၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ် ရန်ကုန်တိုင်း ဒေသကြီး၏ ဘဏ္ဍာငွေ အသုံးစရိတ် ကျပ် ၃၃၆ ဒသမ ၂၁၈ ဘီလျံ (ကျပ် ၃၃၆၂၁၈ သန်း) အား ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့ တောင်းခံမှုအား ဆွေးနွေးသည့် လွှတ်တော်ကိုယ်စားလှယ် မရှိဘဲ ဒီဇင်ဘာ ၇ ရက်က ပြုလုပ်သည့် ရန်ကုန်တိုင်း ဒေသကြီး လွှတ်တော်တွင် အတည်ပြုခဲ့သည်။
ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့ ဘဏ္ဍာရေးဝန်ကြီး ဒေါ်စန်းစန်းနွယ်က ယင်းဘဏ္ဍာငွေများကို နိုဝင်ဘာ ၃၀ ရက်က ပြုလုပ်ခဲ့သည့် ရန်ကုန်တိုင်း ဒေသကြီး လွှတ်တော်တွင် တောင်းခံခဲ့ခြင်းဖြစ်ကာ ယင်းဘဏ္ဍာငွေ တောင်းခံမည့်အပေါ် ဆွေးနွေးမည့် လွှတ်တော်ကိုယ်စားလှယ် လုံးဝမရှိခဲ့ကြောင်း သိရသည်။
ယခု ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်တွင် ရန်ကုန်တိုင်း ဒေသကြီး၏ ဘဏ္ဍာအသုံးစရိတ် စာရင်းတွင် လိုငွေ ကျပ် ၁၂၀ ဘီလျံခန့် ဖြစ်ပေါ်ခဲ့ပြီး လက်ရှိ ဆောက်လုပ်နေသာ ခုံးကျော်တံတား သုံးစင်း၏ စရိတ်ဖြင့်ပင် ကျပ် ၅၄ ဘီလျံကျော် ရှိခဲ့သည်။ သို့သော် ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့က အစိုးရသစ် သုံးစွဲရမည့် ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ် ဘတ်ဂျက်ကို ရငွေကျပ် ၃၃၆ ဒသမ ၂၁၈ ဘီလျံနှင့် သုံးငွေမှာလည်း ကျပ် ၃၃၆ ဒသမ ၂၁၈ ဘီလျံဖြင့် လိုငွေပိုငွေမရှိ ရေးဆွဲခဲ့ပြီး ယင်းအထဲတွင် ကမ္ဘာအေး ဘုရားလမ်းနှင့် ပါရမီလမ်ဆုံ ခုံးကျော်တံတားအတွက် ငွေကျပ် ၁၅ ဒသမ ၇၅၀ ဘီလျံနှင့် မြောက်ဥက္ကလာလမ်းဆုံ ခုံးကျော်တံတားအတွက် ငွေကျပ် ၁၆ ဒသမ ၄၅ ဘီလျံတို့လည်း ပါဝင်သည်။
ယင်းသို့ ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့က တောင်းခံသော ဘဏ္ဍာငွေများအနက် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီက ကျပ် ၂၂၇ ဒသမ ၃၂၁ ဘီလျံဖြင့် အများဆုံး တောင်းခံခြင်းလည်း ဖြစ်ကြောင်း သိရသည်။ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီက ဈေးများ တည်ဆောက်ခြင်း၊ လမ်းခင်းခြင်း၊ အမှိုက်ကန်များ တည်ဆောက်ခြင်း၊ ရေပေးဝေရေး လုပ်ငန်းများ စသည်တို့ လုပ်ဆောင်ရန် ဘဏ္ဍာငွေများ တောင်းခံခဲ့ခြင်း ဖြစ်သည်။
“ဒီဘတ်ဂျက်က ဒီက အတည်ပြု ပေးလိုက်တာပဲ ရှိတယ်။ နောက်အစိုးရက တာဝန်ယူရမဲ့အပိုင်း ဖြစ်သွားပြီ။ ဒီလွှတ်တော်က အတည်ပြု ပေးလိုက်တာကို နေပြည်တော်က ပြည်ထောင်စု ဘဏ္ဍာကော်မရှင်ကို တင်ရမယ်။ အဲဒီကို တင်ပြပြီး စိစစ်တဲ့ အခါမှာ လိုတိုး၊ ပိုလျှော့ လုပ်မယ်။ အဲဒါကို ပြည်ထောင်စုလွှတ်တော်ကို တင်မယ်။ ပြည်ထောင်စု လွှတ်တော်က အတည်ပြုပြီး ချပေးလိုက်ရင် ကျွန်တော်တို့ ဒီလွှတ်တော်က နောက်တစ်ခေါက်ထပ်ပြီး အတည်ပြုပေးရမယ်။ ဒီဘတ်ဂျက်က နောက်အစိုးရ တာဝန်ယူရမယ့်အပိုင်း ဖြစ်သွားတော့ ဦးတို့ဆွေးနွေးလည်း အချိန်ကုန်ပြီး အပိုဖြစ်သွားမယ်” ဟု သင်္ဃန်းကျွန်းမြို့နယ် မဲဆန္ဒနယ် အမှတ် (၁) လွှတ်တော် ကိုယ်စားလှယ် ဦးကျော်က ပြောကြားသည်။
၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ် ရန်ကုန်တိုင်း ဒေသကြီး၏ အသုံးစရိတ် ကျပ်သန်းပေါင်း ၃၃၆၀၀၀ ကျော်အား ဆွေးနွေးသည့် လွှတ်တော် ကိုယ်စားလှယ် မရှိဘဲ ရန်ကုန်တိုင်း ဒေသကြီးလွှတ်တော် အတည်ပြု















