စီးပွားရေးလုပ်ငန်းတွေမှာ မော်ဒယ်ကောင်းတွေလိုတယ်လို့ ခေါင်းစဉ်တပ်လိုက်လို့ ဒီကနေ့ခေတ်စားနေတဲ့ အမျိုးသမီးချော ချောလှလှမော်ဒယ်လေးတွေကို အတွေးမ ချော်စေလိုပါ။ စာရေးသူအခုပြောမယ့် မော်ဒယ်က စီးပွားရေးလုပ်ငန်းတွေ ရေရှည်အောင် မြင်ဖို့လိုအပ်တဲ့ စီးပွားရေးလုပ်ငန်းမော်ဒယ် တွေ (Business Models) ဖြစ်ပါတယ်။ ဒီ စကားလုံးက အင်တာနက်ခေတ်မှာ လူတိုင်း ပါးစပ်ဖျားမှာ ရေပန်းစားလာတဲ့စကားလုံး တွေထဲက တစ်ခုဖြစ်ပါတယ်။ စီးပွားရေးလုပ် ငန်းမော်ဒယ်တွေကနေ
- ဘယ်သူတွေက မိမိလုပ်ငန်းရဲ့ဖောက်သည်တွေလဲ။
- ကျွန်တော်တို့က စီးပွားရေးလုပ်ငန်း ကနေ ငွေရအောင်ဘယ်လိုလုပ်ဆောင် ကြမလဲ။
- အောက်ခံဘာစီးပွားရေးလုပ်ငန်းသ ဘောတရားတွေက ကျွန်တော်တို့ကနေ ဖောက်သည်တွေကို သင့်တင့်တဲ့ ကုန်ကျစရိတ်တွေနဲ့ ဘယ်လိုတန်ဖိုးပေါင်းထည့် ပေးတာမျိုးတွေ လုပ်ဆောင်ပေးနိုင်ကြမလဲ။ ဆိုတဲ့မေးခွန်းတွေရဲ့အဖြေတွေကို စီးပွားရေးမော်ဒယ်တွေကနေ ဖြေပေးနိုင်စေမှာ ဖြစ်တယ်။ စီးပွားရေးလုပ်ငန်းတစ်ခုကို စီး ပွားရေးလုပ်ငန်းမော်ဒယ်က ဘယ်လိုလုပ်ရ မယ်ဆိုတာကို ရှင်းလင်းပေးတာဖြစ်တယ်။ ကောင်းတဲ့စီးပွားရေးမော်ဒယ်က စီးပွားရေး လုပ်ငန်းကလုပ်ငန်းအသစ်ဖြစ်စေ အခြေကျ ပြီးစီးပွားရေးလုပ်ငန်းဖြစ်စေ အောင်မြင်တဲ့ စီးပွားရေးအဖွဲ့အစည်းတိုင်းအတွက် ဆက်လက်လိုအပ်နေဆဲဖြစ်မှာဖြစ်တယ်။ စီးပွား ရေးလုပ်ငန်းတွေအများစုမှာ ကုန်ကျစရိတ် တွေကရရှိတဲ့ဝင်ငွေထက် ပိုများနေတတ်ကြ တယ်။ တစ်ဦးတစ်ယောက်အနေနဲ့ သင့်ရဲ့ထုတ်ကုန်ကို မဝယ်ယူခင်မှာ ဒီအချက်ကိုဦးစွာသိအောင် လုပ်ရမှာဖြစ်တယ်။ ကုန်ကျစ ရိတ်နည်းပြီး ဝင်ငွေများပါမှ အမြတ်ဆိုတာ ရရှိမယ်၊ အမြတ်ရပါမှ မိမိရဲ့စီးပွားရေးက လည်း ရေရှည်တည်တံ့နိုင်မှာဖြစ်ပါတယ်။ တစ်ခါအမြတ်တစ်ခုတည်းရဖို့မကြည့်ရဘဲ ထုတ်ကုန်ပစ္စည်းကိုဝယ်ယူမယ့် ဖောက်သည်တွေကို တန်ဖိုးပေါင်းထည့်ပေးနိုင်မှု (Value Adding) ကိုလည်း လုပ်ဆောင်ပေးရမှာဖြစ် တယ်။ ဒီနေရာမှာ စီးပွားလုပ်ငန်းမော်ဒယ် နဲ့ စီးပွားရေးလုပ်ငန်းနည်းဗျူဟာ (Business Strategy) ကိုလည်း မတူညီတာကိုရှင်းပြ လိုပါတယ်။ ဒါနဲ့ပတ်သက်ပြီး စာရေးသူ ကိုယ်တိုင်ပေးလိုက်ရဘူးတဲ့ စီးပွားရေးနည်း ဗျူဟာတစ်ခုကို ဗဟုသုတအဖြစ်ပေးပါမယ်။ စာရေးသူရဲ့သင်တန်းသားတစ်ယောက်က PVC ပိုက်တွေကို United Plastic Industry အတိုကောက် UPI အနေနဲ့ထုတ်လုပ်တယ်။ လုပ်ငန်းအစမှာ သူတစ်ဦးတည်းဈေးကွက် မှဦးဆောင်နိုင်မှု (Market Leadership) ရ နေတာမို့ ဈေးကွက်ဝေစုက ၁ဝဝ ရာခိုင်နှုန်း အပြည့်ရနေတယ်။ သို့ပေမဲ့ စီးပွားရေးလုပ်ငန်း သဘောထားအရ နောက်ပိုင်းမှာ ပြိုင် ဆိုင်မှုဆိုတာပေါ်လာတယ်။ အခြားလုပ်ငန်း ပြိုင်တစ်ယောက်ကလည်း PVC Pipe အနေနဲ့ UPI ချင်းတူတဲ့ ထုတ်ကုန်ပစ္စည်း အပြိုင်ဝင်လာတဲ့အခါ ပထမဝင်ထားသူဖြစ်တဲ့ စာရေးသူရဲ့သင်တန်းသားက မူလဈေးကွက် ၁ဝဝ ရာခိုင်နှုန်းရရှိနေရာကနေ ဈေးကွက်ဝေစု ၅ဝ ရာခိုင်နှုန်းသာရရှိတော့တယ်။ အဲ့ဒီမှာ စာရေးသူထံ ရောက်လာပြီး အကျိုးအကြောင်း ပြောပြတော့ စာရေးသူက သူ့ကိုဈေးကွက်ဝေစုပို့ရမယ့် နည်းဗျူဟာတစ်ခု ပေးလိုက်တယ်။ အဲ့ဒါကတော့ မိမိကို အပြိုင်လုပ်လာသူကို ပြန်တိုက်တဲ့ Fighter Brand တစ်ခုထွင်ခိုင်းလိုက်တယ်။ အရှင်းဆုံးဆိုရရင် နောက်ထပ်ထုတ်ကုန် အမည်တစ်ခုနဲ့ အလားတူပစ္စည်းကို ထုတ်ခိုင်းလိုက်တယ်။ အဲ့ဒီ PVC ပိုက်ရဲ့ထုတ်ကုန်အမည်က ဥပမာ ABC ဆိုပါစို့။ ဈေးကွက်အတွင်းမှာ UPI အမည်တူ PVC နဲ့ ABC အမည် တပ် PVC တွေဖြစ်လာတယ်။ စာရေးသူက နောက်ထပ်အမည်သစ်ပေးထားတဲ့ ပစ္စည်း ကလည်း အမှန်ကမူလ UPI အရည်အသွေး PVC တွေဖြစ်တယ်။ အဲဒီ့နောက်အမည်နဲ့ PVC ပိုက်တွေကို မူလ UPI ထက်ဈေးအ နည်းငယ်လျှော့ပြီး ရောင်းခိုင်းလိုက်တယ်။ အဲ့ဒီမှာ စာရေးသူရဲ့သင်တန်းသားက ဈေး ကွက်ဝေစုနောက်ထပ် ၂၅ ရာခိုင်နှုန်းတက် လာပြီး ၇၅ ရာခိုင်နှုန်းရလာတယ်။ ဒီသဘောတရားနဲ့ ဈေးကွက်မှာ ဝင်နေတဲ့ ထုတ်ကုန် ပစ္စည်းတွေများစွာတွေ့ရမှာဖြစ်တယ်။ ဒါက ဈေးကွက်မှာ စီးပွားရေးနည်းဗျူဟာအသုံး ပြုတာဖြစ်တယ်။ စီးပွားရေးလုပ်ငန်းတွေ မှာအသုံးပြုနိုင်တဲ့ နည်းဗျူဟာတွေများစွာ ရှိပါတယ်။
