တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) စာချုပ် လက်မှတ်ရေးထိုးပြီးနောက် ဖွဲ့စည်းရမည့် ပြည်ထောင်စုငြိမ်းချမ်းရေး ဆွေးနွေးမှုပူးတွဲကော်မတီ (UPDJC) တွင် နိုင်ငံရေးပါတီကိုယ်စားပြုအဖြစ် ရွေးကောက်ပွဲအနိုင်ရပါတီ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) နှင့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) တို့မှ ကိုယ်စားလှယ်နှစ်ဦးစီ အပါအဝင် ကိုယ်စားလှယ် ၁၆ ဦး ရွေးချယ်နိုင်ခဲ့ကြောင်း နိုဝင်ဘာ ၂၁ ရက်က ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးတွင် ကျင်းပသည့် UPDJC တွင် နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ် ၁၆ ဦး ပါဝင်ရန်အတွက် ဆွေးနွေးညှိနှိုင်းရေးနှင့် ရွေးချယ်ရေးအစည်းအဝေးမှ သိရသည်။
လက်ရှိတွင် (UPDJC) ကို အစိုးရ၊ လွှတ်တော်၊ တပ်မတော်အစုအဖွဲ့မှ ၁၆ ဦး၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အစုအဖွဲ့တွင် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ထိုးထားသည့် အဖွဲ့ရှစ်ဖွဲ့ မှ ၁၆ ဦး၊ နိုင်ငံရေးပါတီကိုယ်စားလှယ် ၁၆ ဦးတို့ဖြင့် ဖွဲ့စည်းပြီးဖြစ်၍ နိုဝင်ဘာ ၂၄ ရက်တွင် နိုင်ငံရေးဆွေးနွေးပွဲ မူဘောင်ရေးဆွဲခြင်းနှင့် ပတ်သက်ပြီး ဆွေးနွေးမည့် သုံးပွင့်ဆိုင်အစည်းအဝေးကို ပထမဆုံးအကြိမ် တရားဝင်ပြုလုပ်မည်ဖြစ်သည်။
NLD ပါတီ၏ ပြောရေးဆိုခွင့်ရှိသူ ဦးဉာဏ်ဝင်းက “ကျွန်တော်တို့ နှစ်ယောက် NLD ကပေးမယ်။ ကျွန်တော်တို့ ဒီမှာစာရင်းပို့ရမယ်။ ဒီနေ့လုပ်တဲ့ကိစ္စတွေက ကြိုဆိုရမယ့်ကိစ္စတွေပါ။ ငြိမ်းချမ်းရေးက အားလုံးနဲ့ ဆိုင်ပါတယ်။ အားလုံး ဝိုင်းလုပ်ရမယ်။ အားလုံးပဲ ခံစားရမယ်။ ကျွန်တော်တို့ အစိုးရဖွဲ့ပြီးရင် အခုဟာက အပြောင်းအလဲကာလပေါ့။ ဖွဲ့ပြီးလို့ရှိရင် ဒီငြိမ်းချမ်းရေးကိစ္စက လိုအပ်ရင်ပြင်ဆင်မှာပါ။ အဓိကကတော့ ရှေ့ဆက်ပြီး လုပ်လို့ အဆင်ပြေတဲ့ဟာကို ဆက်လုပ်မယ်။ မပြေတာကိုပြင်မယ်။ လုံး၀ အားလုံးကို ပြင်မယ်လို့ ကျွန်တော်တို့ မပြောပါဘူး။ တကယ်လုပ်တော့မှ လိုအပ်တဲ့ဟာတွေ ပြင်ဆင်သွားရမှာပါ။ လုပ်တဲ့ကိုင်တဲ့နေရာမှာ ထိရောက်မှုရှိရင် ဒီအတိုင်းသွားမယ်။ မထိရောက်ရင် ပြင်မယ်” ဟု ပြောကြားသည်။
နိုင်ငံရေးဆွေးနွေးပွဲများကို NCA စာချုပ်ပါအတိုင်း သတ်မှတ်အချိန်အတွင်း အကောင်အထည်ဖော်နိုင်အောင် ကြိုးစားနေကြောင်းသည်ဟု နိုင်ငံရေးပါတီများမှ ခေါင်းဆောင်များအား အစိုးရကိုယ်စားလှယ် ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက ရှင်းပြသည်။
ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက “ NCA အကောင်အထည်ဖော်မှုအတွက် NCA က ပေးထားတဲ့ Timeline တွေအတိုင်း ကျွန်တော်တို့အားလုံး စုပေါင်းပြီး အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခဲ့ပါတယ်။ နိုင်ငံရေးဆွေးနွေးမှုအတွက် ပေးထားတဲ့ ရက် ၆၀ နဲ့ ရက်ပေါင်း ၉၀ ကိုလည်း အချိန်မီ Timeline တွေအတိုင်း ဆက်လက်ဆောင်ရွက်သွားဖို့ ဖြစ်ပါတယ်။NCA ဆိုတာ လွယ်လွယ်ကူကူ ရရှိထားတာ မဟုတ်ဘူးဆိုတာရယ်။ လက်မှတ်ရေးထိုးပြီး ကတိကဝတ် ပြုထားတာတွေဟာ နိုင်ငံရဲ့အရေးကြီးတဲ့ အစိတ်အပိုင်း ဖြစ်တယ်ဆိုတာကို ထပ်ပြီး မီးမောင်းထိုးပြလိုပါတယ်” ဟု ပြောကြားသည်။
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများအနေဖြင့် မိမိတို့ အမျိုးသားတို့၏ နိုင်ငံရေးလိုလားချက်များကို လက်နက်ကိုင် နည်းလမ်းဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့သော်လည်း နိုင်ငံရေးနည်းအရ တွေ့ဆုံဆွေးနွေးခြင်းဖြင့်သာ အဖြေရနိုင်မည်ကို လက်ခံယုံကြည်သည်ဟု ကရင်အမျိုးသားအစည်းအရုံး (KNU) မှ ပဒိုစောကွယ်ထူး ဝင်းက ပြောကြားသည်။
ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီတွင် နိုင်ငံရေးပါတီကိုယ်စားပြုအဖြစ် NLD နှင့် ပြည်ခိုင်ဖြိုးပါတီတို့က နှစ်ဦးစီအပါအဝင် ကိုယ်စားလှယ် ၁၆ ဦး ရွေးချယ်















