ကရင်ရိုးရာဝါခေါင်လချည်ဖြူဖွဲ့မင်္ဂလာ(လက်ချည်ပွဲ)အခမ်းအနား ရန်ကုန်မြို့ တိုင်ရင်းသားကျေးရွာတွင် ကျင်းပ

ကရင်ရိုးရာဝါခေါင်လချည်ဖြူဖွဲ့မင်္ဂလာ(လက်ချည်ပွဲ)အခမ်းအနား ရန်ကုန်မြို့ တိုင်ရင်းသားကျေးရွာတွင် ကျင်းပ
Published 26 August 2023

ကရင်ရိုးရာဝါခေါင်လချည်ဖြူဖွဲ့မင်္ဂလာ(လက်ချည်ပွဲ)အခမ်းအနားကို သြဂုတ် ၂၆ ရက်၊  နံနက်ပိုင်းက ရန်ကုန်မြို့၊သာကေတမြို့နယ်ရှိ ပြည်ထောင်စုတိုင်ရင်းသားကျေးရွာတွင် ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။ 

အဆိုပါအခမ်းအနားတွင် ပဲခူးရိုးမတောင်ပေါ်ဒေသနေ ကရင်လူမျိုးများ၏ ကရင်ရိုးရာအိုးစည်အကများ၊ ကရင်ရိုးရာဒုံးအကများ၊ ကရင်ရိုးရာဝါးညှပ်အကများ၊တေးသီချင်းများဖြင့် ဖျော်ဖြေတင်ဆက်ပြီးနောက် ကရင်ရိုးရာဝါခေါင်လချည်ဖြူဖွဲ့မင်္ဂလာ(လက်ချည်ပွဲ)ကို ပြုလုပ်ခဲ့ကြသည်။ 

ချည်ဖြူဖွဲ့မင်္ဂလာပြုလုပ်ရာတွင် ကရင်လူငယ်မောင်မယ်များက လက်ချည်ပွဲအသုံးအဆောင်(၇)မျိုး ပါသည့် စကောများ သယ်ဆောင်လာကာ အဘိုးအဖွားများက ချည်ဖြူဖွဲ့ပေးခဲ့ကြသည်။ 

ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဗဟိုအကြံပေးအဖွဲ့ခေါင်းဆောင်၊ပြည်ထောင်စုဝန်ကြီး၊ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ တာဝန်ရှိသူများနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများကို ချည်ဖြူဖွဲ့ပေးခဲ့ကြောင်းသိရသည်။ 

ထို့နောက် ဖိတ်ကြားထားသည့် တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအသင်းမှ ဧည့်သည််များ၊အခြားဧည့်သည်များ၊ကရင်စာပေသင် ဆရာ၊ဆရာများကို ချည်ဖြူဖွဲ့ပေးခဲ့သည်။ 

အဆိုပါအခမ်းအနားကို အစိုးရ၊ဝန်ကြီးဌာန တာဝန်ရှိသူများ၊ တိုင်းရင်းသားရေးဝန်ကြီးအပါအဝင် ကရင်စာပေနှင့်ယဉ်ကျေးမှုအသင်းမှ တာဝန်ရှိသူများ၊မြို့နယ်အသီးသီးမှ ကရင်တိုင်းရင်းသားများ တက်ရောက်ခဲ့ကြကြောင်းသိရသည်။ 

ကရင်ရိုးရာဝါခေါင်လချည်ဖြူဖွဲ့မင်္ဂလာသည် ကရင်အမျိုးသားများ၏ ရိုးရာဓလေ့ဖြစ်ပြီး ကရင်အမျိုးသားစည်းလုံးညီညွတ်ရေး၊တစ်မျိုးသားလုံး၏ လူမှုဘဝတိုးတက်ရေး၊ ကရင့်ယဉ်ကျေးမှု ဖော်ထုတ်ထိန်းသိမ်း မြှင့်တင်ရေးတွင် ပိုမိုစုစည်ညီညွှတ်စေနိုင်သည့်၊အင်အားပိုမို ခိုင်မာစေနိုင်သည့် ကရင်အမျိုးသားတစ်ခုဖြစ်ကြောင်းသိရသည်။ 

၀ါခေါင်လရောက်လျှင် ကရင်လူမျိုး အိမ်ထောင်စုတိုင်း ဝတ္တရားမပျက် ချည်ဖြူဖွဲ့ကြပြီး တစ်ရွာလုံး၊တစ်နယ်လုံးစုပေါင်း ချည်ဖြူဖွဲ့ကြကြောင်း၊ ၀ါခေါင်လတွင် ချည်ဖြူဖွဲ့ခြင်းဖြစ်ရာ ၀ါခေါင်လချည်ဖြူဖွဲ့ခြင်းဟူ၍ ခေါ်ဝေါ်သမုတ်ကြကြောင်းသိရသည်။ 

Most Read

Most Recent