မြန်မာ-လာအို နှစ်နိုင်ငံ နယ်စပ်လုံခြုံရေး၊ လူကုန်ကူးမှုနှင့် မူးယစ်ဆေးဝါးတားဆီးရေးကိစ္စရပ်များဆွေးနွေး

မြန်မာ-လာအို နှစ်နိုင်ငံ နယ်စပ်လုံခြုံရေး၊ လူကုန်ကူးမှုနှင့် မူးယစ်ဆေးဝါးတားဆီးရေးကိစ္စရပ်များဆွေးနွေး
Published 29 July 2023

လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးမြတ်သက်ဦးနှင့် လာအိုနိုင်ငံ၊ ဒုတိယဝန်ကြီးချုပ်နှင့်  အမျိုးသားကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီး  Chansamone Chanyalath တို့သည် ဇူလိုင် ၂၇ ရက်က  အဆိုပါဝန်ကြီးဌာနတွင် တွေ့ဆုံခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။

ထိုသို့တွေ့ဆုံရာတွင် မြန်မာနိုင်ငံနှင့် လာအိုနိုင်ငံတို့အကြား နှစ်နိုင်ငံနယ်စပ်လုံခြုံရေး၊ ကုန်သွယ်ရေး၊ လူကုန်ကူးမှုတားဆီးရေးနှင့် မူးယစ်ဆေးဝါးတားမြစ်ရေးစသည့် ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြောင်း သိရသည်။

အလားတူလာအိုနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးဦးမြတ်သက်ဦးသည် Lao Front for National Development ၏ ဥက္ကဋ္ဌ ဖြစ်သူ H.E. Dr. Sinlavong Khouphaythoune အား ဇူလိုင် ၂၆ ရက်က ၎င်း၏ရုံးခန်းတွင် သွားရောက်တွေ့ဆုံခဲ့ကြောင်း သိရသည်။

ထိုသို့တွေ့ဆုံံရာတွင် မြန်မာနိုင်ငံနှင့် လာအိုနိုင်ငံတို့အကြား နှစ်နိုင်ငံသာသနာရေးဆိုင်ရာ ကိစ္စရပ်များတွင် ပူးပေါင်းဆောင်ရွက်ရန်အတွက် အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြောင်း သိရသည်။

Most Read

Most Recent