တပ်မတော်ပုံရိပ်

တပ်မတော်ပုံရိပ်
Published 27 March 2015
နီငြိမ်း (အညာတက္ကသိုလ်)

တပ်မတော်ပေါ်ပေါက်လာပုံ၂၀၁၅ ခုနှစ် မတ် ၂၇ ရက်မှာ တပ်မတော်နေ့ ဖြစ်သည်။ ရှေးယခင်ကမူ တော်လှန်ရေးနေ့ဟု ခေါ်ခဲ့ကြ၏။မိမိတို့နိုင်ငံသည် ကိုယ့်မင်းကိုယ်ချင်းဖြင့် လွတ်လပ်စွာနေထိုင်ခဲ့ရာ ၁၈၈၅ ခုနှစ်တွင် သီပေါမင်းပါတော်မူပြီး သူ့ကျွန်ဘ၀ ရောက်ခဲ့ရ၏။ ကျွန်ဘဝရောက်ရသော်လည်း နယ်ချဲ့ဗြိတိသျှတို့အား နိုင်ငံရေးနည်း စစ်ရေးနည်းများဖြင့် တော်လှန်ခဲ့ကြလေသည်။၁၉၃၆ ခုနှစ်တွင် ရန်ကုန်တက္ကသိုလ်၌ ဒုတိယအကြိမ် ကျောင်းသားသပိတ်ကြီးပေါ်လာရာ အစိုးရက ၉၁ ဌာန အုပ်ချုပ်ရေးဟု အမည်ပေးကာ ဗမာပြည်ကို အိန္ဒိယပြည်မှ ခွဲလိုက်သည်။၁၉၃၈ ခုနှစ်သပိတ်တွင် ကျောင်းသားခေါင်းဆောင် ဗိုလ်အောင်ကျော် ကျဆုံးသည်။ ဦးနုနှင့် ဗိုလ်ချုပ်ကို ကျောင်းမှ ရာသက်ပန် ထုတ်ပယ်လိုက်သည်။ ၁၉၃၉ ခုနှစ်တွင် ဒုတိယကမ္ဘာစစ်ကြီးဖြစ်ရာ အင်္ဂလိပ်တို့မှာ နိုင်ငံရေးအခက်အခဲများ (Political Crisis) နှင့် ကြုံရသည်။အင်္ဂလိပ်အခက် ဗမာ့အချက်နှင့် သခင်လှမြိုင်သို့ အမွိုင်သို့ ထွက်ခွာခဲ့သည်။ အရှေ့တိုင်းသားချင်း လက်တွဲ၍ အင်္ဂလိပ်ကို တိုက်ထုတ်မည်ဟု ဆုံးဖြတ်ပြီး ၁၉၄၁ ခုနှစ် နှစ်ဆန်းပိုင်းတွင် ဗိုလ်ချုပ်သည် ရဲဘော်သုံးကျိပ်ကို ပြည်ပသို့ ခေါ်ထုတ်သွားခဲ့သည်။ဟိုင်နန်ကျွန်းပေါ်တွင် စစ်ပညာများကို ပင်ပန်းစွာသင်ယူပြီး ဗမာပြည် ပြန်ဝင်လာခဲ့သည်။ ယိုးဒယားနိုင်ငံ ဘန်ကောက်အရောက် ၁၉၁၃ ခုနှစ် ဒီဇင်ဘာ ၂၆ ရက်တွင် ဗမာ့လွတ်လပ်ရေးတပ်မတော် (B.I.A) ကို ထူထောင်လိုက်သည်။ BIA မှ BDA သို့ဘီအိုင်အေတပ်များသည် ရန်ကုန်ဘက်မှ လှည့်ပြီး ဗမာပြည်တွင်းသို့ ပြန်လည် ဝင်ရောက်ခဲ့သည်။ ၁၉၄၂ ခုနှစ် ဇူလိုင်လတွင် B.I.A ကို BDA (Burma Defence Army) အဖြစ် အသွင်ပြောင်းဖွဲ့စည်းသည်။၁၉၄၃ ခုနှစ်တွင် ဒေါက်တာဘမော်က ဗမာပြည်ကို ရွှေရည်စိမ်လွတ်လပ်ရေးကို ဂျပန်ထံမှ ယူပေးခဲ့သည်။ ဗိုလ်ချုပ်ကိုလည်း စစ်သေနာပတိချုပ်အဖြစ် အသိအမှတ်ပြုခဲ့ပါသည်။ BDA ခေတ်တွင် ဗိုလ်ချုပ်က တပ်မတော်နှင့် ပတ်သက်ပြီး-“ ရဲဘော်တို့ ဒီနေ့ စတင်ဖွဲ့စည်းတဲ့ ဗမာ့တပ်မတော်ဟာ ဝတ္ထုပစ္စည်းအင်အား၊ စစ်ပညာအင်အားအနေနဲ့ ပထမတန်းစား စစ်တပ်တစ်ခု မဟုတ်သေးဘူး။ ဒါပေမဲ့ စိတ်ဓာတ်အင်အားနဲ့ လွတ်လပ်ရေးအတွက် ကြိုးပမ်းမယ်ဆိုတဲ့ ဇွဲမျိုး ရှိပြီးဖြစ်သည်”“ခု ငါတို့ စစ်တိုက်ထွက်ရမယ်။ သားသမီး၊ သားမယားတွေကို စွန့်လွှတ်နိုင်ရမယ်။ မစွန့်လွှတ်နိုင်ရင် လိုက်မလာကြနဲ့။ မလိုက်ချင်ရင် ခုကတည်းက ထွက်ဆိုနိုင်တယ်”“လွတ်လပ်ရေးရဖို့ မကြာခင်မှာ ဗြိတိသျှကို တိုက်ကြရမယ်။ အဲဒီအခါ တို့ မှာစားစရာမရှိ၊ ဝတ်စရာမရှိ၊ ရဲဘော်တွေအိပ်ဖို့ မြေကြီး၊ စားဖို့ ကျောက်ခဲပဲ တတ်နိုင်တယ်။ စစ်တပ်ထဲဝင်ပြီး အမှုထမ်းလို့ သူဌေးကြီးတွေဖြစ်လာကြမယ် မမျှော်မှန်းနဲ့၊ လွတ်လပ်ရေးရပြီး ဗမာပြည်ကို ဆိုရှယ်လစ်လူ့ဘောင် တည်ထောင်နိုင်တဲ့အထိ ရဲဘော်အားလုံး ကာယအား၊ ဉာဏအားနဲ့ ဝင်ရောက်ပါဝင်ရမယ်” စသည်ဖြင့် မိန့်မှာခဲ့ဖူးပေသည်။၁၉၄၂ ခုနှစ် ဇူလိုင်လတွင် BIA ကို BDA အဖြစ် ပြန်လည်ဖွဲ့စည်းပြီး နောင်အခါ မျိုးချစ်တပ်မတော် (PBF) အဖြစ် ပေါ်ပေါက်လာခဲ့သည်။၁၉၄၅ ခုနှစ် စက်တင်ဘာလတွင် သီဟိုဠ်နိုင်ငံ ကန္နီမြို့၌ ဗမာ့တပ်မတော်ကို စစ်သည် ၅၂၀၀ နှင့် အရာရှိ ၂၀၀ သာ ထားခွင့်ရခဲ့သည်။ ၁၉၄၆ ခုနှစ်ဆန်းပိုင်းတွင် စစ်သည်  ၅၇၀၀ ဖြစ်လာသည်။ပြည်သူ့လက်ရုံး လက်သီး၊ ဓားထိုး၁၉၄၄ ခု ဒီဇင်ဘာလတွင် ဗိုလ်ချုပ်က ငါတို့တပ်မတော်ဟာ ပြည်သူထဲက ပေါက်ဖွားလာတဲ့ တပ်မတော်ဖြစ်တယ်။ ပြည်သူ့အကျိုးကို ကာကွယ်စောင့်ရှောက်ရမယ်။ ပြည်သူ့တပ်မတော်ဟာ ပြည်သူကို အခြေခံပြီး ပြည်သူတွေနဲ့ အဆက်မပြတ် ကွဲပြားခြားနားမှု မရှိ။ တစ်သားတည်း ရှိနေရမယ်။ တပ်မတော်ဟာ ပြည်သူတို့လက်ရုံး၊ လက်သီး၊ ဓားသွားတွေ ဖြစ်စေရမယ်။ အဲဒီ လက်သီး၊ လက်ရုံး၊ ဓားသွားများနဲ့ ပြည်သူ့ရန်ကို ဖြို ဖျက်ကြရမယ်ဟု တိကျခိုင်မာစွာ ပြောကြားပြီး နယ်ချဲ့ဖက်ဆစ်တွေကို ဗမာ့မြေပေါ်မှ မောင်းထုတ်ခဲ့သည်။၁၉၄၅ ခု ဖက်ဆစ်တော်လှန်ရေးဗြိတိသျှတပ်တွေ အိန္ဒိယဘက် ထွက်ပြေးသွားတဲ့အခါ ဂျပန်တို့က ဗမာပြည်ကို ပြန်လည်အုပ်ချုပ်ခဲ့သည်။ ထောင်မလဲသဲကော် ဂျပန်စက္ကူတွေ ထုတ်ခဲ့တယ်။ ပြည်သူကို ရေနွေးလောင်းခဲ့သည်။ထိုအခါ ဘကြီးမှိုင်းက (အောင်ဆန်း ... မင်းပင့်လာတဲ့ဘုရားတွေ မင်းပြန်ပို့တော့)ဟု