မာရဝိဇယ ဘုရားကြီးဝင်ရောက်ခွင့်နှင့်ပတ်သက်၍ ဝင်ရောက်သူအားလုံးကို အခမဲ့ဝင်ရောက်ခွင့်ပေးရန်နှင့် ကင်မရာပါသည့်ဖုန်း၊ အခြားဗီဒီယိုမှတ်တမ်းများ ရိုက်ကူးခြင်းနှင့် အပျော်တမ်းကင်မရာရိုက်ကူးခြင်းများကိုသာ ထိုက်သင့်သည့်နှုန်းဖြင့် ကောက်ခံရန် နစကဥက္ကဋ္ဌ ပြောကြား

မာရဝိဇယ ဘုရားကြီးဝင်ရောက်ခွင့်နှင့်ပတ်သက်၍ ဝင်ရောက်သူအားလုံးကို အခမဲ့ဝင်ရောက်ခွင့်ပေးရန်နှင့် ကင်မရာပါသည့်ဖုန်း၊ အခြားဗီဒီယိုမှတ်တမ်းများ ရိုက်ကူးခြင်းနှင့် အပျော်တမ်းကင်မရာရိုက်ကူးခြင်းများကိုသာ ထိုက်သင့်သည့်နှုန်းဖြင့် ကောက်ခံရန် နစကဥက္ကဋ္ဌ ပြောကြား
Published 1 September 2023

မာရဝိဇယ ဘုရားကြီးဝင်ရောက်ခွင့်နှင့်ပတ်သက်၍ ဝင်ရောက်သူအားလုံးကို အခမဲ့ဝင်ရောက်ခွင့်ပေးရန်နှင့် ကင်မရာပါသည့်ဖုန်း၊ အခြားဗီဒီယိုမှတ်တမ်းများ ရိုက်ကူးခြင်းနှင့် အပျော်တမ်းကင်မရာရိုက်ကူးခြင်းများကိုသာ ထိုက်သင့်သည့်နှုန်းဖြင့် ကောက်ခံရန်လိုကြောင်း ဦးဆောင်ဘုရားဒါယကာ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားသည်။

သြဂုတ် ၃၁ ရက်က မာရဝိဇယဗုဒ္ဓဥယျာဉ်တော်အတွင်းရှိ မာရဝိဇယဂေါပကအဖွဲ့ရုံး၌ ကျင်းပသည့် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးနှင့်ပတ်သက်သည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် နစကဥက္ကဋ္ဌက ထိုသို့ပြောကြားခြင်းဖြစ်သည်။

နစကဥက္ကဋ္ဌက ဘုရားဖူးလာဆရာတော် သံဃာတော်များ၊ သက်ကြီးရွယ်အိုများနှင့် မသန်စွမ်းသူများကို ဘာဂီယာဉ်များနှင့် သယ်ယူပို့ဆောင်ခြင်းများကို ဆောင်ရွက်ပေးရန်လိုကြောင်း၊ ဘုရားကြီး၌ခန့်အပ်မည့် ဝန်ထမ်းများဖွဲ့စည်းခန့်အပ်တာဝန်ပေးမှုများနှင့် ပတ်သက်၍လည်း စနစ်တကျဖြစ်စေရေး စိစစ်ခန့် အပ်ဆောင်ရွက်သွားရန်လိုကြောင်း၊ ဘုရားကြီးပတ်ဝန်းကျင် စိမ်းလန်းစိုပြည်စေရေးအတွက် သစ်ပင်များကို စနစ်တကျစိုက်ပျိုးရန်လိုကြောင်း၊ ဂန္ဓကုဋိတိုက်များအတွင်း အစားအသောက်များ စားသောက်မှုမရှိစေရေး ဆောင်ရွက်ရန်လိုကြောင်း၊ အလားတူအခြားဘုရားကြီး ပရိဝုဏ်တော်အတွင်း သန့်ရှင်းသာယာမှုများရှိစေရေး စနစ်တကျဆောင်ရွက်ရန်လိုကြောင်း၊ ဘုရားကြီးသို့ဝင်ထွက်သည့် လမ်းများ စနစ်တကျရှိစေရေးနှင့် ကားရပ်ရန်နေရာများ စနစ်တကျရှိစေရေး ဆောင်ရွက်ရန် လိုအပ်ကြောင်း ပြောကြားသည်။

