မန်ယူကွင်းလယ်ကစားသမားသစ် အမ်ရာဘတ်က နည်းပြနှင့် အသင်းလိုအပ်သည့်နေရာတွင် ကစားနိုင်ကြောင်း ပြောကြားခဲ့သည်။
အမ်ရာဘတ်သည် ခရစ္စတယ်ပဲလေ့စ်အား (၃-၀)ဂိုးဖြင့်အနိုင်ရသည့် လိဂ်ဖလားပွဲတွင် မန်ယူအတွက် ပွဲဦးထွက်ကစားခဲ့ပြီး ခြေစွမ်းပြနိုင်ခဲ့သည်။
အမ်ရာဘတ်က "ကျွန်တော့်အတွက် ပြီးပြည့်စုံတဲ့ညပါပဲ။ ဒီအသင်းမှာ ကစားဖို့ တစ်ဘဝလုံး ကြိုးစားခဲ့တာပါ။ ကျွန်တော့်အနေနဲ့ နည်းပြကို ဘယ်နေရာပဲဖြစ်ဖြစ် ခင်ဗျားနဲ့ အသင်းလိုအပ်တဲ့ ဘယ်နေရာမှမဆို ကစားနိုင်တယ်လို့ ပြောပြထားပါတယ်။ အသင်းက လိုအပ်ရင် ဂိုးသမားအဖြစ်ပါ ကျွန်တော် ကစားမှာပါ"ဟု ပြောကြားခဲ့သည်။