ရှီလာနိုင်ငံသို့ အနာဂတ်နှင့်အတူ

ရှီလာနိုင်ငံသို့ အနာဂတ်နှင့်အတူ
Published 26 January 2015
နန္ဒဝင်း (ဆေး-၁)

၂ဝ၁၄ ဟာ ကျွန်တော့်အတွက် အမှတ်ရစရာ နှစ်တစ်ခုပဲဖြစ်ခဲ့ပါ တယ်။ ဒီဇင်ဘာလဆန်းပိုင်းမှာ ဧ ရာဝတီတိုင်းအတွင်းက ၂ဝ၁၃-၂ဝ၁၄ ပညာသင်နှစ်အတွင်းမှာ ထူးချွန်စွာ အောင်မြင်ခဲ့တဲ့ ကျောင်းသားကျောင်း သူတွေနှင့်အတူ ကိုရီးယားနိုင်ငံကို အလည်ခရီးလိုက်ပါခွင့်ရရှိခဲ့လိုပါ ပဲ။ ဝိဇ္ဇာတွဲက မြန်မာတစ်နိုင်ငံလုံး အဆင့်မှာ တစ်ကနေ ၁ဝ အထဲက ဧရာဝတီတိုင်းကရခဲ့တဲ့ အဆင့် တစ် ကလေးအပါအဝင် ကျောင်းသူ ငါး ဦးနှင့် သိပ္ပံတွဲမှာ တိုင်းဒေသကြီး အဆင့်ဆုရခဲ့တဲ့ ကျောင်းသူကျောင်း သားခြောက်ဦးပေါင်း ကျောင်းသူ ကျောင်းသား ၁၁ ဦးရယ် ဧရာဝတီ တိုင်းအတွင်း အောင်ချက်ရာနှုန်း အကောင်းဆုံးအထက်တန်းကျောင်း နှင့်အထက်တန်းကျောင်းခွဲကဆရာ ဆရာမကိုယ်စားလှယ် တစ်ဦးစီ ပေါင်း ဆရာမ နှစ်ဦးရယ် ကျန်းမာ ရေးစောင့်ရှောက်ပေးမယ့်သူ ကျွန် တော်ရယ် စုစုပေါင်း ၁၄ ဦး သွား ရောက် လေ့လာခွင့်ရခဲ့ပါတယ်။ မသွားခင် နှစ်ရက်အလိုမှာ ကျွန် တော်တို့အဖွဲ့ကို တိုင်းဒေသကြီး ဝန်ကြီးချုပ်က ခေါ်ယူတွေ့ဆုံပြီး အမှာစကားပြောကြားခဲ့ပါတယ်။ အမှန်တကယ်တော်တဲ့သူတွေကို ချီး မြှောက်ခြင်းအားဖြင့် ဂုဏ်ပြုရာ လည်းရောက် နောင်လာနောက်သား များလည်း အတုယူစရာအဖြစ်အား ကျကာ ပိုမိုကြိုးစားလာစေရန်နှင့် သွားရောက်လေ့လာသောလူငယ် များမှ ဖွံ့ဖြိုးပြီးနိုင်ငံများရဲ့တိုးတက် မှုကို မျက်ဝါးထင်ထင်တွေ့မြင်ကာ မိမိတို့တိုင်းပြည်ကိုပိုမိုကောင်းမွန် အောင် ရရာအခန်းကဏ္ဍအသီးသီး မှ အင်တိုက်အားတိုက်ကြိုးစားလာ စေရန်ရည်ရွယ်တယ်လို့ တိုတိုနှင့် လိုရင်းကိုမှာကြားခဲ့ပါတယ်။ ခရီး စဉ်တောက်လျှောက်ဟာလိုလေသေး မရှိပါပဲ။ ပုသိမ်ကနေရန်ကုန်ကို ခရီးမထွက်ခင်တစ်ရက်ကြိုရောက် ခဲ့ပါတယ်။ ရန်ကုန်မြို့ပြည်လမ်း ပေါ်က ဟိုတယ်တစ်ခုမှာ ခေတåနေ ထိုင်နိုင်ရန်စီစဉ်ပေးပြီး စားသောက် သွားလာရန်ကအစ ပြည့်စုံအောင် စီစဉ်ပေးခဲ့ပါတယ်။ ကြားသိရတဲ့ သတင်းတွေအရ တောင်ကိုရီးယား နိုင်ငံရဲ့ အပူချိန်ဟာ -၃ ကနေ -၇ အထိရှိနိုင်တယ်ဆိုတာကြောင့် က လေးတွေရော ကျွန်တော်တို့ပါ လို အပ်တဲ့အဝတ်အစားတွေကို ရှာဖွေ ဝယ်ယူခဲ့ရပါတယ်။ အသားကပ် အင်္ကျီ ကုတ်အင်္ကျီထူစတာတွေကို ကိုရီးယားတင်ပို့နေတဲ့ အထည်ချုပ် လုပ်ငန်းကဖွင့်တဲ့ဆိုင်တွေမှာ ဈေး သက်သာစွာနှင့်သွားရောက်ဝယ်ယူ ရပါတယ်။ မြန်မာပြည်ရဲ့အထိမ်း အမှတ်အောင်မြေဖြစ်တဲ့ ရွှေတိဂုံကို လည်းသွားရောက်ဖူးမြော်ခဲ့ပါသေး တယ်။ မသွားခင်နေ့ခင်းအားလပ် နေချိန်မှာ ကလေးသာသာရှိသေးတဲ့ ထူးချွန်ကျောင်းသားကျောင်းသူတွေ က ကစားကွင်းတွေကိုသွားချင်တယ် လို့ပူဆာလာပါတယ်။ ထိခိုက်မှာ ပင်ပန်းမှာ၊ မိုးမိမှာ၊ အပူလျှပ်မှာစိုး ရိမ်လို့ ကစားကွင်းမသွားစေချင်တဲ့ ကျွန်တော်ကသူတို့အတွက်သက် သောင့်သက်သာရှိမယ့် နည်းတစ် ခုကိုအမြန်ကြံလိုက်ရပါတယ်။ အ နီးအနားမှာရှိတဲ့ ဈေးဝယ်စင်တာ ကြီးတစ်ခုမှာ သူတို့လည်းကြိုက် တဲ့ ရုပ်ရှင်ပြပေးလိုက်တာပါပဲ။ ရုပ်ရှင်လက်မှတ်ဖိုး အလှူရှင်က တော့ ကျန်းမာရေးစောင့်ရှောက်သူ ဆရာဝန်ကျွန်တော်ပေါ့။
နောက်ဆုံးတော့ စကားလည်းဆုံးရော
ကျွန်တော့်ပခုံးကို အသာအယာပုတ်ရင်း
မင်းတို့နိုင်ငံက ခေါင်းဆောင်တွေကတော့
သူတို့နှင့် သူတို့မိသားစုတွေအတွက်
အတ္တကြီးလွန်းခဲ့တယ်လို့ ပြောသွားခဲ့ပါတော့တယ်။ အဆင်းရဲဆုံးနိုင်ငံက အချမ်းသာဆုံးသူဌေးကြီးတွေပေါ့လို့
ရယ်မောရင်း ပြောဆိုနှုတ်ဆက်သွားပါတော့တယ်  .  .  .

တောင်ကိုရီးယားကို ညဘက် တိုက်ရိုက်မြန်မာ့လေကြောင်းလိုင်း (MAI) နှင့်သွားခဲ့ပါတယ်။ စုစုပေါင်း စီးနင်းချိန်ခြောက်နာရီလောက်ကြာ မြင့်ခဲ့ပါတယ်။ အဲဒီညလေယာဉ် ပေါ်မှာ ကျွန်တော်တို့ ၁၉ ဦး အဖွဲ့ အပြင် အခြားခရီးသည်တစ်ဦးနှစ်ဦး သာပါခဲ့လို့ Air Bus ပေါ်မှာ တစ် ယောက်သုံးခုံနှုန်း ယူပြီး အားလုံး ကောင်းမွန်စွာအိပ်စက်ရင်း တောင် ကိုရီးယားနိုင်ငံကိုရောက်ရှိသွားခဲ့ ပါတယ်။ အင်ချွန်းအပြည်ပြည်ဆိုင် ရာလေဆိပ်မှာ အပူချိန်ဟာရေခဲမှတ် အောက်အနုတ် ၁ ဒီဂရီစင်တီဂရိတ် ရှိပေမယ့် အနွေးဓာတ်လွှတ်ပေးထား လို့ အတော်ခံသာပါသေးတယ်။ လေဆိပ်မှာ ကားခဏစောင့်ဆိုင်း ပြီး ဂျေဂျူးကျွန်းကိုလေယာဉ်နှင့် ဆက်သွားဖို့အတွက် ပြည်တွင်းလေ ဆိပ်တစ်ခုကို ဆက်လက်ထွက်ခွာ ခဲ့ရပါတယ်။ အနွေးဓာတ်လွှတ်ထား တဲ့ လေဆိပ်ကနေအထွက်မှာမှ တ ကယ့်ရာသီဥတုနှင့် ပက်ပင်းတိုး တော့တာပါပဲ။ အဖွဲ့ဝင်အားလုံးရဲ့ ပါးစပ်ကနေ အိုးလို့အော်မိလောက် အောင် အေးစက်နေတဲ့လေထုကို ထိုးဖောက်ပြီး ရပ်ထားတဲ့ကားကြီး ဆီကို ကိုယ့်အိတ်ကိုယ်ဆွဲပြေးလွှား သွားရပါတယ်။ လမ်းခရီးမှာ အင် ချွန်းပင်လယ်ကွေ့ကို ဖြတ်ဆောက် ထားတဲ့ (၁၈) ကီလိုမီတာရှည်တဲ့ အင်ချွန်းတံတားကြီးကို အပေါ်စီး ကမြင်နိုင်တဲ့ အင်ချွန်းတံတားမျှော် စင်ကို သွားရောက်လေ့လာခဲ့ကြပါ တယ်။ ပတ်ဝန်းကျင်မှာ ဆီးနှင်း တွေ ရေတွေခဲနေတာ ပထမဦးဆုံး မြင်ကွင်းဖြစ်တဲ့ လေ့လာရေးအဖွဲ့ သားတွေအားလုံး ဓာတ်ပုံရိုက်မဆုံး တော့အောင်ပါပဲ။ လေဆိပ်မရောက် ခင်မှာ နေ့လည်စာအဖြစ် ကိုရီးယား ခေါက်ဆွဲပြုတ်ဆိုင်တစ်ခုမှာ ဧည့် ခံပါတယ်။ ခေါက်ဆွဲပြုတ်ဆိုင်ဆို ပေမယ့် အပြင်အဆင်က ဟိုတယ် တွေလောက်ကိုရှိပါတယ်။ ဓာတ် လှေကားတွေအနွေးပေးစက်တွေနှင့် ပူနွေးလှတဲ့ခေါက်ဆွဲပြုတ်ဟာ အေး မြတဲ့ရာသီဥတုနှင့်တော့ အလိုက် ဖက်ဆုံးအစားအစာပါပဲ။ ဂျေဂျူး ကျွန်းကို ဆက်လက်ထွက်ခွာမယ့် ဂင်ဘိုလေဆိပ်ဟာ အရင်တုန်းက တော့ အပြည်ပြည်ဆိုင်ရာလေဆိပ် တစ်ခုလို့ဆိုပါတယ်။ သပ်ရပ်လှပ ကြီးမားတဲ့လေဆိပ်ကြီးတစ်ခုပါပဲ။ ဒီတစ်ခါ လေယာဉ်ပျံပေါ်မှာတော့ ခုံအပြည့်ခရီးသည်တွေလိုက်ပါလာ ပါတယ်။ ဂျေဂျူးကျွန်းဟာ သူတို့ နိုင်ငံသားတွေတောင် အမြဲထာဝရ သွားရောက်လည်ပတ်ချင်နေကြ တဲ့ အံ့ဖွယ်ကျွန်းတစ်ခုလိုပါပဲ။ တချို့ ကိုရီးယားတွေကဆိုရင် ပျားရည် ဆမ်းခရီးထွက်ရာ ကျွန်း Honey -moon island လို့တောင် တင်စား ကြပါတယ်တဲ့။ ဂျေဂျူးရဲ့အပူချိန် ကတော့ ၁ဝ ဒီဂရီစင်တီဂရိတ် လောက်သာရှိတော့ တောင်ကြီးသာ သာပါပဲ။ တစ်နိုင်ငံလုံးရဲ့ရာခိုင်နှုန်း  ၇ဝ ဟာ တောင်တန်းဒေသတွေဖြစ် ပြီး သုံးဖက်သုံးတန် ပင်လယ်ပတ် လည်ဝိုင်းနေတဲ့ ကိုရီးယားကျွန်း ဆွယ်မှာ ဒေသအလိုက်စိုက်ပျိုးရ ရှိတဲ့ သီးနှံကွဲပြားပါတယ်။ ဂျေဂျူး ကျွန်းမှာ စပါးစိုက်လို့မရပါဘူးတဲ့။ ဒါပေမဲ့ သူတို့ဆီက လိမ္မော်သီးက တော့ အရမ်းကိုနာမည်ကြီးပါတယ်။ အဲဒီလောက်ချိုတဲ့ လိမ္မော်သီးကို ကျွန် တော်အရင်က မစားဘူးခဲ့ပါဘူး။ လိမ္မော်သီးနှင့်လုပ်တဲ့ ချောကလက် ကိုလည်း ပထမဦးဆုံး တွေ့ကြုံဖူး တာပါ။
ဂျေဂျူးကျွန်းဟာ အတော့်ကို လှပဆန်းကြယ်တဲ့ ကျွန်းတစ်ကျွန်း ပါပဲ။ ဓာတ်ပုံရိုက်တာဘယ်လောက် လက်ရာကောင်းကောင်း ကင်မရာ ဘယ်လောက်ကောင်းကောင်း အပြင် မှာလက်တွေ့မြင်နေရတဲ့ ရှုခင်းတွေ ကတော့ အံ့ချီးဖွယ်တွေချည်းပါပဲ။ ကုန်းတက်ကို ကားတွေစက်မနှိုးဘဲ နှင့် တက်သွားတဲ့အံ့ဖွယ်လမ်း၊ တက် ဒီဝက်ဝံရုပ်ပြတိုက်၊ နဂါးဦးခေါင်း ပုံဖြစ်နေတဲ့ကျောက်ဆောင်၊ ချန်ဂျီ ယွန်ရေတံခွန်၊ ဂျူဆန်ချောက်ကမ်း ပါး၊ ကမ္ဘာ့အမွေအနှစ်အဖြစ်သတ် မှတ်ခံထားရတဲ့ မီးတောင်ဝ Seong-  san Sunrise Peak မြန်မာပြည်မှာ ခေတ်စားခဲ့တဲ့ နန်းတွင်းသမားတော် ဇာတ်လမ်းတွဲရိုက်ရာ တိုင်းရင်းသား ကျေးရွာ၊ ထိုင်းနိုင်ငံမှ မိန်းမလျာ များ ရုရှားနိုင်ငံမှအော်ပရာပညာရှင် များ ကပ္ပလီလူပုလေးများပါဝင်တဲ့ Show King တို့ကို မနားတမ်းသွား ရောက်လည်ပတ်ခဲ့ကြပါတော့တယ်။ ဂျေဂျူးမှာ အမှတ်ရစရာကတော့ Show King ကြည့်နေတုန်းက အဖြစ်အပျက်ပါပဲ။ ကျောင်းသား ကျောင်းသူတွေရဲ့ ဘေးအဝင်အ ထွက်လမ်းဝမှာထိုင်နေတဲ့ ကျွန်တော့် ကို ကပ္ပလီလူပုလေးတွေက စင်ပေါ် အထိအတင်းဆွဲခေါ်တော့တာပါပဲ။ ကိုရီးယားနိုင်ငံသူ သုံးဦးကိုလည်း ကျွန်တော်နှင့်အတူဆွဲခေါ်ခဲ့ပါတယ်။ သူတို့ကသလို လိုက်ကခိုင်းတာ ကျွန်တော်ကလွဲလို့ အားလုံးကောင်း မွန်စွာကတတ်ကြပါတယ်။ အိုးတိုး အမ်းတမ်းကနေ ကိုးရိုးကားရားဖြစ် နေတဲ့ ကျွန်တော်ကတော့ ပွဲတစ်ခု လုံးကို တဝါးဝါးဖြစ်စေခဲ့ပါတော့ တယ်။
ဂျေဂျူးမှာတစ်ညအိပ်လာခဲ့ပြီး ဆိုးလ်ကိုလေယာဉ်နှင့်ပဲ ပြန်လာ ခဲ့ပါတယ်။ ဆိုးလ်မှာနေထိုင်တဲ့သုံး ရက်အတွင်း ကိုရီးယားချဉ်ဖတ်ကင် (မ်)ချီကို ကိုယ်တိုင်လုပ်ရတဲ့နေရာ ကိုရီးယား အဝတ်အစားတွေ ဝတ် ဘုရင်လို မိဖုရားလို မင်းသားလိုဝတ် ဆင်ဓာတ်ပုံရိုက်ရတဲ့နေရာ ဂျင်ဆင်း ဆေးမြစ်ပြတိုက် အလှကုန်ထုတ် လုပ်ရေးလုပ်ငန်းတွေ နန်းတော် ဟောင်းတွေ သမ္မတအိမ်တော် မာ ခြင်းအဆင့် ၁ဝ ရှိတဲ့ ကိုရီးယား တွင်းထွက် ခရမ်းဆွဲကျောက်မျက် ရတနာပြခန်းတွေအစုံပါပဲ။ စားရ သောက်ရတာလည်း ဆန်းပြားကောင်း မွန်စွာကျွေးမွေးဧည့်ခံကြပါတယ်။ အကျွေးအမွေးကို ကျောင်းသား ကျောင်းသူတွေနှင့် ကျွန်တော်တို့ဟာ ခရီးသွားလုပ်ငန်းက စီစဉ်ပေးတာ တွေကို မစားနိုင်မှာစိုးလို့ အကုန် အကျခံပို့ဆောင်ပေးတဲ့ ACE ကုမ္ပ ဏီက အရာရှိတွေက တစ်ပါတည်း လိုက်ပါလာပြီး အကောင်းဆုံးဆို တဲ့ဆိုင်တွေမှာ လိုက်လံကျွေးမွေးပြု စုကြပါတယ်။ ကျောင်းသားကျောင်း သူတွေ အပျော်ဆုံးနေရာတစ်ခုက တော့ Everland Theme Park က စားကွင်းပါပဲ။ ကောင်းကင်ကြိုး ရထားတွေ Safari park တွေ 5D ရုပ်ရှင်တွေ သရဲရထား သရဲအိမ် စ တာမျိုးတွေ အားလုံးအားလုံးဟာ အဆန်းတကြယ်တွေပါပဲ။ ကျွန် တော့်အတွက်ကတော့ မြန်မာပြည် မှာကျန်ခဲ့တဲ့တစ်ဦးတည်းသောသား