အောက်တိုဘာ ၁၁ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်းက ရည်ညွှန်းဈေး တစ်ကျပ်သားလျှင် ကျပ် ၂၉၂၁၀၀၀ သတ်မှတ်ကြောင်း၊ ပြင်ပဈေး ကွက်တွင် တစ်ကျပ်သားလျှင် ကျပ် ၃၄၁၀၀၀၀ ၀န်းကျင်ရှိနေကြောင်း သိရသည်။
၂၀၂၃ ခုနှစ် ဇန်န၀ါရီ ၁၀ ရက်တွင် ရန်ကုန်ရွှေအသင်းက တစ်ကျပ်သားလျှင် ကျပ် ၂၂၀၄၀၀၀ ၀န်းကျင်ဖြင့် ဈေးပိတ်ခဲ့ပြီး ပြင်ပဈေးကွက်၌ ပြည်တွင်းရွှေဈေး ကျပ် ၂၇၉၀၀၀၀ ၀န်းကျင်ရှိခဲ့သည်။ ဖေဖော်ဝါရီ ၂၈ ရက်တွင် ပြင်ပဈေးကွက်၌ ပြည်တွင်းရွှေဈေး ကျပ် ၂၈၄၁၀၀၀ ၀န်းကျင်ရှိခဲ့သည်။
၂၀၂၃ ခုနှစ် ဇန်န၀ါရီ ၂၄ ရက်တွင် ရန်ကုန်ရွှေအသင်းက တစ်ကျပ်သားလျှင် ကျပ် ၂၂၈၅၅၀၀ ၀န်းကျင်ဖြင့် ဈေးပိတ်ခဲ့ပြီး ပြင်ပဈေးကွက်၌ ပြည်တွင်းရွှေဈေး ကျပ် ၂၈၂၃၀၀၀ ၀န်းကျင်ရှိခဲ့သည်။
ပြီးခဲ့သည့်စက်တင်ဘာ ၁၀ ရက်တွင် အခေါက်ရွှေဈေးနှုန်းမှာ တစ်ကျပ်သားလျှင် ကျပ် ၃၁၁၀၀၀၀ ၀န်းကျင်ဖြင့် စတင်ဈေးဖွင့်ခဲ့ပြီး ကျပ် ၃၁၃၀၀၀၀ ၀န်းကျင်ဖြင့် ဈေးပိတ်ခဲ့ကာ အနိမ့်ဆုံး ကျပ် ၃၁၀၀၀၀၀ နှင့် အမြင့်ဆုံး ကျပ် ၃၁၃၀၀၀၀ ၀န်းကျင်ရှိခဲ့သည်။
စံချိန်တင်ဈေးနှုန်းအနေဖြင့် သြဂုတ် ၁၂ ရက်တွင် အခေါက်ရွှေဈေးနှုန်းမှာ တစ်ကျပ်သားလျှင် ကျပ် ၂၆ သိန်းသို့ ရောက်ရှိခဲ့ပြီး သြဂုတ် ၁၃ တစ်ရက်တည်းတွင် နံနက်ပိုင်း၌ ၂၇ သိန်း၊ နေ့လည်ပိုင်းတွင်၂၈ သိန်းကျော် အထိ စံချိန်တင်မြင့်တက်ခဲ့ပြီး သြဂုတ် ၃၁ ရက်က ၃၆၇၀၀၀၀ ထိ စံချိန်တင်မြင့်တက်ခဲ့ခြင်း ဖြစ်သည်။