စီးပွားရေးလုပ်ငန်းရှင်မှ ထိုင်းဝန်ကြီးချုပ်ဖြစ်လာသူ ဆရတ်သာထားဝိုင်ဆင်း

စီးပွားရေးလုပ်ငန်းရှင်မှ ထိုင်းဝန်ကြီးချုပ်ဖြစ်လာသူ ဆရတ်သာထားဝိုင်ဆင်း
Published 23 August 2023
■ Ref: AFP, Nikkei asia

ဆရတ်သာထားဝိုင်ဆင်းကို ထိုင်းနိုင်ငံ၏ ၃၀ ဦးမြောက်ဝန်ကြီးချုပ်အဖြစ် အတည် ပြုလိုက်ခြင်းသည် ဘုတ်အဖွဲ့ခန်းမှသည် နိုင်ငံရေးအာဏာအမြင့်ဆုံးနေရာအထိ မြန်ဆန်၍ မျှော်လင့်မထားသော ခရီးတစ်ခုဖြစ်ပါသည်။

ဖျူထိုင်းပါတီက ဝန်ကြီးချုပ်ရာထူးအတွက် ကိုယ်စားလှယ်လောင်းသုံးဦးထဲက တစ်ဦးအဖြစ် သူ့အားရွေးချယ်လိုက်သည့် အခါ အသက် ၆၁ နှစ်အရွယ် ထိုင်း၏အကြီး ဆုံးအိမ်ခြံမြေလုပ်ငန်းရှင် ဆရတ်သာထား ၀ိုင်ဆင်းသည် လုပ်ငန်းရှင်ဝတ်စုံကို ပေါ့ပေါ့ ပါးပါးမဲဆွယ်စည်းရုံးရေးဝတ်စုံဖြင့် လဲလှယ် လိုက်ခြင်းဖြစ်သည်။

ထိုင်းနိုင်ငံ၏သြဇာကြီးသော စီးပွားရေး အသိုင်းအဝိုင်းတွင်သူရရှိထားသော လေးစားမှုက စစ်တပ်ကျောထောက်နောက်ခံပြု အစိုးရများလက်ထက်ဆယ်စုနှစ်တစ်ခုကြာ စီးပွားရေးကျဆင်းခဲ့ပြီးနောက် နှေးကွေးလေးလံ နေသော ထိုင်းစီးပွားရေးကို အမြန်ဆုံးပြန် ကောင်းအောင် သူကလုပ် ပေးနိုင်သည်ဟူ သောမျှော်လင့်ချက်များ ရှိလာစေသည်။

ဆရတ်သာသည် အမေရိကန်ပြည် ထောင်စုတွင် ပညာသင်ခဲ့သည်။ ထိုင်း၏ အကြီးဆုံးအိမ်ခြံမြေလုပ်ငန်း ဆန်ဆီရီကို ဦး ဆောင်ခဲ့ပြီးနောက် အကြီးအကျယ်ချမ်းသာ ကြွယ်ဝလာကာ နိုင်ငံရေးလောကထဲ ဝင်လာသည်။

ဖျူထိုင်းပါတီကိုယ်စားလှယ်လောင်း ဖြစ်ပြီး ဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာ ၀ါထရာ၏သမီး ပေထုံတန်ရှင်နာဝါထရာ လောက်နာမည်မကြီး၊ အင်တိုက်အားတိုက် ပုံစံမပေါက်သော်လည်း ၆ ပေ ၃ လက်မရှိ သော သူ၏အရပ်အမောင်းက မေလရွေး ကောက်ပွဲအတွက် မဲဆွယ်စည်းရုံးရေးဆင်း ရာတွင် မေ့ပစ်ရန် ခက်ပါသည်။

ဆရတ်သာသည် ထိုင်းလူငယ်များကို ပညာရေးပြုပြင်ပြောင်းလဲမှု၊ LGBTQ  အခွင့်အရေးများ၊ ပတ်ဝန်းကျင် ကာကွယ်ရေး၊ ထိုင်းနိုင်ငံ၏ ဆင်းရဲ ချမ်းသာ ကွာဟမှု ကြီး မားလာခြင်းကို ကိုင်တွယ်မည့်အစီအမံများ ဖြင့် စည်းရုံးခဲ့သည်။

