ဆန္ဒပြကျောင်းသားများအပြင် သတင်းထောက်များကိုပါ ရဲတပ်ဖွဲ့က အကြမ်းဖက် ရိုက်နှက်ဖမ်းဆီးမှုနှင့် ပတ်သက်၍ အကြမ်းဖက်မှုမှန်သမျှကို မထောက်ခံကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။ဒေါ်အောင်ဆန်းစုကြည်က နေပြည်တော်၌ မတ် ၁၁ ရက်က ပြုလုပ်သည့် ပထမအကြိမ် ပြည်သူ့လွှတ်တော် (၁၂) ကြိမ်မြောက် ပုံမှန်အစည်းအဝေး မစမီအချိန်တွင် မီဒီယာများ၏ မေးမြန်းမှုအပေါ် အထက်ပါကဲ့သို့ ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။သတင်းထောက်တစ်ဦးက ကျောင်းသားများအား ရိုက်နှက်ဖမ်းဆီးမှုနှင့် ပတ်သက်၍ မေးမြန်းရာတွင် “အဖွဲ့ချုပ်အနေနဲ့ ကြေညာချက်ထုတ်မှာပါ။ အကြမ်းဖက်မှု ဆိုတာကိုတော့ အဖွဲ့ချုပ်က ဘယ်တုန်းကမှ ထောက်ခံခဲ့တာ မဟုတ်ဘူး။ အဲဒီတော့ ဒါတော့ ထွေထွေထူးထူး ပြောစရာမရှိပါဘူး။ တရားဥပဒေ စိုးမိုးရေးနဲ့ အားလုံးက ဆိုင်တာပဲ” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။“ကျွန်တော်တို့ မီဒီယာအနေနဲ့ အလားအလာ မကောင်းဘူးလား” ဟု သတင်းထောက်တစ်ဦးက မေးမြန်းရာတွင် “နေပါဦး။ မီဒီယာအနေနဲ့ ဘယ်တုန်းက အလားအလာ ကောင်းခဲ့လို့လဲ” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြန်လည်ဖြေကြားသည်။ဆက်လက်ပြီး ၎င်းက “ဥပဒေဆိုတာ လိုအပ်တဲ့ အင်အားထက် ပိုပြီး မသုံးရဘူး ဆိုတာလည်း ပါတယ်လို့ ထင်ပါတယ်” ဟု ပြောကြားသည်။ဆန္ဒပြကျောင်းသားများအား အကြမ်းဖက်ရိုက်နှက် ဖမ်းဆီးမှုနှင့် ပတ်သက်၍ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဌေးဦးအား မေးမြန်းရာတွင် “ဓာတ်ပုံတွေကတော့ အများကြီးပဲ ထွက်ပြေးနေတဲ့လူတွေကို ရိုက်တာတွေ့တယ်။ ကျွန်တော်လည်း တွေ့ပါတယ်။ တချို့ဥစ္စာတွေမှာတော့ တန်းတွေဆွဲဖြဲ လုပ်နေတာတွေလည်း တွေ့ပါတယ်။ တဲတွေဖြုတ်နေတာလည်း တွေ့တယ်။ မျိုးစုံပဲ ကျွန်တော်တို့ မသေချာဘူး။ ဒီကနေ ကြည့်တဲ့ ဥစ္စာကိုတော့။ သူတို့ ဟိုမှာရှိနေတဲ့ လူတွေကတော့ သေချာမယ်။ ကောင်းတာတော့ အေးအေးချမ်းချမ်းနဲ့ ညှိနှိုင်းဖြေရှင်းရင် ရမယ်လို့ ထင်တယ်။ အခြေခံ အကြောင်းတရားကတော့ ပညာရေးဥပဒေပဲ” ဟု ပြောကြားသည်။“အခြေခံဖြစ်လာတဲ့ ဥစ္စာက ပညာရေးဥပဒေ။ အဲဒီတော့ ပညာရေးဥပဒေ ဆိုတဲ့အတွက် ကျောင်းသားတွေနဲ့ ပတ်သက်တယ်။ ပညာရေးလောကနဲ့ ပတ်သက်တယ်။ ဒီဥစ္စာနဲ့ ပတ်သက်လို့ ဒါကျွန်တော်တို့ အမျိုးသားလွှတ်တော်ပေါ့။ အမျိုးသားလွှတ်တော်မှာ ရောက်နေပြီ။ ဖြေရှင်းနေကြပြီ။ ဖြေရှင်းနေကြပြီဆိုရင် စောင့်ကြည့်ရမှာပေါ့။ ဘာပဲပြောပြော သပိတ်ထဲကလူတွေကို ကျွန်တော်တစ်မျိုးပြောတာ မဟုတ်ပါဘူး။ သူတို့အာရုံက ဒီအထဲမှာ ထိုင်နေရတဲ့အတွက် ဒီပညာရေးဥပဒေနဲ့ ပတ်သက်လို့ သူတို့ စဉ်းစားနိုင်ပါ့မလား။ တကယ်စဉ်းစားနိုင်တာတော့ အပြင်မှာ ဥပဒေကြောင်းနဲ့အညီ စဉ်းစားနိုင်မယ့်ဆိုတဲ့ ပုဂ္ဂိုလ်တွေက လုပ်နေကြပြီပဲ။ လုပ်နေကြတဲ့ အပေါ်မှာ မူတည်ပြီးတော့မှ ဒါလေးစဉ်းစားလိုက်ရင် မကောင်းဘူးလား။ ကျွန်တော့်အမြင် ပြောတာပါ” ဟု ဦးဌေးဦးက ဆက်လက်ပြောကြားသည်။“သတင်းယူတဲ့ သတင်းပြန်ကြားရေး အဖွဲ့ကဖြစ်တဲ့ မီဒီယာကိုပါ ရိုက်ဖမ်းတယ်ဆိုတဲ့ အပေါ်မှာ ဘယ်လိုမြင်ပါသလဲ” ဟု သတင်းထောက်တစ်ဦးက မေးမြန်းရာတွင် “ကျွန်တော်ထင်တယ်။ အဲဒီအထဲမှာ ရှိနေသလား မသိဘူး။ မရှိဘဲနဲ့ အဝေးကြီးကနေ ခေါ်လာပြီး မရိုက်ဘူးထင်တယ်။ အဲဒီအထဲမှာ ရှိနေလား အဲဒီလူတွေ။ ရှိနေရင်တော့လည်း ဒီလိုအုပ်စုထဲမှာ ဝင်နေရင်တော့ ဒီလိုရုတ်ရုတ်သဲသဲ ဖြစ်တယ် အချိန်ကျရင်တော့ ရောပါတတ်တာပဲ။ ကျွန်တော်သွားလည်း ပါမှာပဲ။ ခင်ဗျားသွားရင်လည်း ပါနိုင်တယ်” ဟု ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဌေးဦးက ပြန်လည်ဖြေကြားသည်။
ဆန္ဒပြကျောင်းသားများအပြင် သတင်းထောက်များကိုပါ ရဲတပ်ဖွဲ့က အကြမ်းဖက်ရိုက်နှက် ဖမ်းဆီးမှုနှင့် ပတ်သက်၍ အကြမ်းဖက်မှုမှန်သမျှကို မထောက်ခံကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား