၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်အတွက် ခန့်မှန်းထားသော ပျမ်းမျှငွေကြေးဖောင်းပွမှုနှုန်းမှာ ၂၁ ဒသမ ၂ ရာခိုင်နှုန်းဖြစ်ကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနမှ ထုတ်ပြန်သည့် ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် ဘဏ္ဍာရေးမူဝါဒတွင် ဖော်ပြထားသည်။
၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် ပထမသုံးလပတ်အတွင်း မြန်မာနိုင်ငံ၏ပျမ်းမျှငွေကြေးဖောင်းပွမှုနှုန်း ၂၈ ဒသမ ၅၉ ရာခိုင်နှုန်းအထိ မြင့်တက်ခဲ့ကြောင်း ဗဟိုစာရင်းအင်းအဖွဲ့မှ ထုတ်ပြန်ချက်အရ သိရသည်။
၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ပထမသုံးလပတ်အတွင်း မြန်မာနိုင်ငံ၏ ပျမ်းမျှငွေကြေးဖောင်းပွမှုနှုန်း(Annual Rate Of Inflation)မှာ ၁၈ ဒသမ ၄၅ ရာခိုင်နှုန်းဖြစ်ပြီး နှစ်အလိုက်ငွေကြေးဖောင်းပွမှုနှုန်း Annual Rate Of Inflationမှာ ၁၈ ဒသမ ၄၆ ရာခိုင်နှုန်းဖြစ်သည်။ ဒုတိယသုံးလပတ်အတွင်း ပျမ်းမျှငွေကြေးဖောင်းပွမှုနှုန်း (Annual Rate Of Inflation)မှာ ၂ရဒသမ ၉၈ ရာခိုင်နှုန်းဖြစ်ပြီး နှစ်အလိုက်ငွေကြေးဖောင်းပွမှုနှုန်း Annual Rate Of Inflation မှာ ၂၈ ဒသမ ၀၄ ရာ ခိုင်နှုန်းဖြစ်သည်။ တတိယသုံးလပတ်အတွင်း ပျမ်းမျှငွေကြေးဖောင်းမှုနှုန်း ၃၄ ဒသမ ၉၇ ရာခိုင်နှုန်းရှိပြီး နှစ်အလိုက် ငွေကြေးဖောင်းပွမှုနှုန်း ၃၄ ဒသမ ၉၇ ရာခိုင်နှုန်းရှိသည်။ စတုတ္ထသုံးလပတ်အတွင်း ပျမ်းမျှငွေကြေးဖောင်းမှုနှုန်း ၂၇ ဒသမ ၅၁ ရာခိုင်နှုန်းရှိပြီး နှစ်အလိုက်ငွေကြေးဖောင်းပွမှုနှုန်း ၂၇ ဒသမ ၅၀ ရာခိုင်နှုန်းရှိသည်။
တစ်နိုင်ငံလုံးအတွက် စားသုံးသူစျေးဆနှုန်းနှင့် ငွေကြေးဖောင်းပွမှုနှုန်းကို ပြောင်းလဲတွက်ချက်တင်ပြနိုင်ရန် ၂၀၁၂ ခုနှစ် နိုဝင်ဘာတွင် ဗဟိုစာရင်းအင်းအဖွဲ့သည် အိမ်ထောင်စုဝင်ငွေနှင့် စားသုံးမှုစစ်တမ်းကို မြို့နယ် ပေါင်း ၈၂ မြို့နယ်တွင် နမူနာအိမ်ထောင်စုပေါင်း ၃၂၆၆၉ ကို စစ်တမ်းကောက်ယူခဲ့ကြောင်း သိရသည်။
သို့သော် လက်ရှိအချိန်တွင်မူ ငွေကြေးဖောင်းပွမှုနှုန်းအခြေအနေကို မြန်မာနိုင်ငံ၏ စားသုံးသူစျေးဆနှုန်းနှင့် ငွေကြေးဖောင်းပွမှုနှုန်းတို့ကို ၂၀၁၇ ခုနှစ် အခြေခံနှစ်ဖြင့် ပြောင်းလဲတွက်ချက်လျက်ရှိကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနမှ သိရသည်။
လအလိုက် ဖြစ်ပေါ်ခဲ့သော မြန်မာနိုင်ငံ၏ ပျမ်းမျှငွေကြေးဖောင်းပွမှုနှုန်းမှာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီတွင် ၂ ဒသမ ၆၁ ရာခိုင်နှုန်း၊ မတ်တွင် ၂ ဒသမ ၂၈ ရာခိုင်နှုန်း၊ ဧပြီတွင် ၂ ဒသမ ၁ရရာခိုင်နှုန်း၊မေတွင် ၂ ဒသမ ၂၇ ရာခိုင်နှုန်း၊ဇွန်တွင် ၂ ဒသမ ၄၀ ရာခိုင်နှုန်း၊ဇူလိုင်တွင် ၂ ဒသမ ၈၀ ရာခိုင်နှုန်း၊ သြဂုတ်တွင် ၃ ဒသမ ၂ဝရာခိုင်နှုန်း၊ စက်တင်ဘာတွင် ၃ ဒသမ ၆၄ ရာခိုင်နှုန်း၊ အောက်တိုဘာတွင် ၄ ဒသမ ၃၄ ရာခိုင်နှုန်း၊ နိုဝင်ဘာတွင် ၅ ဒသမ ၂၃ ရာခိုင်နှုန်း၊ ဒီဇင်ဘာတွင် ၆ ဒသမ ၂၂ ရာ ခိုင်နှုန်း၊ ၂၀၂၂ ခုနှစ် ဇန်နဝါရီတွင် ၇ ဒသမ ၃၀ ရာခိုင်နှုန်း၊ ဖေဖော်ဝါရီတွင် ၈ ဒသမ ၃၅ ရာခိုင်နှုန်း၊ မတ်တွင် ၉ ဒသမ ၅၇ ရာခိုင်နှုန်း၊ ဧပြီတွင် ၁၀ ဒသမ ၇၂ ရာခိုင်နှုန်း၊ မေတွင် ၁၁ ဒသမ ၇၉ ရာခိုင်နှုန်း၊ ဇွန်လတွင် ၁၂ ဒသ မ ၉၃ ရာခိုင်နှုန်းအထိ ဖြစ်ပေါ်ခဲ့သည်။
၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် အောက်တိုဘာမှ ဒီဇင်ဘာအထိ ပထမသုံးလပတ်ကာလ အတွင်း ပျမ်းမျှငွေကြေးဖောင်းပွမှုနှုန်းမှာ ၁၁ ဒသမ ၃၉ ရာခိုင်နှုန်းဖြစ်ပြီး နှစ်အလိုက် ငွေကြေးဖောင်းပွမှုနှုန်းမှာ ၁၁ ဒသမ ၃၉ ရာ ခိုင်နှုန်းဖြစ်သည်။၂၀၂၁- ၂၀၂၂ ဘဏ္ဍာနှစ် ဇန်နဝါရီမှ မတ်လအထိ ဒုတိယသုံးလပတ် ကာလအတွင်း ပျမ်းမျှငွေကြေးဖောင်းပွမှုနှုန်း (Annual Rate Of Inflation)မှာ ၁၅ ဒသမ ၀၅ ရာခိုင်နှုန်းဖြစ်ပြီး နှစ်အလိုက်ငွေကြေးဖောင်းပွမှုနှုန်း Annual Rate Of Inflation မှာ ၁၅ ဒသမ ၀၆ ရာခိုင်နှုန်းဖြစ်သည်။