စုစုပေါင်း ရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ သန်း ၃၀၀ ဝန်းကျင်ရှိသည့် Junctioin City စီမံကိန်းတွင် YCDC မှ ၅၁ ဒသမ ၆၃ ရာခိုင်နှုန်းနှင့် ရွှေတောင်အုပ်စုမှ ၄၈ ဒသမ ၃၇ ရာခိုင်နှုန်းဖြင့် အကျိုးတူပူးပေါင်း ဆောင်ရွက်နေ

စုစုပေါင်း ရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ သန်း ၃၀၀ ဝန်းကျင်ရှိသည့် Junctioin City စီမံကိန်းတွင် YCDC မှ ၅၁ ဒသမ ၆၃ ရာခိုင်နှုန်းနှင့် ရွှေတောင်အုပ်စုမှ ၄၈ ဒသမ ၃၇ ရာခိုင်နှုန်းဖြင့် အကျိုးတူပူးပေါင်း ဆောင်ရွက်နေ
Published 1 December 2015
အငယ်ထွေး၊ နီလာ

Junction City စီမံကိန်းသည် ရွှေတောင်အုပ်စုနှင့် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီတို့ ပူးပေါင်းတည်ဆောက်သည့် စီမံကိန်းဖြစ်ပြီး ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှ ၅၁ ဒသမ ၆၃ ရာခိုင်နှုန်းဖြစ်ပြီး ရွှေတောင် အုပ်စုမှ ၄၈ ဒသမ ၃၇ ရာခိုင်နှုန်း ရှိကြောင်းနှင့် စုစုပေါင်း ရင်းနှီးမြှုပ်နှံမှု (Project Cost ) အမေရိကန်ဒေါ်လာသန်း ၃၀၀ ရှိကြောင်း နိုဝင်ဘာ ၃၀ ရက်က ရန်ကုန်မြို့ရှိ Union Business Center တွင် ကျင်းပသော Junction City အား ကြိုတင် သုံးသပ် မိတ်ဆက်ခြင်း သတင်းစာရှင်းလင်းပွဲမှ ရရှိသော သတင်းများအရ သိရသည်။
“မြန်မာနိုင်ငံမှာ အိမ်ခြံမြေဈေးကွက်က ကျဆင်းနေတယ်ဆိုတာ မှန်ပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ ဒီစီမံကိန်းကို တည်ဆောက်တဲ့ နေရာမှာ ရောင်းဖို့ မရည်ရွယ်ပါဘူး။ ကျွန်တော်တို့က ရေရှည်ကို ကြည့်တဲ့ အတွက် အခန်းတွေကို ငှားသွားမှာပဲ ဖြစ်ပါတယ်။ ဒါကြောင့်ရှိပြီးသား ဈေးကွက်တွေနဲ့တော့ တူမှာမဟုတ်ပါဘူး။ ဒီစီမံကိန်းမှာ ပရော့ဂျက်လေးခု ပါဝင်ပါတယ်”ဟု Shwe Taung Group ၏ CEO ဖြစ်သူ ဦးအောင်ဇော်နိုင်က ပြောကြားခဲ့သည်။
Junction City သည် ဗိုလ်ချုပ်အောင်ဆန်းလမ်းနှင့် ရွှေတိဂုံဘုရား လမ်းဆုံတွင် တည်ရှိသည့် အဆင့်မီ စီမံကိန်းဖြစ်ကြောင်း၊ စင်ကာပူနိုင်ငံမှ ဗိသုကာလုပ်ငန်းစု ဆုတံဆိပ်ရှင် DP Architects မှ ဒီဇိုင်း ရေးဆွဲထား ကြောင်း၊ စုစုပေါင်း တည်ဆောက်မှုဧရိယာ  စတုရန်းမီတာ ၂၆၀၀၀၀ ကျယ်ဝန်းပြီး  ၂၀၁၇ ခုနှစ် နှစ်ဦးပိုင်းတွင် ပြီးစီးရန် လျာထားထားကြောင်း၊ ပထမအဆင့်အနေဖြင့် စင်ကာပူနိုင်ငံမှ Keepel Land နှင့် ပူးတွဲရင်း နှီးမြှုပ်နှံမှု အဆင့်ဖြစ်ကြောင်း၊ Keppel မှရာခိုင်နှုန်း ၄၀၊ CSD မှ ငါးရာခိုင်နှုန်းနှင့် ရွှေတောင် Junction City Co,Ltd မှ ရာခိုင်နှုန်း ၅၀ ဖြစ်ကြောင်း သိရသည်။
