နေပြည်တော်နှင့် တိုင်းဒေသကြီး ပြည်နယ်များရှိ နမူနာ ရွေးချယ်ထားသော မြို့နယ် ၂၀ တွင် အောက်တိုဘာ ၁ ရက်မှ ၁၅ ရက်အထိ စမ်းသပ်သန်းခေါင်စာရင်း ကောက်ယူမည်

နေပြည်တော်နှင့် တိုင်းဒေသကြီး ပြည်နယ်များရှိ နမူနာ ရွေးချယ်ထားသော မြို့နယ် ၂၀ တွင် အောက်တိုဘာ ၁ ရက်မှ ၁၅ ရက်အထိ စမ်းသပ်သန်းခေါင်စာရင်း ကောက်ယူမည်
Published 1 October 2023

နေပြည်တော်နှင့် တိုင်းဒေသကြီး/ပြည်နယ်များရှိ နမူနာ ရွေးချယ်ထားသော မြို့နယ်(၂၀)တွင် အောက်တိုဘာ ၁ ရက်မှ ၁၅ ရက်အထိ စမ်းသပ်သန်းခေါင်စာရင်း ကောက်ယူမည်ဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်သည်။

စမ်းသပ်သန်းခေါင်စာရင်း ကောက်ယူမည့် အခြေအနေနှင့်ပတ်သက်၍ ကောက်ယူမည့်ပုံစံ အပါအဝင် ဆောင်ရွက်မည့် လုပ်ငန်းစဉ်များအား သတင်းဌာနများ၏ မေးမြန်းမှုအပေါ် ပြန်လည်ဖြေကြားရာတွင် နစက သတင်းထုတ်ပြန်ရေးအဖွဲ့က အထက်ပါအတိုင်း ထည့်သွင်းဖြေကြားထားခြင်း ဖြစ်သည်။

" စမ်းသပ်သန်းခေါင်စာရင်းကို ၂၀၂၃ ခုနှစ် အောက်တိုဘာ ၁ ရက်မှ ၁၅ ရက်အထိ ၁၅ ရက် ကောက်ယူသွားမှာဖြစ်ပါတယ်။ စမ်းသပ်သန်းခေါင်စာရင်းကို နေပြည်တော်၊ တိုင်းဒေသကြီး/ပြည်နယ်များရှိ နမူနာရွေးထားတဲ့ မြို့နယ် ၂၀ မှာ တပြိုင်နက်တည်း စာရင်းကောက်ယူသွားမှာ ဖြစ်ပါတယ်" ဟု နစက သတင်းထုတ်ပြန်ရေးအဖွဲ့က ပြောကြားထားသည်။

စမ်းသပ်သန်ခေါင်စာရင်းကို တွေ့ရှိရာအရပ်တွင် ကောက်ယူသည့်မူ(De Facto) ဖြင့် ကောက်ယူသွားမည်ဖြစ်ပြီး နိုင်ငံတကာတွင် အသုံးပြုလျက်ရှိသော Computer Assisted Personal Interviewing(CAPI) နည်းစနစ်ဖြင့် Mobile Tablet များ အသုံးပြု ကောက်ယူသွားမည်ဖြစ်ကြောင်းလည်း နစက သတင်းထုတ်ပြန်ရေးအဖွဲ့က ပြောကြားထားသည်။

Most Read

Most Recent