမည်ဖြစ်ကြောင်းလည်း ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ မောင်မောင်သိမ်းက ပြောကြားထားသည်။

Most Read

Most Recent