တရားခံများအား ထိရောက်စွာ ဖမ်းဆီးနိုင်ရေးအတွက် ရဲတပ်ဖွဲ့ဝင်များကို လက်နက် တပ်ဆင်ပေးခြင်းနှင့် ပစ်ခတ်ဖမ်းဆီးခွင့်ပေးခြင်းကို ဥပဒေနှင့်အညီ ဆောင်ရွက်နိုင်ရေး ပြန်လည်သုံးသပ်သင့်ကြောင်း ပြည်သူ့လွှတ်တော် ပြည်သူ့ရေးရာ စီမံခန့်ခွဲမှု ကော်မတီက လွှတ်တော်သို့ တင်သွင်းခဲ့သည်။ဒီဇင်ဘာ ၃ ရက်က ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ကော်မတီက အစီရင်ခံစာ တင်သွင်းရာတွင် အဆိုပါ အချက်များကို သုံးသပ်အကြံပြုချက်အဖြစ် ထည့်သွင်း အစီရင်ခံစာ တင်သွင်းခဲ့ခြင်းဖြစ်သည်။နိုင်ငံတော်၏ တရားဥပဒေ စိုးမိုးရေး လုပ်ငန်းများကို အဓိက ဆောင်ရွက်ရသည့် ဝန်ကြီးဌာနဖြစ်သည့် ပြည်ထဲရေးဝန်ကြီးဌာန အနေဖြင့် နိုင်ငံတော်အတွင်း ဖြစ်ပွားလျက်ရှိသော ရာဇဝတ်မှုခင်းများတွင် တရားခံများကို ဖမ်းဆီးရာ၌ ဥပဒေအရ ရော်ဘာတုတ်သာ ကိုင်ဆောင်ထားရှိပြီး ပြစ်မှုကျူးလွန်သူများမှာ ငှက်ကြီးတောင်ဓားကဲ့သို့ လက်နက်များကို ကိုင်ဆောင် အသုံးပြုလျက် ရှိသဖြင့် ရဲတပ်ဖွဲ့ဝင်များ အနေဖြင့် အသက်အန္တရာယ်ရှိမှုနှင့် ထိခိုက်ဒဏ်ရာ ရရှိနိုင်မှု အခြေအနေများအရ ထိရောက်သော ဖမ်းဆီးမှုများ၊ အရေးယူမှုများ အားနည်းလာသောကြောင့် ရာဇဝတ်မှုခင်းများ လျော့နည်းပပျောက်ရေး၊ တရားခံများအား ထိရောက်စွာ ဖမ်းဆီးအရေးယူ ဆောင်ရွက်နိုင်ရေးအတွက် ရဲတပ်ဖွဲ့ဝင်များကို ထိရောက်မှုရှိသော လက်နက်တပ်ဆင်ပေးခြင်း၊ တရားခံအား ပစ်ခတ်ဖမ်းဆီးခွင့် ပေးခြင်းများကို ဥပဒေနှင့်အညီ ဆောင်ရွက်နိုင်ရေး ပြန်လည် လေ့လာသုံးသပ် ဆောင်ရွက်သင့်ကြောင်း ကော်မတီက အစီရင်ခံစာတွင် ထည့်သွင်းတင်သွင်းခဲ့သည်။ပြည်သူ့ရေးရာ စီမံခန့်ခွဲမှု ကော်မတီ အနေဖြင့် ပြည်ထဲရေးဝန်ကြီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနတို့၏ ဥပဒေများကို ပြင်ဆင်ခြင်း၊ ပြဋ္ဌာန်းခြင်း၊ ရုပ်သိမ်းခြင်း၊ အသစ်ရေးဆွဲခြင်း၊ ပယ်ဖျက်ခြင်းများနှင့် လွှတ်တော်သို့ စီမံကိန်း၊ ဘတ်ဂျက်၊ အခွန်ဆိုင်ရာ လုပ်ငန်းများကို စိစစ်ရန်အတွက် သက်ဆိုင်ရာ ဝန်ကြီးဌာနများအား ခေါ်ယူညှိနှိုင်း အစည်းအဝေးများ ပြုလုပ်ခဲ့ကြောင်း ကော်မတီက အစီရင်ခံစာ တင်သွင်းခဲ့သည်။အဆိုပါ ကော်မတီ အနေဖြင့် ခွဲဝေသတ်မှတ်ထားသော ဥပဒေ ၅၈ ခု ရှိသည့်အနက် ပြည်ထဲရေးဝန်ကြီးဌာနတွင် လက်ရှိကျင့်သုံး ဆောင်ရွက်လျက်ရှိသော ဥပဒေ ၂၃ ခု၊ ပြင်ဆင်ရန်ဆောင်ရွက်ဆဲ ဥပဒေ ၁၄ ခု၊ ပြဋ္ဌာန်းြ ပီးဥပဒေရှစ်ခု၊ ရုပ်သိမ်းပြီး ဥပဒေနှစ်ခုနှင့် အသစ်ရေးဆွဲပြီး ဥပဒေနှစ်ခု၊ စုစုပေါင်း ဥပဒေ ၄၉ ခုကို ဆောင်ရွက်လျက်ရှိကြောင်း ကော်မတီက အစီရင်ခံစာ တင်သွင်းခဲ့သည်။
တရားခံများအား ထိရောက်စွာ ဖမ်းဆီးနိုင်ရေးအတွက် ရဲတပ်ဖွဲ့ဝင်များကို လက်နက်တပ်ဆင်ပေးခြင်းနှင့် ပစ်ခတ်ဖမ်းဆီးခွင့် ပေးခြင်းကို ဥပဒေနှင့်အညီ ဆောင်ရွက်နိုင်ရေး ပြန်လည်သုံးသပ်သင့်ကြောင်း ပြည်သူ့ရေးရာ စီမံခန့်ခွဲမှု ကော်မတီ လွှတ်တော်သို့ တင်သွင်း