ဟိုတယ်လုပ်ငန်းတွင်မူ Pan Pacific Hotel Group မှ ရာခိုင်နှုန်း ၂၀၊  CSD မှ ၅၁ ရာခိုင်နှုန်းနှင့် Shwe Taung Junction City Co,LTd မှ ၂၉ရာခိုင်နှုန်းဖြစ်ကြောင်း၊ ဈေးဝယ်စင်တာ တည်ဆောက်မှုတွင်မူ New Asia မှ ၁၀ ရာခိုင်နှုန်း၊ Shwe Taung Junction City Co,LTd မှ ၃၉ ရာခိုင်နှုန်း၊ CSD မှ ၅၁ ရာခိုင်နှုန်း ဖြစ်ကြောင်း သိရသည်။
ရွှေတောင်အုပ်စု အနေဖြင့် စုစုပေါင်း မြေဧက ၈၀၀ ကျော် အကျယ်အဝန်းတွင် စီမံကိန်းပေါင်း ၅၀ ကျော်ကို တည်ဆောက် အကောင်အထည် ဖော်ခဲ့ပြီး Crystal Tower ၊ Crystal Residences ၊ Junction Square၊ Union Business Center ၊ Union Financial Center စီမံကိန်းများ ဖြစ်ကြောင်း သိရှိရသည်။
Keepel Land သည် စင်ကာပူနိုင်ငံတွင် ရုံးခန်းများ တည်ဆောက်နေသည့် ကုမ္ပဏီဖြစ်ပြီး Marina Bay Financial Centre ၊ Ocean Financial Center နှင့် One Raffles Quay စသည့် စီမံကိန်းများတွင် ပါဝင်ခဲ့ ကြောင်း၊ ကုမ္ပဏီအနေဖြင့်  အာရှ၏ အဓိက မြို့တော်ကြီးများတွင် ၎င်း၏ ဝန်ဆောင်မှုကို ချဲ့ထွင်နေကြောင်း သိရသည်။
Pan Pacific Hotel Group သည် စင်ကာပူနိုင်ငံ၏ စတော့စာရင်းဝင် ကုမ္ပဏီဖြစ်သည့် UOL Group,Ltd မှ ပိုင်ဆိုင်ပြီး ရင်းနှီးမြှုပ်နှံမှုနှင့် အိမ်ခြံမြေတည်ဆောက်ရေး လုပ်ငန်းများ လုပ်ဆောင်နေကြောင်း၊ New Asia Investment မှာ စင်ကာပူနိုင်ငံတွင် ဖွဲ့စည်း တည်ထောင်ထားသည့် ရင်းနှီးမြှုပ်နှံမှု အဖွဲ့ဖြစ်ကြောင်း၊ အိမ်ခြံမြေစီမံကိန်းများတွင် ရင်းနှီးမြှုပ်နှံနေသူ ဖြစ်သည်။
အဆိုပါစီမံကိန်း၏ စုစုပေါင်းရင်းနှီး မြှုပ်နှံမှုကို လေ့လာပါက Procject Costs အားဖြင့် ဒေါ်လာသန်း ၃၀၀ ကုန်ကျကြောင်း၊ ၂၀၁၄ ခုနှစ် သြဂုတ်လတွင် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်မှ ခွင့်ပြုချက် ရရှိခဲ့ကြောင်း ဦးအောင်ဇော်နိုင်က ပြောကြားခဲ့ သည်။
အဆိုပါစီမံကိန်းကို ဆောက်လုပ်ရန်အတွက် ပြည်ပမှ မြန်မာနိုင်ငံအတွင်းတွင် ဘဏ်လုပ်ငန်း လာရောက်လုပ်ကိုင်နေသော UOB ဘဏ်နှင့် OCDC ဘဏ်တို့မှ ချေးငွေများ ရရှိခဲ့ကြောင်း သိရသည်။

Most Read

Most Recent