ငြိမ်းချမ်းရေးနှင့် ရှမ်းပြည်နယ်ရှိ စစ်ဘေး ဒုက္ခသည်များ ဘဝလုံခြုံရေးအတွက် ရည်ရွယ်ကာ လူငယ်များက အသက်ရှူသံ ခေါင်းစဉ်ဖြင့် ငြိမ်းချမ်းရေး သီချင်းများ သီဆိုခြင်း လှုပ်ရှားမှု နိုဝင်ဘာ ၂၇ ရက်ကရန်ကုန်မြို့ရှိ မြန်မာ့ ငြိမ်းချမ်းရေး ပြန်လည် ထူထောင်ရေး ဗဟိုဌာန (MPC) ဝင်းအတွင်း လာရောက် ပြုလုပ်ခဲ့သည်။လူငယ် ၂၀ ခန့်က ဂီတာများ တီးခတ်၍ ဆုတောင်း၊ အားလုံးအတွက် ငြိမ်းချမ်းရေး စသည့် သီချင်းများကို သံပြိုင် သီဆိုခဲ့ကြခြင်း ဖြစ်ပြီး အဆိုပါ လှုပ်ရှားမှု ပြုလုပ်စဉ် မြန်မာ့ ငြိမ်းချမ်းရေး စင်တာတွင် ပြုလုပ်နေသည့် နိုင်ငံရေး ဆွေးနွေးမှုဆိုင်ရာ မူဘောင်မူကြမ်း ရေးဆွဲရေး ကော်မတီ အစည်းအဝေးသို့ တက်ရောက်လျက်ရှိသော အစိုးရ၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များနှင့် နိုင်ငံရေး ပါတီများမှ ကိုယ်စားလှယ်များကလည်း ပါဝင် အားပေးခဲ့သည်။“တိုက်ပွဲတွေကြားမှာ ဒုက္ခရောက်နေတဲ့ မိသားစုတွေအတွက် ကျွန်တော်တို့ နှစ်ဖက်က အကြီးအကဲတွေက ပြေပြေလည်လည်နဲ့ ညှိညှိနှိုင်းနှိုင်းနဲ့ သေနတ်အားဖြင့် အဖြေမရှာဘဲနဲ့ တိုက်ခိုက်ခြင်းဖြင့် အဖြေမရှာဘဲနဲ့ ငြိမ်းချမ်းရေးနဲ့ အဖြေရှာလို့ရအောင် ကျွန်တော်တို့ တတ်နိုင်တဲ့ အပိုင်းကနေ ဝိုင်းပြီးတော့ ပြန်ပြီးတော့ ဆော်သြပေးတာ ဖြစ်ပါတယ်။ ဒီနေ့ကတော့ စစ်ဘေးရှောင် ပြည်သူတွေအတွက် ကျွန်တော်တို့ အလှူငွေတွေ လိုက်ခံပေးတယ်။ ကျွန်တော်တို့ ငြိမ်းချမ်းရေး လုပ်နေတဲ့ ဘယ်အဖွဲ့အစည်းမဆို အားလုံး စိတ်ဝင်စားအောင်လို့ သီချင်းလေးတွေ လိုက်ဆိုပြီးတော့ အလှူငွေခံပေးတာ ဖြစ်ပါတယ်။ အဲဒီတော့ တစ်နေ့က ကျွန်တော်တို့ ဒီက ဆရာတို့ဆီ လာပြီးတော့ ဒီနေ့မှာ လာလို့ အဆင်ပြေတယ် ဆိုပြီးတော့လာဆိုပေးတာပါ။ အဲဒီတော့ အကောင်းမွန်ဆုံး အဖြေတွေ ရှာနိုင်ကြပါစေလို့ ကျွန်တော်တို့ ဆုတောင်းပေးပါတယ်” ဟု အဆိုပါ ငြိမ်းချမ်းရေးအတွက် အသက်ရှူသံ လှုပ်ရှားမှု အဖွဲ့မှ လူငယ်တစ်ဦးက ပြောကြားသည်။မြန်မာပြည်တွင်း လူငယ်များ၏ ပညာရေးနှင့် လူမှုဘ၀ ဆုံမှတ်၊ Independent Youth for Change၊ ပန်းပျိုးလက် လူငယ်စင်တာ၊ တကသ ကျောင်းသားများက ယင်းငြိမ်းချမ်းရေးအတွက် အသက်ရှူသံ (ဂီတာဖြင့် ငြိမ်းချမ်းရေးကို ရှာဖွေခြင်း) အစီအစဉ်ကို ပြုလုပ်နေခြင်းဖြစ်ပြီး နိုဝင်ဘာ ၂၂ ရက်ကလည်း ရန်ကုန်မြို့ ပြည်လမ်းရှိ အင်းလျားကန်ပေါင်ပေါ်တွင် ငြိမ်းချမ်းရေးကို အလိုရှိကြောင်းနှင့် စစ်ပွဲများ ရပ်စေချင်ကြောင်း ကြွေးကြော်မှုများ ပြုလုပ်ခဲ့သည်။
ငြိမ်းချမ်းရေးအတွက် အသက်ရှူသံ ခေါင်းစဉ်ဖြင့် ငြိမ်းချမ်းရေး သီချင်းများ သီဆိုခြင်း လှုပ်ရှားမှု လူငယ်များက မြန်မာ့ငြိမ်းချမ်းရေး စင်တာတွင် လာရောက်ပြုလုပ်