ထို့ပြင် ဘုရားကြီးသို့ ဝင်ရောက်ဖူးမြော်ခြင်းနှင့်ပတ်သက်၍ ပထမသုံးလတာကာလအတွင်း စမ်းသပ်ကာလအဖြစ် အမြဲတမ်းစည်းကမ်းသတ်မှတ်ချက်များ ထုတ်ပြန်ခြင်းမပြုဘဲ ယာယီစည်းကမ်းသတ်မှတ်ချက်များဖြင့်သာ ဆောင်ရွက်သွားရန်လိုကြောင်း၊ ဘုရားကြီးဝင်ရောက်ခွင့်နှင့်ပတ်သက်၍ ဘုရားဖူးလာပြည်သူများ အသက်သာဆုံး ဖြစ်စေရေးနှင့်ဝင်ရောက်သူအားလုံးကို အခမဲ့ဝင်ရောက်ခွင့်ပေးရန်နှင့် ဘုရားကြီးဝင်းအတွင်း ကင်မရာပါသည့်ဖုန်း၊ အခြားဗီဒီယိုမှတ်တမ်းများ ရိုက်ကူးခြင်းနှင့် အပျော်တမ်းကင်မရာရိုက်ကူးခြင်းများကိုသာ ထိုက်သင့်သည့် နှုန်းဖြင့် ကောက်ခံရန်လိုကြောင်း၊ ဘုရားကြီးဝင်းအတွင်း ကားပါကင်သို့ ဝင်ရောက်ရပ်နားမှုနှင့်ပတ်သက်၍ ကိုယ်ပိုင်ယာဉ်ငယ်များကို သာဝင်ရောက်ခွင့်ပြုရန်လိုကြောင်း၊ ယာဉ်ရပ်နားခကိုလည်း ထိုက်သင့်သည့် ရပ်နားခနှုန်းထားများအတိုင်း ကောက်ခံနိုင်ရေး ဆောင်ရွက်သွားရန်လိုကြောင်းနှင့် ဘုရားကြီး ရေရှည်တည်တံ့ခိုင်မြဲစေရေး စနစ်တကျဖြင့် ဆောင်ရွက်သွားရန်လိုကြောင်း၊ ယခုဘုရားကြီးသည် ကမ္ဘာပေါ်ရှိထိုင်တော်မူ ကျောက်ဆစ်ဗုဒ္ဓရုပ်ပွားတော်များအနက် ဉာဏ်တော်အမြင့်ဆုံးဖြစ်ပြီး မြန်မာ့ဂုဏ်ဆောင်သည့် ရုပ်ပွားတော်မြတ်ကြီးဖြစ်သဖြင့် ရေရှည်ထိန်းသိမ်းစောင့်ရှောက်နိုင်ရန်အတွက် လူအင်အားလိုအပ်ချက်၊ ဘဏ္ဍာရေးဆိုင်ရာ လိုအပ်ချက်များ၊ စီမံခန့်ခွဲမှုလိုအပ်ချက်များကို ရေရှည်အတွက် ယခုသုံးလတာကာလ တွေ့ကြုံရမှုများအပေါ် တွက်ချက်၍ စီမံခန့်ခွဲဆောင်ရွက်ရန်လိုအပ်ကြောင်း နစကဥက္ကဋ္ဌ ပြောကြားသည်။

ထို့နောက် နစကဥက္ကဋ္ဌသည် အစည်းအဝေးအပြီးတွင် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး ရင်ပြင်တော်ကြီးတွင်လည်းကောင်း၊ ကျောက်စာရုံတော်များအတွင်းတွင်လည်းကောင်း လှည့်လည်ဖူးမြော်ကြည်ညိုပြီး နစကဥက္ကဋ္ဌသည် ဘုရားဖူးလာပြည်သူများကို ခင်မင်ရင်းနှီးစွာဖြင့် ရင်းရင်းနှီးနှီးနှုတ်ဆက်ခဲ့ကြောင်း သိရသည်။

Most Read

Most Recent