အလွန်ဆို၊ ရာအူးလ်နှင့် အာဘီလိုအာတို့ကို တစ်နေ့နေ့တွင် ရီးယဲလ်နည်းပြအဖြစ် မြင်တွေ့လိုသည်ဟု အန်ဆယ်လော့တီ မှတ်ချက်ပြု

အလွန်ဆို၊ ရာအူးလ်နှင့် အာဘီလိုအာတို့ကို တစ်နေ့နေ့တွင် ရီးယဲလ်နည်းပြအဖြစ် မြင်တွေ့လိုသည်ဟု အန်ဆယ်လော့တီ မှတ်ချက်ပြု
Photo: Madrid Xtra
Photo: Madrid Xtra
Published 28 September 2023

ရီးယဲလ်မက်ဒရစ်အသင်းနည်း ပြ အန်ဆယ်လော့တီက အသင်းကစားသမားဟောင်းများဖြစ်သည့် အလွန် ဆို၊ ရာအူးလ်နှင့် အာဘီလိုအာတို့ကို တစ်နေ့နေ့တွင် ရီးယဲလ်နည်းပြဖြစ်လာရန် မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။

ယခုရာသီကုန်တွင် အလွန်ဆိုကို ရီးယဲလ်အသင်းနည်းပြအဖြစ် ခန့်အပ်မည်ဟု ကောလာဟလများထွက်ပေါ်လာပြီးနောက် သတင်းထောက်များ၏မေးမြန်းမှုကို အန်ဆယ်လော့တီက ''ကျွန်တော် သူ့ကို သိပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော့်ကစားသမားတစ်ယောက် ဖြစ်ခဲ့လို့ပါ။ သူဟာ ဘောလုံးနဲ့ ပတ်သက်လို့ များပြားတဲ့ဗဟုသုတတွေ ရှိထားပြီး လေဗာကူဆင်အသင်းမှာ ထူးထူးခြားခြားလုပ်ပြနေပါတယ်။ သူဟာ ကျွန်တော် သိတဲ့ တစ်ယောက်ပါ။ ကျွန်တော်ချစ် တဲ့ တစ်စုံတစ်ယောက်လည်းဖြစ်ပါတယ်။ ရာအူးလ် ဒါမှမဟုတ် အာဘီလိုအာလိုပေါ့။ တစ်နေ့နေ့မှာ ရီးယဲလ်နည်းပြ ဖြစ်လာနိုင်တယ်။ ဒါက အကောင်းဆုံးပါပဲ။  ဘာဖြစ်လို့လဲဆိုတော့ သူတို့ကို ကျွန်တော် အရမ်းချစ်ပါတယ်။ တစ်နေ့မှာ သူတို့တွေ ဒီကလပ်ကို နည်းပြနိုင်မယ်လို့ ကျွန်တော် မျှော်လင့်ပါတယ်''ဟု တုံ့ပြန်ခဲ့သည်။

ထို့ပြင် သူ၏အနာဂတ်နှင့် ပတ်သက်ပြီး ''ကျွန်တော် ဒီမှာ ပျော်တယ်ဆိုတာ လူတိုင်းသိပါတယ်။ ဒါပေမဲ့ အခုချိန်မှာ အရေးပါတဲ့ကိစ္စတစ်ခုတော့ မဟုတ်ပါဘူး။ အချိန်ကျတော့မှ အနာဂတ်အတွက် ကျွန်တော်တို့ စကားပြောပါမယ်''ဟု အန်ဆယ်လော့တီက ပြောကြားခဲ့သည်။

အလွန်ဆိုသည် လက်ရှိတွင် ဘွန်ဒစ်လီဂါကလပ် လေဗာကူဆင်အသင်းကို ရလဒ်ကောင်းများရရှိအောင် စွမ်းဆောင်ပေးထားကာ ဘိုင်ယန်နှင့် ထိပ်ဆုံးတွင် ပူးတွဲရပ်တည်နေပြီး ရာအူးလ်က ရီးယဲလ်အရန်အသင်းဖြစ်သည့် ကက်စတယ်လာအသင်းနှင့် အာဘီလိုအာက ရီးယဲလ် ယူ-၁၉ အသင်းများကို ကိုင်တွယ်လျက်ရှိသည်။

Most Recent