လီဗာပူးဘောလုံးအသင်း ပရိသတ်ဖြစ် သည်။ သူ၏ဘောလုံးပညာကို ပြသရန် tik tok ကိုအသုံးပြုပြီး “ဘောလုံးနဲ့ နိုင်ငံရေးမှာ လူတွေဟာ တစ်ယောက်တည်းကစားလို့ မရ ပါဘူး။ အသင်းအဖဲဲွ့အနေနဲ့ကစားရတာဖြစ် ပါတယ်” ဟု မဲဆန္ဒရှင်ပြည်သူများကို ပြော သည်။

သူ၏အိမ်ခြံမြေလုပ်ငန်းသည် ၂၀၁၇ ခုနှစ်တွင် လုပ်ငန်းများခွဲ၍ လုပ်ကိုင်ခဲ့ရာ ဟို တယ်လုပ်ငန်း၊ နည်းပညာနှင့် life style လုပ်ငန်းများကို လုပ်ကိုင်လာသည်။ standard international ဟိုတယ်လုပ်ငန်း၊ monocle ဖက်ရှင်မဂ္ဂဇင်း၊ အခြားသောစီး ပွားရေးလုပ်ငန်းတို့တွင် အမေရိကန်ဒေါ်လာ သန်း ၈၀ မြှုပ်နှံထားသည်။

နောက်ဆုံးပေါ် လူငယ်ကြိုက် တံဆိပ် အတော်များများနှင့် တွဲဖက်လုပ်ကိုင်လျက်  လူငယ်မျိုးဆက်အပေါ် သူ၏စိတ်ဝင်စားမှု ကို အားဖြည့်ခဲ့သည်ဟု ဆရတ်သာ၏ စီးပွား ရေးသမားဘဝကို မှတ်တမ်းရေးထားသော ဘန်ကောက် အစားအသောက်နှင့် ခရီးသွား စာရေးဆရာ ဗင်းစင့်ဗီချစ်ဗာဒါကန်က အေ အက်ဖ်ပီကို ပြောသည်။

 “သူဟာ သားသားနားနား ဝတ်စားထား တဲ့ ချာတိိတ်တွေနဲ့လည်း အချိန်ဖြုန်းတတ်ပါ တယ်”ဟု ၎င်းက ပြောသည်။

နိုင်ငံရေးလောကကို မကြာသေးမီကမှ ဝင်ရောက်လာသူဖြစ်သောကြောင့် ရှင်နာဝါ ထရ မျိုးဆက်အုပ်စုအတွက် ယာဉ်တစ်စီးအ ဖြစ်ရှုမြင်ခံရသော ဖျူထိုင်းပါတီတွင် သူ့အ လိုအတိုင်းလုပ်ဆောင်ရန်  အခက်အခဲရှိနိုင် သည်။

သူသည် ဖျူထိုင်းပါတီထဲတွင် ပွင့်ပွင့် လင်းလင်းရှိသော အမာခံလူများမရှိဟု လေ့ လာဆန်းစစ်သူ သီတီနန်ပေါင်ဆက်ဟီရတ် က အေအက်ဖ်ပီကို ပြောသည်။

“ဒါဟာ သူ့ရဲ့ရပ်တည်ချက်ကို အား နည်းစေပါတယ်။ သူဟာ အစပိုင်းကတည်း က အကဲစမ်းတာခံရပါလိမ့်မယ်”ဟု ၎င်းင်းက ပြောသည်။

ဖျူထိုင်းပါတီ၏ လူဟောင်းကြီးများ ကွန်ရက်သည် ကိုယ်ပိုင် အာဂျန်ဒါများရှိနေ ကြသည်။ ဆရတ်သာ၏ အောင်မြင်မှုသည်   သူ့အပေါ်ထောက်ခံမှုရအောင် လုပ်ဆောင် နိုင်ခြင်းရှိ မရှိအပေါ်မူတည်နေသည်။

