တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အား ဂျပန်နိုင်ငံ အဆာဟိရှင်ဘွန်း သတင်းဌာနမှ တွေ့ဆုံမေးမြန်း

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အား ဂျပန်နိုင်ငံ အဆာဟိရှင်ဘွန်း သတင်းဌာနမှ တွေ့ဆုံမေးမြန်း
Published 22 August 2015

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် သြဂုတ် ၂၁ ရက် နံနက် ၁၀ နာရီတွင် ဂျပန်နိုင်ငံ အဆာဟိရှင်ဘွန်းသတင်းဌာန၊ ရန်ကုန်ဌာနခွဲမှ အကြီးအကဲဖြစ်သူ Mr. Makoto Igarashi  အား ဘုရင့်နောင်ရိပ်သာ ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံ၍ ၎င်းတို့ သတင်းဌာန၏ မေးမြန်းမှုများကို ပြန်လည်ဖြေကြားခဲ့ကြောင်း ကာကွယ်ရေးဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
 
ယင်းသို့ တွေ့ဆုံရာတွင် မြန်မာ့နိုင်ငံရေး နှင့် တပ်မတော်၏ အခန်းကဏ္ဍ၊ မကြာမီ ပြု လုပ်မည့် အထွေထွေရွေးကောက်ပွဲနှင့် ရွေးကောက်ပွဲကာလအလွန် အခြေအနေများ၊ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ကိစ္စရပ်များ၊ မြန်မာ့စီးပွားရေး ဦးပိုင်လီမိ တက်နှင့် မြန်မာစီးပွားရေးကော်ပိုရေးရှင်း 
တို့၏ လုပ်ငန်းဆောင်ရွက်မှု အခြေအနေများ၊ မြန်မာနိုင်ငံအတွင်း ဖြစ်ပေါ်ခဲ့သော သဘာ၀ ဘေးဒဏ်များတွင်တပ်မတော်မှပါဝင်ဆောင် ရွက်နေမှု အခြေအနေများ၊ မြန်မာ့ တပ်မ တော်နှင့် နိုင်ငံတကာတပ်မတော်များ၏ ဆက်ဆံရေးအခြေအနေများနှင့် စပ်လျဉ်း၍ မေးမြန်းမှုများအပေါ် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က သဘောထားအမြင်များအား ရှင်းလင်းပြောကြားခဲ့သည်ဟု သိရသည်။
 
အဆာဟိရှင်ဘွန်းသတင်းစာသည် ဂျပန်နိုင်ငံတွင် ရှေးအကျဆုံးပုဂ္ဂလိက သတင်းစာတစ်ခုဖြစ်ပြီး ပထမဆုံးသတင်းစာကို ၁၈၇၉ ခုနှစ်၊ ဇန်နဝါရီ ၂၅ ရက်တွင် အိုဆာကာမြို့၌ စတင်ထုတ်ဝေခဲ့ကြောင်း၊ မြန်မာနိုင်ငံအပါအဝင် တစ်ကမ္ဘာလုံးတွင် ရုံးခွဲ ၂၉ ခုဖွင့်လှစ်ထားရှိပြီး လက်ရှိနေ့စဉ် နံနက်ပိုင်းသတင်းစာ ၇ ဒသမ ၇ သန်းနှင့် ညနေပိုင်းသတင်းစာ ၂ ဒသမ ၉ သန်း ထုတ်ဝေလျက်ရှိကြောင်း သိရသည်။

Most Read

Most Recent