မိန့်ကြားခဲ့လေသည်။သို့နှင့် ၁၉၄၅ ခု မတ် ၂၇ ရက်တွင် ဗိုလ်ချုပ်အဖွဲ့များက ဖက်ဆစ်ကို တိုက်ထုတ်ခဲ့သည်။ စစ်ကြောင်းကြီး ခုနစ်ကြောင်းခွဲ၍ တိုက်ခဲ့သည်။ မြောက်ပိုင်းတွင် ဗိုလ်ဗထူးက ခေါင်းဆောင်သည်။ ဗိုလ်အာဠာဝက ခေါင်းဆောင်၍ (၃၇) ကြိမ် ရင်ဆိုင်တိုက်ရသည်။၁၉၄၅ ခု တော်လှန်ရေးတွင်-    ရင်ဆိုင်တိုက်ပွဲ    ၄၁၀ ကြိမ်-    ရန်သူ့အင်အား    ၅၅၆၂၁၀ ဦး-    ရန်သူကျဆုံး            ၈၈၂၆ ဦး-    ရန်သူဒဏ်ရာရ    ၂၃၀၄ ဦး-    ဖမ်းမိစစ်သုံ့ပန်း    ၂၀၅ ဦး-    တပ်မတော်မှကျဆုံး    ၂၀၃ ဦး-    တပ်မတော်မှဒဏ်ရာရ    ၂၄၄ ဦး  ရှိခဲ့သည်။ဖက်ဆစ်တို့ထံမှ ဂျပန်ရိုင်ဖယ် ၁၃၇၃ လက်၊ ၎င်းကျည် ၄၇၂၅ တောင့်၊ လှံစွပ် ၉၇၀ ရရှိခဲ့သည်။ လက်ဗုံးမျိုးစုံ ၁၃၄၈ လုံး၊ ခြောက်လုံးပြူး ၅၀၊ ပစ္စတို ၅၀၊ ဂျပန်ဓားရှည် ၃၇ ချောင်း၊ စိန်ပြောင်းကြီး ၂၇ လက်၊ ဂျပန်စက်ကြီး ကိုးစုံ၊ ကျည်သုံးသောင်းကျော်လည်း ရရှိခဲ့၏။ ဂျပန်ဖက်ဆစ်များ ထိုနှစ် ဧပြီ ၂၃ ရက်တွင် ဆုတ်ခွာထွက်ပြေးသည်။လွတ်လပ်ရေးရပြီးနောက်၁၉၄၈ ခုနှစ် ဇန်နဝါရီ ၄ ရက်တွင် တစ်နိုင်ငံလုံး လွတ်လပ်ရေးရခဲ့သည်။ ရွှေရည်စိမ်လွတ်လပ်ရေးဟု စွပ်စွဲကာ (BCP) များ စတင်တောခိုခဲ့သည်။မရှေးမနှောင်းပင် KNDO, NNDO  မွန်သူပုန်များ ပေါ်လာသည်။ ၄၉၊ ၅၀ လောက်က လက်နက်ကိုင် သူပုန်အင်အား ၅၀၀၀၀ နီးပါးရှိခဲ့သည်။ ဤတွင် တပ်မတော်က ၁၉၄၉ ခု မှ ၅၂ ခုအတွင်း အင်းစိန်စော်ဘွားကြီးကုန်း၊ ဖြူး၊ ညောင်လေးပင်၊ တောင်ငူ၊ ရေတာရှည်၊ မြင်းခြံ၊ မိတ္ထီလာတို့တွင် ပြည်တွင်းရန်ကို နှိမ်နင်းခဲ့သည်။ဤကာလအတွင်း ဂျင်နရယ်လီမီ ဦးစီးသော တရုတ်ဖြူများ မိုင်းတုံ၊ မိုင်းဆတ်နယ်မြေတွင်း ဝင်လာရာ တိုက်ထုတ်ပစ်ခဲ့ရ၏။ စစ်ဆင်ရေး ကြီး၊ ငယ်များကို အကြမ်းဖျင်းတင်ပြရလျှင်--    ၁၉၅၃ခု နဂါးနိုင်နှင့် ဗန္ဓုလစစ်ဆင်ရေး။-    ၁၉၅၄ ခု ယုဇန၊ ရန်ကြီးအောင်စစ်ဆင်ရေး။-    ၁၉၅၅ ခု ဘုရင့်နောင်စစ်ဆင်ရေး၊ မိုင်းတုံ၊ မိုင်းဆတ် ။-    ၁၉၅၆ ခု အောင်မာဃစစ်ဆင်ရေး (ပခုက္ကူ၊ ရေစကြို)။-    ၁၉၅၈ ခု ကတူးဂနန်းစစ်ဆင်ရေး။-    ၁၉၆၉ ခု ရွှေလင်းယုန်၊ မိုးဟိန်        စသည်ဖြင့် ဖြစ်ပါသည်။

Most Read

Most Recent