လမ်းလျှောက်နေသည့် သေလူ သို့မဟုတ် ယဲ့ဂေနီ ပရီဂိုဇင်

လမ်းလျှောက်နေသည့် သေလူ သို့မဟုတ် ယဲ့ဂေနီ ပရီဂိုဇင်
ယဲ့ဂေနီ ပရီဂိုဇင် (ဝဲ) က ထိုစဉ်က ရုရှားနိုင်ငံ၏ ဝန်ကြီးချုပ် ဗလာဒီမာပူတင်အား မော်စကိုမြို့အပြင်ဘက် မြင်းပြိုင်ကွင်းတစ်ခုရှိ Cheval Blanc စားသောက်ဆိုင်တွင် ၂၀၁၁ ခုနှစ်၊ နိုဝင်ဘာလ ၁၁ ရက်က ဧည့်ခံနေစဉ် (Photo: Reuters)
ယဲ့ဂေနီ ပရီဂိုဇင် (ဝဲ) က ထိုစဉ်က ရုရှားနိုင်ငံ၏ ဝန်ကြီးချုပ် ဗလာဒီမာပူတင်အား မော်စကိုမြို့အပြင်ဘက် မြင်းပြိုင်ကွင်းတစ်ခုရှိ Cheval Blanc စားသောက်ဆိုင်တွင် ၂၀၁၁ ခုနှစ်၊ နိုဝင်ဘာလ ၁၁ ရက်က ဧည့်ခံနေစဉ် (Photo: Reuters)
Published 25 August 2023
■ နရီမင်း

ဇွန်လနှောင်းပိုင်းက မော်စကိုတွင် အာဏာဖီဆန်ရေး ချီတက်ပွဲကို ဦးဆောင်ခဲ့သည့် ယဲ့ဂေနီ ပရီဂိုဇင်ကို ရုရှားမှ စောင့်ကြည့်သူ များက “လမ်းလျှောက်နေသည့် သေလူ”ဟု သတ်မှတ်ခဲ့ကြသည်။

ကြေးစားစစ်တပ်ခေါင်းဆောင်၏ ဘဝ သက်တမ်းနှင့်ပတ်သက်၍ မကြာသေးမီက မှတ်ချက်ပေးခဲ့သည့် စီအိုင်အေ ဒါရိုက်တာ ဝီလျံဘန်းက “ငါသာ ပရီဂိုဇင် ဆိုရင် ငါ့ အစားအစာကို မြည်းစမ်းကြည့်ပေးမယ့်သူ ကို အလုပ်ထုတ်မှာ မဟုတ်ဘူး”ဟု ဆိုသည်။

ယဲ့ဂေနီ ပရီဂိုဇင်ကို တင်ဆောင်လာသော လေယာဉ်တစ်စင်း လေထဲတွင် ဖျက် ဆီးခံရမှုသည် ကရင်မလင်၏ တမင်ရည် ရွယ်သည့် သွေးအေးသော လက်စားချေမှု လုပ်ရပ်ဖြစ်ကြောင်း သက်သေပြနိုင်ပါက ယင်းသည် ရုရှားသမိုင်းတွင် ကမ်းကုန်သည့် “အထူးစစ်ရေးစစ်ဆင်ရေး”အဖြစ် ရောက်ရှိ သွားမည်ဖြစ်သည်။

ပြစ်ဒဏ်ကျခံရသူ၊ စားဖိုမှူးဟောင်းနှင့် ဟော့ဒေါ့အရောင်းသမားမှနေ၍ ကြေးစား စစ်တပ်ခေါင်းဆောင် ဖြစ်လာသူ ပရီဂိုဇင်ကို သူ၏ ဝက်ဂနာ ကြေးစားစစ်တပ်၏ ရာထူးအဆင့်ဆင့်တို့အကြား၌လည်းကောင်း၊ ယင်း ကို ကျော်လွန်လျက်လည်းကောင်း အထင်ကြီးလေးစားသူများ အများအပြား ရှိခဲ့သည်။ သူ ဖျက်သိမ်းခဲ့သည့် တစ်ရက်တာ ပုန်ကန်မှု အရေးတကြီးဖြစ်နေစဉ်အတွင်း လွန်ခဲ့သည့် နှစ်လတိတိက သူ ရောက်ရှိခဲ့သည့် Rostov-on-Don တွင် လူအများက သူ့အား နွေးထွေး စွာ ဧည့်ခံခဲ့မှုကို အများအပြားတွေ့မြင်ဖူးကြ မည်ဖြစ်သည်။

သို့သော် သူ့တွင် မော်စကို၌ ရန်သူများ စွာလည်း ရှိပြီး အထူးသဖြင့် သူ မကြာခဏ လူသိရှင်ကြား ဝေဖန်ခဲ့သည့် ရုရှားစစ်တပ်၏ အမြင့်ပိုင်း ရာထူးအဆင့်များ ဖြစ်ကြသည်။