ဒီကနေ့ ၂၁ ရာစုကနည်းပညာတွေ တိုးတက်မြင့်မားလာတာနဲ့အမျှ စီးပွားရေး လုပ်ငန်းမော်ဒယ်တွေကလည်း ပိုပြီးအဆင့် မြင့်လာတယ်ဆိုတာတွေ့ရမှာဖြစ်တယ်။ စာ ရေးသူတို့နိုင်ငံက ဘက်ပေါင်းစုံမှာ တိုးတက် မှုနှေးကွေးနေခဲ့တာကြောင့် တိုးတက်တဲ့နိုင်ငံ တွေလို ခေတ်မီတဲ့စီးပွားရေးလုပ်ငန်းမော် ဒယ်တွေဖြစ်မလာသေးပါ။ ဟိုယခင်ကငွေ ကြေးဆိုင်ရာ ဝန်ဆောင်မှုလုပ်ငန်းတွေကို မှန်ကန်တဲ့စီးပွားရေးမော်ဒယ်တည်ဆောက် ထားမှုမရှိဘဲ လုပ်ကိုင်ခွင့်တွေပေးခဲ့ရာမှ တစ် ဘက်မှာ ငွေကြေးဈေးကွက်အသိပညာတွေ နည်းပါးခဲ့တာတွေကြောင့် ငွေကြေးဆုံးရှုံးမှု တွေများစွာဖြစ်ပေါ်ခဲ့တယ်။
ဒီမိုကရေစီခေတ်မှာ နိုင်ငံသားတွေအကျိုးအတွက် ရန်ကုန်စတော့ရှယ်ယာဈေး ကွက်က ၂ဝ၁၅ ခုနှစ်မှာပေါ်လာစေတော့မှာ ဖြစ်ပေမယ့် အဲ့ဒီဈေးကွက်မှာငွေကြေးဆိုင်ရာ သက်သေခံလက်မှတ်များ ရောင်းဝယ်ရေး မော်ဒယ်ကိုစနစ်တကျ တည်ဆောက်ဖို့လိုအပ်တယ်။ အဲဒီစီးပွားရေး မော်ဒယ်သဘောတရားတွေကိုလည်း မိမိနိုင်ငံသားတွေသိအောင် အသိပညာပေးတာတွေ များစွာလုပ်ဆောင်ပေးဖို့ လိုအပ်တယ်။ ၂၁ ရာစုမှာ အီလက်ထရွန်းနစ်နည်းပညာတွေ မျှော်မှန်းထားတာထက် လျင်မြန်စွာပေါ်ပေါက်လာရာမှာ အီလက်ထရွန်းနစ် စီးပွားရေးမော်ဒယ် (Electronic Business Model) သော်သာမက နေရာတိုင်းမှာ အီလက်ထရွန်းနစ် မော်ဒယ်တွေများစွာ ပေါ်ပေါက်လာခဲ့တယ်။ အီလက်ထရွန်းနစ် ဘဏ်လုပ်ငန်းမော်ဒယ် (Electronic Banking Model)၊ အီလက်ထရွန်းနစ်ဈေးကွက်ဖော် ဆောင်ရေးမော်ဒယ် (Electronic Marketing Model) အီလက်ထရွန်းနစ်အစိုးရမော်ဒယ် (Electronic Government Model) စတာ တွေဖြစ်တယ်။ စီးပွားရေးလုပ်ငန်းမော်ဒယ် တွေမှာ သစ်ဆန်းမှုတွေတိုးလာတာနဲ့အမျှ မော်ဒယ်တွေကလည်း ဆန်းသစ်မှုတွေရှိလာ စေတယ်။ စီးပွားရေးလုပ်ငန်းတွေအားလုံးရဲ့ အောက်မှာ တန်ဖိုးဖြစ်ထွန်းစေမှုကွင်းဆက် တွေထားရှိလုပ်ဆောင်ရာမှာ ပြောင်းလဲမှုတွေ ရှိလာတယ်။ တစ်ခုကတော့ တစ်ခုခုလုပ် ဆောင်မှုနဲ့ဆက်စပ်နေတာက ဒီဇိုင်းပုံဖော်မှု၊ ကုန်ကြမ်းပစ္စည်းဝယ်ယူမှုနဲ့ ထုတ်လုပ်မှုစ တာတွေပါဝင်ပြီး အခြားတစ်ဖက်မှာမိမိထုတ် လုပ်တဲ့ထုတ်ကုန်ပစ္စည်းတွေဆို ဝယ်ယူကြမယ့် ဖောက်သည်တွေရှာဖွေမှု၊ ဖောက်သည် တွေထံအရောက်သွားမှု၊ အရောင်းဖြစ်စေမှု၊ ထုတ်ကုန်ဖြန့်ချိမှုနဲ့ ဝန်ဆောင်မှုပေးတာတွေ ဖြစ်ပါတယ်။ ဒါတွေကိုစနစ်တကျမော်ဒယ်ဆွဲပြီး ရုပ်လုံးဖော်ကြရတယ်။ မော်ဒယ်ကို စနစ်တကျဆွဲလေ မိမိတို့လုပ်ငန်းတွေမှာ အောင်မြင်တိုးတက်မှုရှိလာလေဖြစ်ပါတယ်။ စီးပွားရေးလုပ်ငန်းမော်ဒယ်တွေကို လုပ်ငန်း အလိုက် အဆင့်ဆင့်ရေးဆွဲကြရတာဖြစ်တယ်။ ထုတ်ကုန်တစ်ခုအတွက် စီးပွားရေးမော်ဒယ် ရေးဆွဲရာမှာ အခြေခံကျတဲ့လုပ်ဆောင်မှုတစ် ခုကို ဖော်ညွှန်းပေးရမယ်ဆိုရင် မိမိထုတ် လုပ်လိုက်တဲ့ထုတ်ကုန်က ဈေးကွက်အတွင်း မှာမရှိသေးတဲ့ထုတ်ကုန်လား။ ဒါမှမဟုတ် ပြိုင်ဆိုင်မှုတွေရှိတဲ့ ဈေးကွက်ထဲကိုဝင်ရမှာလား။ ပထမရေးဆွဲရမယ့်အချက်က မိမိထုတ် ကုန်ကို အမှန်တကယ်ဝယ်ယူနိုင်မယ့်ဖောက် သည်ပမာဏ တစ်နည်းဈေးကွက်အရွယ်အ စားကိုသိအောင်လုပ်ရမယ်။ ဈေးကွက်ကြီး သလား၊ ငယ်သလား၊ အဲဒီဈေးကွက်အရွယ် အစားအရ မိမိအတွက်ဈေးကွက်ဝေစု (Market Share) ဘယ်လောက်ရနိုင်မလဲ၊ အဲဒီရရှိမယ့် ဈေးကွက်ဝေစုနဲ့ လုပ်ငန်းရေရှည်ရပ်တည် နိုင်မလား၊ ဒါကိုစီးပွားရေးမှာ (Target Marketing) လို့ခေါ်တယ်။ နောက်တစ်ခုက ဈေး ကွက်ဆစ်ပိုင်းမှု (Market Sgmentation) လုပ်နိုင်စေရမယ်၊ ဈေးကွက်ဆစ်ပိုင်းမှုတာ က ထုတ်ကုန်ကိုအရွယ်အစားအမျိုးမျိုးနဲ့ ထုတ်လုပ်မှုဖြစ်ပါတယ်။ ဈေးကွက်ဆစ်ပိုင်း မှုသဘောတရားသိလေ များများရောင်းရပြီး အမြတ်များများရလေဖြစ်တယ်။
နောက်တစ်ခုကတော့ မိမိထုတ်ကုန်ပစ္စည်းတွေကို ဝယ်ယူမယ့်သူတွေရဲ့စိတ်မှာ စွဲသွားအောင် Product Positioning လုပ်နိုင်စေမှုဖြစ်တယ်။ ရုပ်မြင်သံကြားကြော်ငြာတွေက ဒီသဘောတရားကို ဖော်ညွှန်းပါတယ်။ စီးပွားရေးလုပ်ငန်းတစ်ခု အောင်မြင်ဖို့ရာမှာ စီးပွားရေးလုပ်ငန်း အစကနေ အဆုံးတိုင်ထိအောင် စနစ်တကျမှန်ကန်တဲ့ စီးပွားရေးမော်ဒယ်ကို ရေးဆွဲကျင့်သုံး ရုပ်လုံးဖော်ဆောင်စေဖို့ လိုအပ်တယ်။ စီးပွားရေးလုပ်ငန်း မော်ဒယ်ကောင်းရင် လုပ်ငန်းအတွင်းမှ အလုပ်လုပ်နေကြတဲ့ ဝန်ထမ်းတွေအချင်းချင်း ဆက်သွယ်မှုတွေကောင်းပြီး စိတ်ဓာတ်တက်ကြွနေစေမှာဖြစ်တယ်။ တစ်ဖက်မှာလည်းတူညီတဲ့ ရည်မှန်းချက်တွေထားရှိပြီး လုပ်ငန်းတွေကို အားကြိုးမာန်တက် ဆောင်ရွက်ကြတဲ့အတွက် လုပ်ဆောင်ချက်တွေ ကောင်းမွန်လာစေမှာဖြစ်တယ်။
စီးပွားရေးလုပ်ငန်းတွေမှာ မော်ဒယ်ကောင်းတွေ လိုတယ်
Most Read
Most Recent
9 hours ago
9 hours ago
9 hours ago
9 hours ago
9 hours ago
9 hours ago