၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ် ပထမခြောက်လပတ် စီမံကိန်း နှစ်ဝက် လျာထားချက်အပေါ် ၉၅ ဒသမ ၇ ရာခိုင်နှုန်း အကောင်အထည်ဖော် နိုင်ခဲ့ကြောင်း အမျိုးသားစီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာနက ဒီဇင်ဘာ ၁၄ ရက်က ပြည်ထောင်စု လွှတ်တော်သို့ အစီရင်ခံစာ တင်သွင်းခဲ့သည်။
ထို့အတူ ကဏ္ဍများအလိုက် အကောင်အထည်ဖော်နိုင်မှုတွင်လည်း အနည်းဆုံးကဏ္ဍတွင် ၈၀ ရာခိုင်နှုန်းကျော် ရရှိခဲ့ကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များ၏ အကောင်အထည် ဖော်နိုင်မှုသည်လည်း တိုင်းဒေသကြီး/ပြည်နယ်တွင် ၉၀ ရာခိုင်နှုန်းနီးပါး ရှိခဲ့ကြောင်း စီမံ/ စီးပွားဒုဝန်ကြီး ဒေါ်လဲလဲ့သိန်းက ပြောကြားသည်။
အစီရင်ခံစာတွင် ပြုပြင်ပြောင်းလဲမှုများ၊ မေခရိုစီးပွားရေး အခြေအနေ၊ မြန်မာနိုင်ငံ၏လူမှုရေး၊ စီးပွားရေးအခြေအနေ၊ ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်အတွက် ငွေကြေးမူဝါဒ၊ ဘဏ္ဍာရေးမူဝါဒ၊ ရသုံးမှန်းခြေငွေ စာရင်းအခြေအနေ၊ ကဏ္ဍစီမံကိန်းများ၏ အကောင်အထည် ဖော်နိုင်မှု၊တိုင်းဒေသကြီး/ပြည်နယ် တစ်ခုချင်းစီအလိုက် အကောင် အထည်ဖော်နိုင်မှု၊ ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှု၊ အထူးစီးပွားရေးဇုန်များ လုပ်ငန်းဆောင်ရွက်မှု၊ ပြည်ပအကူအညီ အထောက်အပံ့ ရရှိမှုနှင့် ပြည်ပစီးပွားရေး ဆက်ဆံမှုများကို လွှတ်တော်သို့ အစီရင်ခံစာ တင်သွင်းခဲ့သည်။
၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ် အမျိုးသား စီမံကိန်းတွင် စုစုပေါင်း ပြည်တွင်းထုတ်လုပ်မှုနှင့် ဝန်ဆောင်မှုတန်ဖိုး (ဂျီဒီပီ) ပထမ ခြောက်လပတ် လျာထားချက်မှာ ကျပ်သန်း ၂၅၈၄၇၉၅၉ ဒသမ ၂ ဖြစ်ပြီး ကျပ်သန်း ၂၄၇၂၈၅၄၂ ဒသမ ၂ အကောင်အထည် ဖော်နိုင်ခဲ့ကြောင်း သိရသည်။
၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ် ပထမခြောက်လပတ်စီမံကိန်း နှစ်ဝက်လျာထားချက်အပေါ် ၉၅ ဒသမ ၇ ရာခိုင်နှုန်း အကောင်အထည် ဖော်နိုင်ခဲ့ကြောင်း စီမံ/စီးပွားဝန်ကြီးဌာန လွှတ်တော်သို့ အစီရင်ခံစာ တင်သွင်း















