ပြီးခဲ့တဲ့ ၂၀၂၃ နွေရာသီအပြောင်းအရွှေ့ဈေးကွက်ဟာ ဥရောပထိပ်တန်းလိဂ် (၅)ခုအပြင် ဆော်ဒီပရိုလိဂ်ရဲ့ ငွေလမ်းခင်းတည်ဆောက်မှုတွေကြောင့် အသုံးစရိတ်စံချိန်တင်ခဲ့သလို၊ ပရီးမီးယားလိဂ်တစ်ခုတည်းကပဲ ပေါင် (၂.၃)ဘီလီယံကျော်နဲ့ ကြောက်ခမန်းလိလိ ဖြစ်ခဲ့ပါတယ်။ ဒီလိုအပြောင်းအရွှေ့များစွာထဲမှာ အသင်းကြီးတွေရဲ့ ကစားသမားသစ်ခေါ်ယူမှုတွေက ပရိသတ်အတွက် ပိုပြီးစိတ်ဝင်စားစရာကောင်းသလို၊ ကစားသမားသစ်တွေအနေနဲ့လည်း ပိုမိုကြီးမားတဲ့ ဖိအားတွေနဲ့အတူ ခြေစွမ်းပြနိုင်ပါ့မလားဆိုတဲ့ စိုးရိမ်စိတ်တွေကြီးမားစေပါလိမ့်မယ်။ ပြီးခဲ့တဲ့ ၂၀၂၃ နွေရာသီအပြောင်းအရွှေ့ကာလ ပရီးမီးယားလိဂ်အသင်းကြီးတွေရဲ့ ကစားသမားသစ်ခေါ်ယူမှုတွေထဲမှာ မြင့်မားတဲ့ ပြောင်းရွှေ့ကြေးတွေပေးချေထားရပြီး လက်ရှိအချိန်အထိ အသင်းသစ်နဲ့ အံ့ဝင်ဖို့ ရုန်းကန်နေရသူတွေရှိသလို၊ အသင်းသစ်မှာ အလျင်အမြန်အထိုင်ကျပြီး အကောင်းဆုံး ခြေစွမ်းကို ဆက်လက်ထိန်းသိမ်းနိုင်ခဲ့တဲ့ ကစားသမားတွေလည်း အများအပြားရှိနေပါတယ်။ ဒီကစားသမားသစ်များစွာထဲမှာမှ ပြီးခဲ့တဲ့ နွေဈေးကွက်ရဲ့ အကောင်းဆုံးခေါ်ယူမှုတွေအဖြစ် သတ်မှတ်နိုင်သလို၊ ပရီးမီးယားလိဂ်အသင်း (၃) သင်းက ခေါ်ယူခဲ့ပြီး သက်ဆိုင်ရာအသင်းသစ်တွေနဲ့ ခြေလှမ်းအစမှာ အကောင်းဆုံးပုံစံပြခဲ့တဲ့ ထိပ်တန်းကွင်းလယ် လူ (၃)ဦးကိုရွေးချယ်ဖော်ပြလိုက်ပါတယ်။
မှန်ကန်သော ရွေးချယ်ခဲ့ခြင်းများ
အပြည့်အစုံဖတ်ရှုလိုပါက ဝယ်ယူရန်
Eleven Media Group မှ တင်ဆက်သည့် သတင်းများအားလုံးကို
တစ်ပတ် ၈၀၀ ကျပ်တည်းဖြင့် ရယူ၍ စိတ်ကြိုက်၀င်ရောက်ဖတ်ရှုနိုင်ပြီ။
ဝယ်ယူထားပြီးဖြစ်ပါက Login လုပ်ရန်
Most Read
Most Recent
13 min ago
28 min ago
28 min ago
28 min ago
28 min ago
28 min ago