ဂီတာဖေး - ဗီလာရီးယဲလ် (မြန်မာစံတော်ချိန် စက်တင်ဘာ ၃၀ ရက် ည ၆:၃၀ နာရီ)
ဂီတာဖေးက အိမ်ကွင်းဆိုရင် ရဲရဲတင်းတင်းမာမာကျောကျော ကစားနေတယ်။ အိမ်ကွင်းမှာ ဂိုးသွင်းနှုန်းလည်း တိုးတက်လာနေတယ်။ ဗီလာရီးယဲလ်ကတော့ ခုထိအထိုင်မကျသေးပုံပဲ။ ဒီပွဲအပြီး ယူရိုပါလိဂ်လည်းရှိနေလို့ ဗီလာရီးယဲလ်ဒီပွဲကို ထိန်းကစားသွားဖို့ပဲ များလိမ့်မယ်။ ဂီတာဖေးကတော့ အမှတ်ဇယားမှာ အဆင့်တက်နိုင်သလောက်တက်ဖို့ ကြိုးစားလာမှာဖြစ်ပြီး အခုပွဲလည်း အိမ်ရှင်အခွင့်အရေးနဲ့အတူ သေချာပေါက်အမှတ်ယူဦး မှာပါ။ ဂီတာဖေးနဲ့ ဂိုးအများပဲ ရွေးထားသင့်တယ်။
ဗယ်လက်ကာနို - မာယော့ကာ (မြန်မာစံတော်ချိန် စက်တင်ဘာ ၃၀ ရက် ည ၈:၄၅ နာရီ)
မာယော့ကာကစားပုံက ပြီးခဲ့တဲ့ရာသီကို မမီနိုင်သေးဘူး ဖြစ်နေတယ်။ အထူးသဖြင့် အဝေးကွင်းကစားပုံလည်းလျော့နေပြီး ခံစစ်ကစားပုံကလည်း အားနည်းလွန်းနေတာတွေ့ရတယ်။ ဗယ်လက်ကာနိုကလည်း ခြေအတက်အကျမြန်ပေမဲ့ အိမ်ကွင်းမှာတော့ ကစားပုံကျစ်လျစ်မှုပိုရှိတတ်တယ်။ ဗယ်လက်ကာနိုနဲ့ ဂိုးအနည်းပဲ ရွေးထားသင့်တယ်။
ဟီရိုနာ - ရီးယဲလ်မက်ဒရစ် (မြန်မာစံတော်ချိန် စက်တင်ဘာ ၃၀ ရက် ည ၁၁:၀၀ နာရီ)
ဟီရိုနာရဲ့ တိုက်စစ်က ရီးယဲလ်မက်ဒရစ်ခံစစ်ကို ဖိအားပေးနိုင်မှာ သေချာတယ်။ ပြီးခဲ့တဲ့ရာသီ ဒီနှစ်သင်းတွေ့တုန်းကလည်း ရီးယဲလ်မက်ဒရစ်က ဟီရိုနာကို အနိုင်မယူနိုင်ခဲ့ဘူး။ လက်ရှိ ဟီရိုနာရဲ့ ခြေစွမ်းနဲ့ တိုက်စစ်အားကလည်း ပြီးခဲ့တဲ့ရာသီကထက် ပိုတိုးတက်ကောင်းမွန်နေလို့ ဟီရိုနာကို ရီးယဲလ်မက်ဒရစ်တို့ ခက်ခက်ခဲခဲထိန်းကစားရဦးမှာ သေချာတယ်။ ရီးယဲလ်မက်ဒရစ်ရဲ့ နောက်ဆုံးအဝေးကွင်းပွဲကို ကြည့်မယ်ဆို ရင်လည်း အက်သလက်တီကိုကို ဂိုးပြတ်ရှုံးပြီး ခံစစ်အားနည်းမှုက သိသာနေလို့ ဟီရိုနာလည်း ရီးယဲလ်မက်ဒရစ်ဘက်ကို တိုက်စစ်ရဲရဲဖွင့်ကစားလာဖို့များနေတယ်။ ဒါ့ပြင် ဟီရိုနာရဲ့အိမ်ကွင်းကစားအားနဲ့ ရုန်းကန်မှုကလည်း တော်ရုံအသင်းဖြိုဖျက်ဖို့ မလွယ်ကူတာအမှန်ပါ။ ဟီရိုနာနဲ့ ဂိုးအများပဲ ပိုကြိုက်နေမိတယ်။
ဆိုစီဒက် - ဘီလ်ဘာအို (မြန်မာစံတော်ချိန် အောက်တိုဘာ ၁ ရက် နံနက် ၁:၃၀ နာရီ)
ဘက်စ်ကေးဒေသခံပြိုင်ဘက်နှစ်သင်းရဲ့ပွဲကလည်း အမြဲလိုလိုအကြိတ်အနယ်ရှိတယ်။ လက်ရှိ ဒီနှစ်သင်းမှာ ဘီလ်ဘာအိုက ခြေပိုမှန်နေပေမဲ့ သူတို့နှစ်သင်းဆုံတဲ့ပွဲအများစုမှာ အိမ်ကွင်း၊ အဝေးကွင်းက စကားပြောလေ့ရှိတယ်။ အခုပွဲမှာ ဆိုစီဒက်အိမ်ရှင်ဖြစ်နေပြီး ဒီရာသီအစခြေစွမ်းကလည်း သိပ်မဆိုးလှလို့ အိမ်ကွင်းမှာ မရှုံးအောင်ကစားနိုင်စွမ်းတော့ ရှိပါတယ်။ ဘီလ်ဘာအိုကလည်း အဝေးကွင်းမှာ ထိန်းကစားဖို့ပဲ အဓိကပြင်ဆင်လာမှာပါ။ ဂိုးနည်းသရေပွဲလို့ပဲ ထင်တယ်။