ဇွန် ၂၃ ရက်က မော်စကိုမြို့၌ ပြုလုပ် သော ချီတက်ပွဲကို ပရီဂိုဇင် စတင်လိုက်သည့် အခါ သူ၏ သေစေလောက်သည့် အမှားဟု ထင်မြင်လာကြဖွယ်ရှိသည့်အရာသည် သမ္မ တပူတင်ကို ကျော်ခွ၍ သွားနေလေပြီ။ ထိုအ ချိန်က ပူတင်အား အမည်တပ်ကာ ဖော်ပြမ ထားသော်လည်း ပရီဂိုဇင်သည် ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလတွင် ရုရှား၏ ယူကရိန်းအား ကျူးကျော်မှုအတွက် ပေးထားသော တရား ဝင်အကြောင်းပြချက်များကို လူသိရှင်ကြား ဝေဖန်ခြင်းဖြင့် ကရင်မလင်ကို ဒေါသထွက်စေခဲ့သည်။

၎င်းတို့သည် လှည့်စားခံထားရခြင်း ဖြစ်ကြောင်းနှင့် ၎င်းတို့၏သားများသည် ခေါင်းဆောင်မှု ညံ့ဖျင်းမှုကြောင့် ယူကရိန်း စစ်ပွဲတွင် သေဆုံးနေရကြောင်း သူက ရုရှား နိုင်ငံသားများကို ပြောကြားခဲ့သည်။ ဤ သည်မှာ အယူလွဲမှားမှုဖြစ်ပြီး ထိုနေ့က ပူတင်၏ ဗီဒီယိုမက်ဆေ့ချ်သည် အမနာပ စကားများဖြင့် ရွှန်းရွှန်းဝေနေသည်။ ပူတင် က မော်စကိုမြို့မှ ပရီဂိုဇင်၏ ချီတက်ပွဲကို သစ္စာဖောက်ခြင်းနှင့် နောက်ကျောကို ဓား ဖြင့် ထိုးခြင်းဟု ခေါ်ဆိုခဲ့သည်။

ဗလာဒီမာပူတင်သည် သစ္စာဖောက် များနှင့် သူ့အား စိန်ခေါ်သူများကို ခွင့်မလွှတ် တတ်ပေ။

ရုရှားထောက်လှမ်းရေးအရာရှိဟောင်း အလက်ဇန်းဒါး လစ်ဗီနင်ကိုသည် ရေဒီယို သတ္တိကြွ ပိုလိုနီယမ်- ၂၁၀ အဆိပ်သင့်ပြီး နောက် ၂၀၀၆ ခုနှစ်တွင် လန်ဒန်ဆေးရုံ၌ နာကျင်မှုဝေဒနာကို တနုံ့နုံ့ ခံစားရကာ သေ ဆုံးခဲ့သည်။

နောက်ဆက်တွဲ စုံစမ်းစစ်ဆေးမှုတစ်ခု က လုပ်ကြံသတ်ဖြတ်သူများသည် ၎င်းတို့နှင့်အတူ သေစေနိုင်သော ပစ္စည်းများကို ရုရှား နိုင်ငံမှနေ၍ ယူဆောင်လာပြီး ရုရှားအစိုးရ ဓာတ်ခွဲခန်းကသာ ရင်းမြစ် ဖြစ်နိုင်သည်ဟု ကောက်ချက်ချခဲ့သည်။ မော်စကိုက မည် သည့် ပတ်သက်မှုမျှ မရှိကြောင်း ငြင်းဆို သော်လည်း သံသယရှိသူနှစ်ဦးအား ရုံးတင် စစ်ဆေးရန်အတွက် လွှဲပြောင်းပေးရန် ငြင်း ဆိုခဲ့သည်။

ထို့နောက်တွင် ရုရှား ကေဂျီဘီ အရာရှိ ဟောင်း ဆာဂေးစခရစ်ပါသည် ဗြိတိန်သို့ ထွက်ပြေးကာ ခိုလှုံပြန်သည်။ ၂၀၁၈ ခုနှစ် တွင် သူနှင့် သူ၏သမီး ယူလီယာတို့သည် သေဘေးမှ သီသီလေး လွတ်မြောက်ခဲ့သည်။ GRU ရုရှားစစ်ထောက်လှမ်းရေးအရာရှိ များက ဆလစ်ဘူရီရှိ ၎င်းတို့၏ နေအိမ်တံခါး လက်ကိုင်တွင် နိုဗီချုပ် အာရုံကြောအဆိပ်ကို သုတ်လိမ်းခဲ့သည်ဟု စွပ်စွဲခဲ့ကြသည်။ အဆိုပါ သေစေတတ်သော အဆိပ်များ ပါရှိသည့် စွန့်ပစ်ထားသော ရေမွှေးပုလင်းကို နောက် ပိုင်းတွင် ဝစ်ရှိုင်းယား၌ နေထိုင်သည့် ဒေသ ခံ ဖြစ်သူ ဒွန်းစတာဂတ်စ်က သူ၏ လက်ကောက်ဝတ်များတွင် လိမ်းပြီးနောက် သေဆုံးသွားခဲ့သည်။

ရုရှားနိုင်ငံအတွင်း ဝေဖန်သူများနှင့် စီး ပွားရေးသမားများအပါအဝင် အချို့သော ဖြစ်ရပ်များတွင် “အပေါ်ထပ်ပြတင်းပေါက် မှ ပြုတ်ကျခြင်း”ကဲ့သို့ ရုတ်တရက်သေဆုံးမှု ကြုံရသည့် ရှည်လျားသော လူစာရင်းတစ်ရပ် ရှိသည်။ သမ္မတပူတင်ကို အဝေဖန်ဆုံး အ တိုက်အခံ အလက်ဆေး နာဗာညီသည် ယခု အခါ နိုင်ငံရေးစေ့ဆော်မှုအရ လိမ်လည်စွဲ ဆိုမှုဟု ဆိုထားသည့် စွဲချက်များနှင့် ပတ် သက်၍ ရာဇသတ်ကြီးပုဒ်မတစ်ခုဖြင့် ချောင် ထိုးခံထားရသည်။ နာဗာညီသည် ၂၀၂၀ ပြည့်နှစ်က ဆိုက်ဘေးရီးယားကို ဖြတ်ပျံ သည့် လေယာဉ်ပေါ်တွင် နိုဗီချုပ် အာရုံ ကြောအဆိပ်ဖြင့် လုပ်ကြံသတ်ဖြတ်ခံရကာ သေလုမျောပါးဖြစ်ပြီးနောက် အသက်ရှင် ကျန်ရစ်သူဖြစ်သည်။

သို့သော် ပရီဂိုဇင်သည် အလွန်ခြားနား သော ဖြစ်ရပ်တစ်ခုဖြစ်ပြီး ၎င်းသေဆုံးမှု သည် ရုရှားလူမျိုးများအတွက် ပိုမိုအငြင်းပွား ဖွယ်ဖြစ်စေသည်။ ပရီဂိုဇင်သည် ကရင် မလင်အတွက် အလွန်အသုံးတည့်ပြီး ရုရှား နိုင်ငံသားအချို့က အမျိုးသားသူရဲကောင်း တစ်ဦးအဖြစ် မြင်ကြသည့် လူတစ်ဦးဖြစ်နေ သည်။

သူ၏ ဝက်ဂနာ ကြေးစားစစ်တပ်ကို ၂၀၁၄ ခုနှစ်တွင် တည်ထောင်ခဲ့ပြီး ယခင် Speznaz (အထူးတပ်ဖွဲ့) မှ တိုက်ပွဲဝင် များနှင့် အခြားစစ်သားများ ပါဝင်သည့် အမာခံအဖွဲ့မှနေ၍ ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။ ယင်းအဖွဲ့သည် ယူကရိန်းအရှေ့ပိုင်းတွင် အကြီးအကျယ် လှုပ်ရှားပြီး ယူကရိန်းစစ်တပ် အား ဘက်ခမွတ်မှ နှင်ထုတ်ကာ အိုနာကျိုး ကန်းများနှင့် ဦးဆောင်မှု ညံ့ဖျင်းသော ရုရှား ပုံမှန်စစ်တပ်အနေဖြင့် မရရှိတတ်သည့် ကြောက်စရာကောင်းသော ကျော်ကြားမှု တစ်ရပ်ကို ရယူနိုင်ခဲ့သည်။

မုဒိမ်းသမားများနှင့် လူသတ်သမား များအပါအဝင် ထောင်နှင့်ချီသော အကျဉ်း သားများကို တပ်သားသစ်အဖြစ် စုဆောင်း ရန်အတွက် ပရီဂိုဇင်သည် ကိုယ်တိုင်ကိုယ် ကျ ရုရှားနိုင်ငံ၏ ရာဇဝတ်အကျဉ်းထောင် များကို သွားရောက်ကာ ဝက်ဂနာသည် ၎င်း ၏အဆင့်ကို မြှင့်တင်ခဲ့သည်။ ၎င်းတို့အား ယူကရိန်းအရှေ့ပိုင်းတွင် အသေခံတပ်သား များအဖြစ် ထိရောက်စွာအသုံးပြုခဲ့ရာ ရန်သူ တပ်များ ယူထားသည့်နေရာများကို စိုးမိုး နိုင်ရန် ထပ်ခါတလဲလဲ ကြိုးပမ်းရာ၌ သူတို့ ကို ရက်ရက်စက်စက် ပစ်ခတ်နေသည့်အထဲ သို့ အတင်းရှေ့တက်ရန် တပ်မှူးများက အမိန့်ပေးခဲ့သည်။