စစ်တပ်ခန့်ထားသော အထက်လွှတ် တော်အမတ်များက မေလရွေးကောက်ပွဲတွင် အမတ်နေရာအများဆုံးအနိုင်ရခဲ့သော move forward (MFP) ပါတီကတင် သည့် ပီတာလင်ဂျာရွန်ရတ်ကိုပယ်ချခဲ့ပြီးနောက် ဆရတ်သာသည် ဝန်ကြီးချုပ်ဖြစ်လာခြင်း ဖြစ်သည်။

ပီတာ၏ တော်ဝင်အသေရေဖျက်မှုဥပ ဒေများ ပြင်ဆင်ရေးကတိများနှင့် သြဇာကြီး သောလုပ်ငန်းများ လက်ဝါးကြီးအုပ်မှုကို ကိုင် တွယ်မည်ဆိုသည့်ကတိတို့က ထိုင်းကွန်ဆာ ဗေးတစ် အထက်တန်းလွှာကို တုန်လှုပ်စေခဲ့ သည်။

ထို့နောက်ဖျူထိုင်းသည် MFP မပါဘဲ ညွန့်ပေါင်းသစ်ကို ဖွဲ့လိုက်ပြီး စစ်တပ်ကျော နောက်ခံပြုပါတီများနှင့် ပူးပေါင်းလိုက်သည်။ တည်ငြိမ်သည့် စီးပွားရေးလုပ်ငန်းရှင်သည် ဆရတ်သာသည် ရှေးရိုးစွဲ ၀ါဒီများအတွက် ပို၍နှစ်လိုဖွယ်ကောင်းသူအဖြစ် ရှုမြင်ခံရ သည်။ သူသည် အရွယ်ရောက်သော သားသ မီးသုံးဦးရှိသည်။

ဝန်ကြီးချုပ်အဖြစ် ဆရတ်သာ ရွေးချယ် ခံရခြင်းကြောင့် ထိုင်းစတော့စျေးကွက်သည် ရှယ်ယာစျေး၂၀ ရာခိုင်နှုန်းနီးပါး တက်သွား သည်။ ဆန်ဆီရီလုပ်ငန်း ရှယ်ယာများသည် ၇ ဒသမ ၅ ရာခိုင်နှုန်းတက်သွားသည်။

ဆယ်နှစ်နီးပါးကာလတွင် စစ်တပ်က မဟုတ်သည့် ပထမဆုံးထိုင်းဝန်ကြီးချုပ် သည် ထိုင်း၏ salesman in chief  ဖြစ်လာမည့် သူဟု Nikkei asia က ရေးသည်။

မဲဆွယ်စည်းရုံးရာတွင်လည်းကောင်း၊ Nikkei asia သတင်းဌာနနှင့်အင်တာဗျူး များတွင်လည်းကောင်း အိမ်နီးချင်း အင်ဒိုနီး ရှားနှင့် ဗီယက်နမ်တို့ကို အမီလိုက်ရန် လွတ် လပ်သော ကုန်သွယ်ရေးသဘောတူ စာချုပ် များကို အကောင်အထည်ဖော်မည်ဟု ဆ ရတ်သာက ပြောကြားသည်။ အဆိုပါနှစ်နိုင်ငံ သည် အရေးပါသော သွင်းကုန်လုပ်ငန်းရှင် များ၊ ဥရောပသမဂ္ဂ(အီးယူ) ကဲ့သို့သော ရင်း နှီးမြှုပ်နှံသူများနှင့်လွတ်လပ်သော ကုန်သွယ် ရေးသဘောတူစာချုပ်များ ချုပ်ထားသည်။ အရှေ့အလယ်ပိုင်းနှင့် အာဖရိကတို့ရှိ ပို့ကုန် စျေးကွက်သစ်များကို ရရှိအောင် ဆောင်ရွက် မည်ဟု ဆိုသည်။

ဆရတ်သာ၏ ပထမဦးစားပေးကိစ္စမှာ ဖျူထိုင်းပါတီ အမာခံများအတွက် ပေးထား သော စီးပွားရေးဆိုင်ရာကတိများကို တည်အောင်လုပ်ရမည့်ကိစ္စဖြစ်ပါလိမ့်မည်။ “လုပ် ငန်းရှင်အဖြစ်ကနေ နိုင်ငံရေးသမားအဖြစ် ကူးပြောင်းဖို့ ကျွန်တော်ဆုံးဖြတ်ရတဲ့ အဓိက အကြောင်းရင်းကတော့ ဆင်းရဲချမ်းသာ မညီ မျှမှုကိစ္စပဲဖြစ်ပါတယ်”ဟု ၎င်းင်းက ဧပြီလထဲ တွင် Nikkei asia ကို ပြောခဲ့သည်။

ဝန်ကြီးချုပ်ဟောင်းများဖြစ်သော သက် ဆင်ရှင်နာဝါထရာနှင့် ယင်လတ်ရှင် နာဝါထ ရာတို့၏ လူယုံတစ်ဦးဖြစ်သော ဆရတ်သာ သည် လွန်ခဲ့သော နှစ်နှစ်တွင် ဖျူထိုင်းပါတီ နှင့် နိုင်ငံရေးအခန်းကဏ္ဍကို စတင်ဆွေး နွေးကတည်းက ဝန်ကြီးချုပ်ရာထူးကို စိတ်ဝင် စားခဲ့သည်။

 “ကျွန်တော်ဟာ နိုင်ငံရေးလောကမှာ တစ်ခုခု လုပ်ရမယ်ဆိုရင် နိုင်ငံရေးသက် သက်အတွက် အဲဒါကို လုပ်မှာမဟုတ်ပါဘူး။ ကျွန်တော်က ကွဲပြားတာကို လုပ်ချင်ပါ တယ်။ ကွဲပြားတာကို လုပ်နိုင်တဲ့ အဓိက ရာထူးတစ် ခုကတော့ ဝန်ကြီးချုပ်ရာထူးဖြစ်ပါတယ်”ဟု ဆရတ်သာက ပြောခဲ့သည်။

ဘန်ကောက်မြို့တွင်မွေးပြီး အမေရိ ကန်တွင် ပညာသင်ခဲ့သော ဆရတ်သာသည် ၁၉၉၀ ခုနှစ်အထိ proctor & gamble Thailand တွင် အလုပ်လုပ်ခဲ့သည်။ သူသည် ၁၉၉၀ ခုနှစ်တွင် မိခင်ဘက်က တည်ထောင် ထားသော ဆန်ဆီရီ အိမ်ခြံမြေလုပ်ငန်း၏ ဥက္ကဋ္ဌဖြစ်လာသည်။

ဆရတ်သာသည် မေလ ၁၄ ရက်ရွေး ကောက်ပွဲအတွက် လွှတ်တော်ကိုယ်စားလှယ် လောင်းများ မှတ်ပုံမတင်မီ ဧပြီလထဲတွင် ဆန်ဆီရီ ဥက္ကဋ္ဌနှင့် စီအီးအိုရာထူးတို့မှ နုတ် ထွက်ခဲ့သည်။ ဝန်ကြီးချုပ်သည် လွှတ်တော် အမတ်ဖြစ်ရန်မလိုအပ်ဟု ဖွဲ့စည်းပုံတွင် ဖော် ပြထားသောကြောင့် ဆရီသာ အမည်သည် မဲစာရင်းတွင် ပေါ်မလာပါ။

“ကျွန်တော့်သားသမီးအားလုံး ဘွဲ့တွေ ရပြီဆိုတော့ ကျွန်တော်ဟာ အသက်အရွယ် တစ်ခုကို ရောက်နေပါပြီ။ ထိုင်းပြည်သူတွေ ညီတူညီမျှဖြစ်တာကို မြင်ချင်ပါတယ်”ဟု ၎င်းင်းက ပြောသည်။

 

 

Most Read

Most Recent