ဆော်ဒီတွင် စီရော်နယ်လ်ဒိုနှင့် မက်ဆီတို့၏ ပြိုင်ဆိုင်မှုကို ပြန်လည်မြင်တွေ့ရဖွယ်ရှိနေပြီး မက်ဆီအား (၆)လအငှားဖြင့် ခေါ်ယူရန် ဆော်ဒီလိဂ်တာဝန်ရှိသူများ မျက်စိကျနေ

ဆော်ဒီတွင် စီရော်နယ်လ်ဒိုနှင့် မက်ဆီတို့၏ ပြိုင်ဆိုင်မှုကို ပြန်လည်မြင်တွေ့ရဖွယ်ရှိနေပြီး မက်ဆီအား (၆)လအငှားဖြင့် ခေါ်ယူရန် ဆော်ဒီလိဂ်တာဝန်ရှိသူများ မျက်စိကျနေ
Photo : Getty Images
Photo : Getty Images
Published 12 October 2023

ဆော်ဒီပရိုလိဂ်တာဝန်ရှိသူများသည် အင်တာမိုင်ယာမီအသင်း MLS Play-offs နှင့် လွဲချော်ပြီးနောက် မက်ဆီအား (၆)လအငှားဖြင့် ခေါ်ယူကာ ဆော်ဒီတွင် စီရော်နယ်လ်ဒိုနှင့် မက်ဆီတို့၏ ပြိုင်ဆိုင်မှုကို ပြန်လည်အသက်သွင်းရန် ဆန္ဒရှိနေကြောင်း သိရှိရသည်။

မက်ဆီ၏ အင်တာမိုင်ယာမီအသင်းသည် MLS Play-offs နှင့် လွဲချော်ခဲ့သည့်အတွက် မက်ဆီအနေဖြင့် မေဂျာလိဂ်ရာသီသစ် စတင်မည့် ၂၀၂၄ ဖေဖော်ဝါရီလအထိ အနားယူရမည်ဖြစ်သည်။

ယင်းကာလတွင် မက်ဆီအနေဖြင့် အခြားလိဂ်တစ်ခုသို့ ကာလတို အငှားသွားရောက်ကစားနိုင်မည်ဖြစ်သည်။ Sky Sports ၏ ဖော်ပြမှုအရ ဆော်ဒီပရိုလိဂ်တာ ဝန်ရှိသူများသည် မက်ဆီအနားယူနေချိန်တွင် ၎င်းအား ကာလတိုအငှားဖြင့် ဆော်ဒီပရိုလိဂ်သို့ ခေါ်ယူရန် ပြင်ဆင်နေကြောင်း သိရှိရသည်။

ဆော်ဒီပရိုလိဂ်တာဝန်ရှိသူများသည် မက်ဆီအား ၎င်းတို့လိဂ်သို့ (၆) လအငှားဖြင့် ခေါ်ယူလိုနေပြီး ယင်းကာလအတိုင်းဆိုပါက မက်ဆီအနေဖြင့် မေဂျာလိဂ် ပြန်လည်စတင်ချိန်တွင် အနှောင့်အယှက်မရှိ ပြန်ကစားနိုင်မည်ဖြစ်သည်။

ဆော်ဒီပရိုလိဂ် တာဝန်ရှိသူများသည် အင်တာမိုင်ယာမီအသင်းထံသို့ မက်ဆီ မပြောင်းရွှေ့မီကတည်းက ၎င်းကို တစ်နှစ်လစာ ပေါင် သန်း (၄၀၀) ဖြင့် ခေါ်ယူရန် အသည်းအသန် ကြိုးပမ်းခဲ့ဖူးသည်။

ဆော်ဒီပရိုလိဂ်တာဝန်ရှိသူများသည် လက်ရှိတွင် မက်ဆီအား ခေါ်ယူရန် ပြန်လည်ကြိုးပမ်းနေပြီး ဥရောပတွင် ဆယ်စုနှစ်တစ်ခုကျော်ကြာ ပြိုင်ဆိုင်ခဲ့ကြသည့် စီရော်နယ်လ်ဒိုနှင့် မက်ဆီတို့၏ ယှဉ်ပြိုင်မှုကို ဆော်ဒီတွင် ပြန်လည်အသက်သွင်းရန် ကြိုးပမ်းနေခြင်းဖြစ်ကြောင်း Sky Sports က ဖော်ပြခဲ့သည်။

Most Read

Most Recent