ဝက်ဂနာသည် ဆီးရီးယားတွင် နှစ် ပေါင်းများစွာ လှုပ်ရှားနေသော်လည်း ကရင် မလင်အတွက် မဟာဗျူဟာမြောက် အောင် မြင်မှု ရယူပေးနိုင်ခဲ့သည်မှာ အာဖရိကတွင် ဖြစ်သည်။ ယင်းနေရာများတွင် ၎င်းတို့သည် ဒီမိုကရေစီနည်းမကျသော အစိုးရများအ ကြား ရေပန်းစားကြောင်း သက်သေပြနိုင် သည့် ရက်ရက်စက်စက် ထိရောက်သော စီး ပွားရေးပုံစံတစ်ရပ်ကို ဖွံ့ဖြိုးစေခဲ့သည်။

အရေးကြီးပုဂ္ဂိုလ်များကို အကာအ ကွယ်ပေးခြင်းမှသည် ရွေးကောက်ပွဲများကို လွှမ်းမိုးခြင်းနှင့် ဝေဖန်သူများကို အသံတိတ် သွားစေခြင်းတို့အထိ “လုံခြုံရေးဝန်ဆောင် မှု” အမျိုးမျိုးကို ပံ့ပိုးပေးခြင်းဖြင့် ၎င်းတို့သည် သတ္တုတွင်းဆိုင်ရာ အခွင့်အရေးများနှင့် အာ ဖရိကနိုင်ငံအများအပြားရှိ ရွှေနှင့် အခြားအ ဖိုးတန်သတ္တုများကို ရယူသုံးစွဲခွင့် ရရှိခဲ့ သည်။ ငွေများကို မော်စကိုသို့ ပြန်လည်စီး ဆင်း‌စေပြီး ယင်းနိုင်ငံများ၏ အမှန်အကန် လူထုတို့မှလွဲ၍ လူတိုင်း ချမ်းသာလာကြ သည်။

ဝက်ဂနာတပ်ဖွဲ့များသည် မာလီနှင့် ဗဟိုအာဖရိကသမ္မတနိုင်ငံတို့တွင် အရပ် သားများကို အစုလိုက်အပြုံလိုက် သတ်ဖြတ် ခဲ့မှု အပါအဝင် လူ့အခွင့်အရေးချိုးဖောက် မှုပေါင်း မြောက်မြားစွာအတွက် စွပ်စွဲခံထား ရသည်။ သို့သော် ၎င်းတို့သည် အာဖရိက တိုက်၏ ကြီးမားကျယ်ပြန့်သော နေရာအနှံ့ အပြားတွင် ပြင်သစ်နှင့် အခြားအနောက် တိုင်းတပ်များကို အစားထိုးနေရာယူရာ၌ အောင်မြင်ခဲ့သည်။

ပရီဂိုဇင်သည်  Telegram ချန်နယ်တစ် ခုတွင် ယခုအပတ်ကမှ ပေါ်လာခဲ့သေး သည်။ မာလီရှိ အခြေစိုက်စခန်းတစ်ခုတွင် ရိုက်ကူးထားသည်ဟု ယူဆရသည့် ဗီဒီယို တစ်ခုတွင် ပရီဂိုဇင်က အာဖရိက၌ ဝက်ဂ နာ၏ လှုပ်ရှားမှုများကို ချဲ့ထွင်ရန်နှင့် ၎င်း၏လူထုအတွက် “လွတ်လပ်မှု” ရရှိရန် ကတိ ပေးနေသည်။

ယင်းတို့အားလုံးထက် အရေးကြီးသည် မှာ မော်စကို၌ ထင်ရှားသော ကျောထောက် နောက်ခံအချို့ ရှိနေခြင်းပင်ဖြစ်သည်။

အထူးသဖြင့် သူ့ကို ဝန်ထုပ်ဝန်ပိုးတစ် ရပ်၊ ခန့်မှန်းရ ထိန်းချုပ်ရ ခက်ခဲသူနှင့် ပူတင် ၏ အုပ်ချုပ်ရေးနှင့် သူ့ဝန်းကျင်တစ်ဝိုက်မှ စနစ်အတွက် အနာဂတ်တွင် ဖြစ်နိုင်ခြေရှိ သော ခြိမ်းခြောက်မှုတစ်ရပ်ဟု ရှုမြင်သည့် စစ်ထောက်လှမ်းရေးအဖွဲ့အတွင်း၌ ဖြစ်လေသည်။

Ref: BBC

Most Read

Most Recent