နိုင်ငံရေးမူဘောင်မူကြမ်းကို ပြည်ထောင်စုငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီအစည်းအဝေး၌ အတည်ပြုမည်

နိုင်ငံရေးမူဘောင်မူကြမ်းကို ပြည်ထောင်စုငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီအစည်းအဝေး၌ အတည်ပြုမည်
Published 3 December 2015
အောင်ဇော်ထွန်း

အစိုးရ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် နိုင်ငံရေးပါတီအစုအဖွဲ့တို့မှ ကိုယ်စားလှယ်များက နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာ မူဘောင်မူကြမ်းရေးဆွဲမှုကို ဒီဇင်ဘာ ၁ ရက်မှ စတင်ပြုလုပ်လျက်ရှိရာ မူဘောင်မူကြမ်းကို သတ်မှတ်အချိန်အတွင်း ရေးဆွဲကာ  ဒီဇင်ဘာ ၁၄ ရက်ဝန်းကျင်တွင် ပြုလုပ်မည့်  ပြည်ထောင်စုငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) အစည်းအဝေးတွင် အတည်ပြုမည်ဖြစ်ကြောင်း မူဘောင်မူကြမ်း ရေးဆွဲရေးအဖွဲ့ တာဝန်ရှိသူများ၏ ပြောပြချက်အရ သိရသည်။UPDJC ကို အစိုးရ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် နိုင်ငံရေးပါတီတို့မှ ကိုယ်စားလှယ် ၁၆ ဦးစီ  စုစုပေါင်း ၄၈ ဦးဖြင့် ဖွဲ့စည်းထားပြီး ယင်းကော်မတီဝင်များအနက်မှ အစုအဖွဲ့တစ်ခုလျှင် ရှစ်ဦးစီ စုစုပေါင်း ၂၄ ဦးဖြင့် နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာ မူဘောင်မူကြမ်း ရေးဆွဲရေးကော်မတီကို နိုဝင်ဘာ ၂၄ ရက်က ဖွဲ့စည်းကာ နိုဝင်ဘာ ၂၇ ရက်၊ ၂၈ ရက်နှင့် ၃၀ ရက်များတွင် မူဘောင်ရေးဆွဲရေးအတွက် မူဝါဒပိုင်းဆိုင်ရာ ဆွေးနွေးခဲ့ပြီး ဒီဇင်ဘာ ၁ ရက်မှ စတင်ကာ အစုအဖွဲ့တစ်ခုလျှင် ကိုယ်စားလှယ်သုံးဦးစီဖြင့် မူဘောင်မူကြမ်းကို စတင်ရေးဆွဲခဲ့ခြင်းဖြစ်ပြီး ငါးရက်အတွင်း ပြီးစီးအောင်ဆောင်ရွက်ရန် စီစဉ်ထားကြောင်း သိရသည်။မူဘောင်မူကြမ်းရေးဆွဲမှုနှင့် ပတ်သက်၍ နိုင်ငံရေးပါတီအစုအဖွဲ့ကိုယ်စားလှယ် ဦးစိုင်းကျော်ညွန့်က “ ပြီးသလောက် ဖြစ်နေပြီ။ တချို့တချို့ အကြောင်းအရာတွေ အရေးကြီးတဲ့ အချက်အလက်တွေကတော့ ပေါ်လစီပြတ်မှပဲ ဖြစ်မယ်ဆိုတော့ အကြမ်းတော့ ပြီးခါနီးပြီ။ ဒါပေမဲ့ အရမ်းအရေးကြီးတဲ့ အချက်အလက်တွေကျတော့ UPDJC မှ သာလျှင် ဆုံးဖြတ်လို့ရမယ်” ဟု ဒီဇင်ဘာ ၂ ရက် ညနေပိုင်းက ပြောကြားသည်။ 

Most Read

Most Recent