ရန်ကုန်တိုင်း ဒေသကြီး၏ မြင့်တက်နေသည့် အိမ်ရာလိုအပ်ချက်အတွက် ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်အတွင်း အိမ်ခန်းပေါင်း ၁၈၀၀ ကျော် ရရှိနိုင်မည့် အငှားအိမ်ရာများ တည်ဆောက်နေပြီး အဆိုပါ အိမ်ရာများကို သင့်လျော်သည့် နှုန်းထားများဖြင့် ငှားရမ်းခြင်း သော်လည်းကောင်း၊ ရောင်းချခြင်း သော်လည်းကောင်း ပြုလုပ်နိုင်ရေး ဆွေးနွေးနေကြောင်း ဆောက်လုပ်ရေး ဝန်ကြီးဌာနမှ သိရသည်။“အငှားအိမ်ရာတွေ အရင်က ၂၀၀၀၀ လောက်ပဲ ရှိတယ်။အခု ၂၀၁၅-၂၀၁၆ အတွင်းမှာတော့ ၁၈၀၀ လောက်ထွက်မယ်။ ဒါတွေကို အငှားအိမ်ရာအဖြစ် ပြောင်းလဲမလား၊ အရောင်း အိမ်ရာအဖြစ် ပြောင်းလဲ မလားဆိုတာ ချိန်ဆ နေရတာပေါ့။ ရောင်းရင်လည်း ပြည်သူတွေက မဝယ်နိုင်ဘူး ဖြစ်နေတယ်။အခုဆောက်ထားတဲ့ အိမ်ရာတွေကလည်း ဆိုက်ကကြီးနေတယ်။ လာမယ့် ပွင့်လင်းရာသီမှာ ထပ်ဆောက်မယ့် ဟာတွေကတော့ ဆိုက်သေးသွားမှာပေါ့။ သူကတော့ တိုက်ရိုက် အငှားအိမ်ရာလုပ်ဖို့ ပိုသင့်တော်ပါတယ်။ဈေးနှုန်းကလည်း ဆွေးနွေးနေတုန်းပဲ”ဟု ဆောက်လုပ်ရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားခဲ့သည်။“ဆောက်လုပ်ရေး ဝန်ကြီးဌာနကို လှည့်ပတ်ရန်ပုံငွေ ဆိုပြီးတော့ အိမ်ရာစီမံကိန်းတွေ ဆောက်ဖို့ပေးတယ်။ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေကိုတော့ အငှားအိမ်ရာတွေ လုပ်ဖို့ဆိုပြီး ၂၀၁၅-၂၀၁၆ ဘတ်ဂျက်မှာ ချပေးလိုက်တယ်။ အဲဒါ ပြီးသွားတဲ့အခါမှာ တားဂတ်က ဘယ်လိုလူတွေကို ဘယ်နှုန်းနဲ့ ငှားမလဲဆိုတာ၊ အငှားအိမ်ရာတွေကို ဘယ်လို အကောင်အထည် ဖော်မလဲဆိုတာ စဉ်းစားနေတဲ့ အပိုင်းပေါ့။ အရင်တုန်းက အစိုးရကနေ အငှားအိမ်ရာ၊ ရန်ကင်းဘက်က အိမ်ရာတွေကို ပေးခဲ့သလို အခုခေတ်မှာ ပြန်ကောက်နေတဲ့နှုန်းက ပြင်ပြင်ဖို့အတွက် မလုံလောက်ဘူး။ အခုတစ်ခါမှာတော့ သေချာစဉ်းစားနေရတာက သူတို့ပေးထားတဲ့ဟာသည် သူတို့နေထိုင်တဲ့ အဆောက်အအုံရဲ့ သက်တမ်းပေါ့၊ ရေရှည် တည်တံ့ဖို့အတွက် ပြန်လည် ပြုပြင်ထိန်းသိမ်းဖို့အတွက် အဆောက်အအုံ ကုန်ကျစရိတ်အတွက် ဆက်လက် ကောက်ဖို့အတွက် စဉ်းစားနေပါတယ်” ဟု ဆောက်လုပ်ရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားခဲ့သည်။ရန်ကုန်တိုင်း ဒေသကြီးအတွင်း အကောင်အထည် ဖော်နေသည့် အဆိုပါ အငှားအိမ်ရာများကို ဒဂုံဆိပ်ကမ်း မြို့နယ်အတွင်း တည်ဆောက်နေခြင်း ဖြစ်ပြီး ၂၀၁၅- ၂၀၁၆ ဘဏ္ဍာနှစ်အတွင်း ပြီးစီးနိုင်မည်ဟု မျှော်မှန်းထားကြောင်း သိရသည်။အလားတူ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်အတွင်း တန်ဖိုးနည်းနှင့် တန်ဖိုးသင့် အိမ်ရာစီမံကိန်း ၁၀ ခု တည်ဆောက်မည်ဖြစ်ပြီး အဆိုပါ စီမံကိန်း ၁၀ ခုအတွင်း အဆောက်အအုံ ၂၈၄ လုံးမှ အိမ်ခန်း ၁၈၃၆၀ ခန်း ဆောက်လုပ်သွားမည်ဟု သိရသည်။
ရန်ကုန်တိုင်း ဒေသကြီး၌ ယခုနှစ်အတွင်း အိမ်ခန်းပေါင်း ၁၈၀၀ ကျော် ရရှိနိုင်မည့် အငှားအိမ်ရာများ တည်ဆောက်နေပြီး သင့်လျော်သည့် နှုန်းထားဖြင့် ငှားရမ်းရောင်းချနိုင်ရန် ဆွေးနွေးနေ