ငယ်လေးကိုအလွမ်းဆုံးအချိန်တွေ ပေါ့။ မှတ်မှတ်ရရ အဲဒီကစားကွင်း ကြီးထဲမှာ အဖြစ်အပျက် နှစ်ခုဖြစ် သွားခဲ့ပါတယ်။ ကစားကွင်း ဝင်က တည်းက ကိုရီးယားလမ်းပြ  အမျိုး သမီးက သေသေချာချာမှာပါတယ်။ ဒီဝင်ခွင့်လက်မှတ်ကလေးရှိရင် ကစားကွင်းတစ်ခုလုံးက ကစားစ ရာတွေ စီးစရာတွေကြည့်စရာတွေ ကို ကြည့်လို့ရပါတယ်တဲ့။ အကယ် ၍ပျောက်သွားရင်တော့ ဘာမှကြည့် ခွင့်မရှိတော့ပါဘူးတဲ့။ သေချာမှာ ဆက်ဆက်လွဲသွားပါတယ်။ ကလေး မတစ်ယောက်က သူ့လက်မှတ် ပျောက်သွားတယ်ဆိုပြီး ငိုမဲ့မဲ့နှင့် လာပြောတာပါပဲ။ အလွယ်တကူ ကျွန်တော့်လက်မှတ်ကိုထုတ်ပေး လိုက်တာကို ကိုရီးယားလမ်းပြအ မျိုးသမီးကမကျေနပ်ပါဘူး။ သူ့ပေါ့ ဆမှုကို သူ့ဘာသာတာဝန်ယူပါစေ ဆိုပြီး လာပြောပါတယ်။ ကျွန်တော် က ဒီကလေးပေါ့ဆတာမှန်ပေမယ့် ဒီခရီးလိုမျိုးနောက်ထပ်သူကြုံဖို့ ခက် ခဲမယ့်အကြောင်း အဓိကက သူတို့ ပျော်ဖို့ဂုဏ်ပြုတဲ့ခရီးစဉ်ဖြစ်လို့ အ ဆင်ပြေစေချင်ကြောင်း သူ့အမှားကို သူနားလည်ရင် ကျေနပ်ပါပြီ။ သူ များပျော်နေချိန်မှာ မပျော်ရဘဲနာ ကျင်စွာမပေးဆပ်စေချင်ဘူးဆိုပြီး ရှင်းပြလိုက်ပါတယ်။ သူမကဒါမင်း တို့ယဉ်ကျေးမှုလားတဲ့။ ဟုတ်ပါ တယ်လို့ခေါင်းညိတ်ပြလိုက်တဲ့ ကျွန်တော့်ကိုသူမကတစ်ချက်စိုက် ကြည့်ပြီး ငါလည်းအိမ်ပြန်ရောက် ရင် တစ်ဦးတည်းသောငါ့သမီးလေး ကို ဘယ်လိုဆုံးမရမယ်ဆိုတာ  ယောကျ်ားနှင့် ပြန်တိုင်ပင်ရဦးမယ် လို့ဆိုသွားခဲ့ပါတယ်။ နောက်အ ထိတ်လန့်ဆုံးအဖြစ်အပျက်တစ်ခု ကတော့ ကလေးတစ်ဦးပျောက်သွား တာပါပဲ။ ကစားကွင်းအကျယ်ကြီး ထဲမှာ တူတူသွားဖို့ပြောထားရဲ့သား နှင့် ကောင်လေးတစ်ယောက်ပျောက် သွားတာပါ။ အဲဒီအချိန်မှာ လမ်း ပြနှင့် ကုမ္ပဏီကလူတွေမရှိတော့ပါ ဘူး။ ကျွန်တော်တို့ကိုပဲ စေလွှတ် လိုက်တဲ့အချိန်ပေါ့။ အဖွဲ့တစ်ခုလုံး ကိုတစ်နေရာမှာခဏစောင့်ခိုင်းပြီး တောင်ပြေးမြောက်ပြေးနှင့် ကျွန် တော်လိုက်ရှာရတာပေါ့။ အရမ်း ကြာတဲ့အထိမတွေ့တဲ့အခါ ပြန်ကြား ရေးဌာနကိုသွားပြီး မြန်မာပြည်က လို အသံချဲ့စက်နှင့် အော်ခေါ်ဖို့ တောင်းဆိုခဲ့ပါသေးတယ်။သဘာဝ ဘေးအန္တရာယ်နှင့် စစ်ဘေးမှအပ အများကိုထိတ်လန့်စေမယ့်အနှောင့် အယှက်ဖြစ်စေတဲ့ အသံချဲ့စက်ကို သူတို့ကစားကွင်းမှာ အသုံးမပြုပါ ဘူးဆိုတဲ့ အသံဝဲဝဲနှင့်ကိုရီးယားမ ကလေးစကားကို ခက်ခက်ခဲခဲ နား ထောင်အပြီးမှာသူမကထပ်ပြီးကူညီ နိုင်တာက လူအင်အားနှင့် ရှာပေးပါ့ မယ်တဲ့။ကျွန်တော်ကလည်း ကျွန်တော် တို့အုပ်စုထဲက ကလေးငယ်တစ်ဦး ပျောက်တယ်ဆိုတာကိုး။ ကလေးရဲ့ ဓာတ်ပုံရှိလားမရှိရင် ဘယ်လိုပုံစံလဲ ဘာဝတ်ထားလဲ ဘယ်အရွယ်လဲလို့ ရောက်လာတဲ့ ကိုရီးယား လူငယ် လုံခြုံရေး ခေါင်းဆောင်ချောချော ကောင်လေးက မေးပါတယ်။ ၁၆ နှစ်လောက်ရှိတယ်လဲဆိုလိုက် ရော ကောင်လေးချောချောလေးဟာ မျက် နှာတစ်ခုလုံးစူပုပ်ပြီး ကျွန်တော့်   ကို ဒေါသထွက်သွားတဲ့ပုံနှင့် အဲဒါ ကလေးမဟုတ်ဘူးလို့ဆိုပြီး သူ့အ ဖွဲ့ကိုခေါ် ချာခနဲ လှည့်ထွက်သွား ပါတော့တယ်။ ခိုကိုးရာမဲ့ ကျန်ခဲ့တဲ့ ကျွန်တော်ဖြေဆည်နိုင်သွားတာက ပျောက်နေတဲ့ သကောင့်သားလေး က 5D ရုပ်ရှင်ရုံထဲကနေ ထွက်လာ လို့ပါပဲ။ အားလုံးဟာ ကုတ်အကျÐ တွေခေါင်းစွပ်တွေနှင့်မို့ ကျွန်တော် မှတ်လို့လိုက်သွားတာ မဟုတ်ဘဲ ရုပ်ရှင်ရုံထဲကျမှ လူကွဲမှန်းသူသိခဲ့ ရသတဲ့။ ပြန်ထွက်လို့မရတဲ့တူတူ ပြီးအောင်ကြည့်ပြီးမှပြန်ထွက်လာ သတဲ့။ ကောင်းကွာလို့ပဲ ရေရွတ် နိုင်ပါတော့တယ်။
ဈေးဝယ်ဖို့လည်း အခွင့်အလမ်း တွေရခဲ့ပါတယ်။ ဒါပေမဲ့ လူပျောက် တဲ့အတွေ့အကြုံကြောင့် ကျွန်တော် ဟာအုပ်စုကိုထားပြီး သူတို့ကိုရီး ယားတွေတောင်ကြိတ်ကြိတ်တိုးနေ တဲ့ ၇ဝ-၈ဝ ရာခိုင်နှုန်းအထိ လျှော့ ချပေးနေတဲ့ဆိုင်ကြီးတွေထဲ မဝင် ရဲတော့ပါဘူး။ နည်းနည်းချောင်တဲ့ ဆိုင်တွေကိုသာ ကလေးတွေအားလုံး ကို ရထားတွဲလိုခေါ်ဆောင်ဝင်ခဲ့ရ တာရယ် ရောက်တုန်းရောက်ခိုက် သူတို့ကို KFC တို့ Macdonal တို့ ကျွေးချင်လို့ဝင်ကျွေးရတာရယ်တွေ ကြောင့် လက်ဆောင်များများဝယ် မလာနိုင်တော့ဘဲသတ်မှတ်ထားတဲ့ ဈေးဝယ်ချိန် လည်ပတ်ချိန်ပြည့် သွားပါတော့တယ်။
ကိုရီးယားနိုင်ငံရဲ့သမိုင်းဟာ ကျွန်တော်တို့နှင့် အတော်ဆင်ပါ တယ်။ ကျွန်တော်တို့သမိုင်းမှာ ပဒေသရာဇ်နိုင်ငံတွေ အစိတ်စိတ်အ မြွှာမြွှာကွဲကြ တိုက်ကြခိုက်ကြရှိခဲ့ သလို သူတို့မှာလည်း ဂိုဂူယော ဘတ်ဆန်နှင့် ရှီလာတို့လိုနိုင်ငံတွေ ကွဲပြားကာ တိုက်ကြခိုက်ခဲ့ကြပါ တယ်။ သူတစ်ပါးတိုင်းပြည်ရဲ့ကျွန် ပြုခံရတာချင်းလည်း တူပါတယ်။ ကျွန်တော်တို့ကမှ သူတို့ကျွန်ဖြစ်ရ တာဂုဏ်ယူရလောက်အောင် လိမ် လည်ဖြားယောင်းပြီး ကုပ်သွေးစုပ် တာချင်းတူတူ ကျောလေးသပ်ပြီး ညင်ညင်သာသာစုပ်တတ်တဲ့ အင်္ဂ လိပ်ကျွန်ဖြစ်ခဲ့ရပါသေးတယ်။ သူ တို့ခမျာတော့ ပစ္စည်းယူလူသိမ်းမီး ရှို့ အခန့်မသင့်ရင် အသက်ပါနုတ် သွားတတ်တဲ့ မွန်ဂိုတို့ ဂျပန်တို့ရဲ့ ကျွန်အဖြစ်ကို ရောက်ခဲ့ရတာပါ။ ကျွန်တော်တို့မှာ ယဉ်ကျေးမှုကြီး မားတဲ့ တရုတ်နှင့် အိန္ဒိယနိုင်ငံတို့ နှင့် သမိုင်းမှာဆက်စပ်မှုရှိခဲ့သလို သူတို့မှာလည်း တရုတ် ရုရှားစတဲ့ နိုင်ငံကြီးတွေနှင့် ထိစပ်ဆက်စပ်မှု တွေရှိခဲ့ပါတယ်။ ဒုတိယကမ္ဘာစစ်အ ပြီး စစ်အေးခေတ်ဦးအားပြိုင်မှုမှာ ကိုရီးယားကျွန်းဆွယ်ဟာ မြေစာပင် ဖြစ်ခဲ့ရပါသေးတယ်။ နောက်ဆုံး နိုင်ငံနှစ်ခြမ်းကွဲတာတောင် ကိုရီး ယားလူမျိုးတစ်ယောက်မှမပါဘဲနှင့် တိုင်းတစ်ပါးစစ်တပ်နှစ်ခုက ထင် ရာစိုင်းမြေပုံပေါ်မှာ ပိုင်းသွားတာ ခံခဲ့ရတဲ့အထိ ကိုယ့်ကံကြမ္မာကို ကိုယ် ဖန်တီးခွင့်ဝေးခဲ့ရပါတယ်။ ရုရှား စစ်လက်နက်တွေ တရုတ်စစ် တပ်တွေက မြောက်ကိုရီးယားဘက် ကဝင် တိုက်ခဲ့သလို အမေရိကန်နှင့် ကုလသမဂ္ဂအဖွဲ့တွေက တောင်ကိုရီး ယား ဘက်ကတိုက်ခဲ့ကြပါတယ်။ နောက်ဆုံးတော့မြောက်ကိုရီးယားက စစ်ပန်းတောင်ကိုရီးယားက ပြာပုံ ဘဝရောက်ခဲ့ရတာတွေဟာ ကျွန် တော်တို့ထက်ဆိုးတဲ့ သမိုင်းတွေပါ။ ချောက်ထဲကျခါနီးမို့ စစ်တပ်ကဝင် ပြီး အာဏာကို သမိုင်းပေးတာဝန် အရယူခဲ့ရတာတွေလည်း တူခဲ့ပါ တယ်။ သယံဇာတက ရေနံ၊ ကျွန်း သစ်၊ ကျောက်စိမ်း၊ ပတåမြားစတဲ့ တွင်းထွက်တွေ စိုက်ပျိုးရေးကောင်း မွန်တဲ့မြေတွေနှင့် ကျွန်တော်တို့နိုင်ငံ က သူတို့ထက်တောင် သာပါသေး တယ်။ တစ်နိုင်ငံလုံးပြာပုံထဲကရုန်း ထရမယ့် ၁၉၆ဝ ပြည့်နှစ် တောင် ကိုရီးယားဟာ တံငါနိုင်ငံလေးအ ဆင့်သာရှိနေပါသေးတယ်။ ငတ် မွတ်ဘေးကြုံလို့ ကျွန်တော်တို့နိုင်ငံ က သူတို့ကို လှူလိုက်တဲ့ဆန်တွေ ကြောင့်သာ အသက်ဆက်ခဲ့ရတယ် ဆိုတာ အမှတ်မထင်ဂျေဂျူးကျွန်း မှာတွေ့ခဲ့တဲ့ ကိုရီးယားမိတ်ဆွေက တခမ်းတနား ကျေးဇူးတင်စကား ပြောတာကို ကြုံခဲ့ရပါသေးတယ်။ မင်းဘယ်နိုင်ငံကလဲလို့ အမေးမှာ မြန်မာဆိုတော့ အသက် ၆ဝ နီးပါး ကိုရီးယားကြီးဟာ ခါးကိုညွတ် ခေါင်းကိုငုံ့ပြီး မင်းတို့ဟာ ငါတို့ ကျေးဇူးရှင်ပါပဲ။ သူက ဆက်ပြော ပါတယ်။ အဲဒီစကားဟာ ခုအချိန်ထိ ကျွန်တော့်ရင်ထဲမှာ ပဲ့တင်ထပ်နေ တုန်းပါပဲ။ နေထွက်တောင်ပေါ် တက်ဖို့မောနေပြီးလမ်းတစ်ဝက်မှာ နားနေတဲ့ ကျွန်တော့်ကိုစကားလာ ပြောတဲ့သူက ဆိုပါတယ်။ သူဟာနှစ်နိုင်ငံလုံးရဲ့သမိုင်းကို နှံ့စပ်နေ သလိုပါပဲ။ ငါတို့နိုင်ငံစတည်ထောင် တုန်းက မင်းတို့ကိုမော့ကြည့်ခဲ့ရ တာတဲ့။ မင်းတို့နိုင်ငံမှာစစ်တပ်က အာဏာသိမ်းခဲ့တဲ့အချိန်မှာ ငါတို့ နိုင်ငံမှာလည်း ပတ်ချောင်ဟီးက အာဏာသိမ်းခဲ့တယ်တဲ့။ ငါတို့ရဲ့ အဖေအမေတွေဟာ သူ့ရဲ့အမိန့်အာ ဏာနှိပ်ကွပ်မှုတွေကြောင့် သူ့ကို ကြောက်မုန်းခဲ့တယ်။ ဒါပေမဲ့ ငါ တို့အားလုံးဟာ ခုမှသူ့ကိုကျေးဇူး တင်နေတယ်။ သူကြိုးစားခဲ့တဲ့အ ခြေချပေးတဲ့တဲ့ စနစ်တွေကြောင့် ငါတို့နိုင်ငံဟာ အဆင်းရဲဆုံးနိုင်ငံ ဘဝက အာရှရဲ့ကျားတစ်ကောင်ဖြစ် လာခဲ့တယ်။ ကျန်းမာရေးပညာရေး စီးပွားရေးလူနေမှုအားလုံးတိုးတက် လာခဲ့တယ်။ တံငါသည်ကနေစက် ရုံပိုင်ရှင်တွေဖြစ်လာခဲ့တယ်။ ယနေ့ ခေတ်အောင်မြင်မှုတွေဟာ သူ့စီမံ ကိန်းနှင့်စွန့််လွှတ်မှုတွေကြောင့်ပါ ဘဲ။ ဒါကြောင့်လည်း ခုအချိန်မှာ သူ့သမီးကိုသမ္မတအဖြစ် တစ်ခဲနက် ထောက်ခံခဲ့ကြတယ်လို့ ရှည်ရှည် ဝေးဝေးရှင်းပြခဲ့ပါတယ်။ နောက် ဆုံးတော့ စကားလည်းဆုံးရောကျွန် တော့်ပခုံးကို အသာအယာပုတ်ရင်း မင်းတို့နိုင်ငံကခေါင်းဆောင်တွေက တော့ သူတို့နှင့်သူတို့ မိသားစုတွေ အတွက် အတ္တကြီးလွန်းခဲ့တယ်လို့ ပြောသွားခဲ့ပါတော့တယ်။ အဆင်းရဲဆုံးနိုင်ငံက အချမ်းသာဆုံးသူဌေး ကြီးတွေပေါ့လို့ ရယ်မောရင်းပြောဆို နှုတ်ဆက်သွားပါတော့တယ်။
သုံးနိုင်ငံပြည်ထောင်စုတုန်း က ရှီလာနိုင်ငံတစ်ဖြစ်လဲ တောင် ကိုရီးယားနိုင်ငံကို သွားရောက်လည် ပတ်ခွင့်ရတာ အင်မတန်မှဝမ်းမြောက် စရာပါပဲ။ ဒါပေမဲ့ တစ်ခေါက် တစ် ခေါက် နိုင်ငံခြားရောက်တိုင်း နောက် ကျနေတဲ့ ကိုယ့်နိုင်ငံအတွက် ဆို့ နင့်မိပါတယ်။ ဘာပဲဖြစ်ဖြစ်မည် သို့သော နေရာရောက်နေပါစေ ကျွန် တော်တို့ဟာ မြန်မာတွေပါပဲ။ မြန် မာနိုင်ငံတော်ကြီးတိုးတက်ဖို့ ကျွန် တော်တို့မှာလည်းတာဝန်ရှိပါတယ်။ မည်သူတရားပျက်ပျက် ကိုယ်မပျက် အောင်သတိတရားနှင့် ထိန်းသိမ်း ရတော့မှာပါပဲ။ အနည်းဆုံးတော့ ကျွန်တော်နှင့်အတူသွားခဲ့တဲ့ ကျွန် တော်တို့ရဲ့အနာဂတ်မျှော်လင့်ချက် ထူးချွန်ကျောင်းသားလေးတွေကို တော့ သိရှိသွားအောင်ပြောပြနိုင်ခဲ့ ပါတယ်။ နှမ်းတစ်စေ့နှင့်ဆီကြိတ် မရပေမယ့် ဘဝတူနှမ်းစေ့တွေများ လာအောင် လွင့်စဉ်နေတဲ့ နှမ်းစေ့ ကလေးတွေကို စုစည်းရပါဦးမယ်။ အရည်အသွေးပြည့်နှမ်းစေ့လေးတွေ ဖြစ်လာအောင် ပျိုးထောင်ရပါဦး မယ်။ ကြိုးစားကြပါဦးစို့။