အရောင်များ စုံလင်သော ပလူတိုဂြိုဟ်၏ ဓာတ်ပုံများက သိပ္ပံပညာရှင်များကို အံ့အားသင့်စေခဲ့

အရောင်များ စုံလင်သော ပလူတိုဂြိုဟ်၏ ဓာတ်ပုံများက သိပ္ပံပညာရှင်များကို အံ့အားသင့်စေခဲ့
Published 16 October 2015

ပလူတိုဂြိုဟ်၏ မျက်နှာပြင်တွင် အရောင်များ စုံလင်စွာ ရှိနေသည့် အထောက်အထား ဓာတ်ပုံများကို နာဆာ၏ New Horizons အာကာသယာဉ်မှ ရိုက်ကူးထားသည့် ဓာတ်ပုံများကို အောက်တိုဘာ ၁၅ ရက်က ထုတ်ပြန်ခဲ့ရာ အာကာသ ကျွမ်းကျင်သူများကို အံ့သြစေခဲ့သည်။ ဂြိုဟ်ငယ်ပလူတို၏ အီကွေတာတွင် အနီရောင် အစိတ်အပိုင်းများ ရှိနေပြီး အမြင့်ပိုင်းတွင် အပြာရောင် ဒေသများ ရှိနေကြောင်း New Horizons က ပထမဆုံးအကြိမ် ရရှိခဲ့သော ဓာတ်ပုံများတွင် ဖော်ပြခဲ့သည်။ ယခင်က ပလူတိုဂြိုဟ်၏ အရောင်များကို ရှင်းလင်းစွာ မြင်တွေ့ရသော ဓာတ်ပုံ မရှိခဲ့ပေ။ Science ဂျာနယ်တွင် ဖော်ပြခဲ့သော ပလူတိုဂြိုဟ်၏ ဓာတ်ပုံများကို New Horizons ၏ ရောင်စဉ်ပေါင်းစုံ မြင်နိုင်သော ပုံရိပ်ဖမ်း ကင်မရာဖြင့် ရိုက်ကူးရရှိခဲ့ခြင်း ဖြစ်သည်။
ဇူလိုင် ၁၄ ရက်က ပလူတိုသို့ ပထမဆုံး ပျံသန်းသည့် အာကာသယာဉ် ဖြစ်လာသော New Horizons သည် ဂြိုဟ်ငယ် ပလူတို၏ ယခင်က မမြင်ဖူးခဲ့သော မြင်ကွင်းများအား သိပ္ပံပညာရှင်များကို မြင်တွေ့စေခဲ့ခြင်း ဖြစ်သည်။ ပလူတို၏ မျက်နှာပြင်သည် အပူချိန် အနုတ် ၃၉၅ ဒီ ဂရီဖာရင်ဟိုက်ရှိပြီး ဂြိုဟ်သေဟု သတ်မှတ်ခဲ့ကြသည်။ ပလူတိုတွင် တောင်များ၊ ရေခဲမြစ်များ၊ ကောင်းကင်ပြာများ ရှိနေကြောင်းကို ယခုဓာတ်ပုံများက ထင်ရှားစေခဲ့သည်။ ရေခဲဖုံးနေသော မျက်နှာပြင်ရှိကြောင်း ကိုလည်း သိပ္ပံပညာရှင်များက တွေ့ရှိခဲ့ကြသည်။                                              
Ref : AFP

Most Read

Most Recent