ရေဘေးကယ်ဆယ်ရင်း သေဆုံးသွားသော ကြက်ခြေနီစေတနာလုပ်အားရှင် ဦးကျော်ကျော်လင်း၏ ကျန်ရစ်သူမိသားစုအတွက် အာမခံကြေးနှင့် ဟင်နရီဒူးနန့်ဆုရရှိရန် မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ အဆိုတင် သွင်းထားကြောင်း မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ သိရသည်။
အာမခံကြေးအနေဖြင့် ၃၀၀၀ CHF မြန်မာကျပ်ငွေ သိန်း ၃၀ ကျော်ခန့်နှင့် ဦးကျော် ကျော်လင်း၏ စွန့်လွှတ်စွန့်စားဆောင်ရွက်ခဲ့ မှုများအတွက် ဟင်နရီဒူးနန့်ဆုရရှိရန် အဆို တင်သွင်းထားကြောင်းနှင့် လက်ရှိအချိန်အထိ အနယ်နယ်အရပ်ရပ်မှ ဦးကျော်ကျော်လင်း၏ ကျန်ရစ်သူ မိသားစုအတွက် ကူညီထောက်ပံ့ ငွေ ၄၅ သိန်းကျော်ရရှိထားပြီးဖြစ်ကြောင်း သိရသည်။
ဦးကျော်ကျော်လင်းအား ရှာဖွေတွေ့ရှိ ချိန်မှ ဈာပနပြီးဆုံးသည်အထိ ကုန်ကျစရိတ် များကို ရန်ကုန်တိုင်းဒေသကြီးမှ ကြက်ခြေနီ စေတနာလုပ်အားရှင်များက ကျခံလှူဒါန်းပေး ခဲ့ကြခြင်းဖြစ်ကြောင်းနှင့် မြန်မာနိုင်ငံ ကြက် ခြေနီအသင်းအနေဖြင့် ပျောက်ဆုံးသွားသော ဦးကျော်ကျော်လင်းကို သြဂုတ် ၂၄ ရက် ညနေ ပိုင်းက ကြည့်မြင်တိုင်မြို့နယ်၊ ထီးတန်းအ နောက်ဘက်၊ ဗားကရာဆိပ်ကမ်းအနီး၊ လှိုင် မြစ်အတွင်း၌ ပြန်လည်တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
လှိုင်မြစ်အတွင်း ပျောက်ဆုံးသွားသော ကြက်ခြေနီစေတနာလုပ်အားရှင် ဦးကျော် ကျော်လင်းကို သြဂုတ်၂၄ ရက်က ပြန်လည် တွေ့ရှိခဲ့ရာ ကြျွင်းကျန်ရစ်သောရုပ်အလောင်းအား သြဂုတ်၂၅ရက်၊ ညနေပိုင်းကရေဝေးသု သာန်၌မီးသင်္ဂြိုဟ်ခဲ့ကြောင်း သိရသည်။
ရေဘေးကယ်ဆယ်ရင်း သေဆုံးသွားသော ကြက်ခြေနီစေတနာလုပ်အားရှင် ဦးကျော်ကျော်လင်း ဟင်နရီဒူးနန့်ဆုရရှိရန် မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ အဆိုတင်သွင်းထား









