ဒေါ်အောင်ဆန်းစုကြည်၏ ဓာတ်ပုံအား ညစ်ညမ်းပုံသဖွယ် ပြုပြင်၍ Facebook ပေါ်တွင်တင်ခဲ့သည့် ပြည်ခိုင်ဖြိုးပါတီမှ မြို့နယ်တွဲဖက်အတွင်းရေးမှူးအား ဒုတိယအကြိမ် ရုံးထုတ်

ဒေါ်အောင်ဆန်းစုကြည်၏ ဓာတ်ပုံအား ညစ်ညမ်းပုံသဖွယ် ပြုပြင်၍ Facebook ပေါ်တွင်တင်ခဲ့သည့် ပြည်ခိုင်ဖြိုးပါတီမှ မြို့နယ်တွဲဖက်အတွင်းရေးမှူးအား ဒုတိယအကြိမ် ရုံးထုတ်
Published 15 December 2015
နီလာစိုး(ပုသိမ်)

ဒေါ်အောင်ဆန်းစုကြည်၏ ဓာတ်ပုံအား ညစ်ညမ်းပုံသဖွယ် ပြြုပင်၍ Facebook ပေါ် တွင်တင်ခဲ့သည့် ပြည်ခိုင်ဖြိုးပါတီမှ မြို့နယ် တွဲဖက်အတွင်းရေးမှူးအား ဒီဇင်ဘာ  ၁၄ ရက် က ဒုတိအကြိမ် ရုံးထုတ်ခဲ့ကြောင်း သတင်းရရှိသည်။
 
အဆိုပါရုံးချိန်းတွင် တရားလို ဦးစည်သူအောင်အား စစ်ဆေးရာ ပါတီခေါင်းဆောင်လည်းဖြစ် လူထုခေါင်းဆောင်လည်းဖြစ်သော ဒေါ်အောင်ဆန်းစုကြည်အား Thu Thu အကောင့်ဖြင့် ဂုဏ်သိက္ခာကျဆင်းအောင် လုပ်ခဲ့ကြောင်း၊ အဆိုပါကိစ္စနှင့် စပ်လျဉ်း၍ ကော်မရှင်ဥက္ကဋ္ဌ ဦးရွှေအေးရှေ့တွင် စွပ်စွဲခံရသူမှ ဝန်ခံခဲ့ကြောင်း၊ မီဒီယာနှင့် အများရှေ့တွင် မတောင်းပန်နိုင်ကြောင်း၊ တောင်းပန်မည်ဆိုပါက အထက်သို့ တင်ပြရမည်ဖြစ်ကြောင်း ပြောကြားခဲ့သဖြင့် ယခုကဲ့သို့ စွဲဆိုရခြင်းဖြစ်ကြောင်း ထွက်ဆိုခဲ့သည်၊။
 
“အခုချိန်မှာတော့ အမှုကို ဘာမှ မသုံးသပ်ချင်သေးဘူး။ ဒီအမှုကို တရားရုံးမှာစွဲတင်ဖို့ကို အဆင့်ဆင့် ကြာမြင့်ခဲ့တာတွေရှိခဲ့တယ်။ အမှုရဲ့ကြာမြင့်ချိန်မှာ Thu Thu အကောင့်ကို ဖျက်ပြီး Zin Lay ဆိုသည့် အကောင့်ကို သုံးတယ်လို့ လုပ်နိုင်တာပဲ။ ဒီတော့ သူတို့တင်ပြတဲ့ ဖုန်းနံပါတ်တွေနဲ့ ပထမအကောင့်နဲ့ ပတ်သက်ပြီးတော့ရယ် နည်းပညာရှင်တွေ Facebook ကုမ္ပဏီနဲ့ ချိတ်ဆက်အကူအညီယူပြီး ဆက်လက် လုပ်ဆောင်သွားမယ်”ဟု တရားလို၏ အကျိုးဆောင် တရားလွှတ်တော်ချုပ် ရှေ့နေဒေါ်မြင့်သိန်းက ပြောကြားသည်။
 
ရုံးချိန်းတွင် မွန်းလွဲ ၁ နာရီမှ စတင်စစ်ဆေးခဲ့ပြီး ညနေ ၃ နာရီ ၁၅ မိနစ်တွင် ခေတ္တနားခဲ့ကြောင်း၊ အခြားအမှုများလည်း ရှိနေပြီး ရုံးချိန်ကျော်လွန်ခဲ့သောကြောင့် ဒီဇင်ဘာ ၂၁ ရက်သို့ ပြန်လည်ချိန်းဆိုခဲ့ကာ အဆိုပါရုံးချိန်းတွင် တရားလိုအား စွပ်စွဲခံရသူ၏ တစ်ဖက်ရှေ့နေမှ ပြန်လှန်မေးခွန်းများ စစ်မေးမည်ဖြစ်ကြောင်း သိရသည်။ 
 
Thu Thu အကောင့်ဖြင့် ဒေါ်အောင်ဆန်းစုကြည်ဓါတ်ပုံတွင် အီလက်ထရွန်နစ် နည်းပညာသုံး ပြုပြင်ထားသည့်  ဝတ်လစ်စလစ် မဖွယ်မရာဓါတ်ပုံပေါ်၌ “မိုက်တယ်” “အလှအပ ဗန်းပြပြီးတကယ် ငါဘဝပျက်အောင် ပြုစားရက်တယ်” “၂၀၁၅ ပြိုင်ပွဲဝင်မယ့် Model Su” စာတန်းများပါသည့် ဓါတ်ပုံ နှင့် ဦးသန်းထွန်း၏ဓါတ်ပုံတို့ကို သက်သေခံပစ္စည်းများအဖြစ် မှတ်တမ်းတင်ပြီး စွပ်စွဲခံရသူ ဦးသန်းထွန်းအား ပြစ်မှုအမှတ် ၁၅၇/၂၀၁၅ ပြစ်မှုဥပဒေပုဒ်မ-၆(ဃ) ဖြင့် အရေးယူဆောင်ရွက်ပေးပါရန် အမှုဖွင့်တိုင်ကြားခဲ့သော အမှုဖြစ်ကာ ကန်ကြီးထောင့် မြို့မရဲ စခန်းမှ (ပ) ၁၅၇ဖြင့် အမှုဖွင့်စစ်ဆေးခဲ့သော အမှုဖြစ်သည်။       
 

Most Read

Most Recent