ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေးအတွက် လဝကနှင့် UNHCR တို့အကြား MoU အသစ် လက်မှတ်ရေးထိုးနိုင်ရန် ပြည်ထောင်စုဝန်ကြီးနှင့် UNHCR မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် ဆွေးနွေး

ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေးအတွက် လဝကနှင့် UNHCR တို့အကြား MoU အသစ် လက်မှတ်ရေးထိုးနိုင်ရန် ပြည်ထောင်စုဝန်ကြီးနှင့် UNHCR မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် ဆွေးနွေး
Published 18 July 2023

ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေးအတွက် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနနှင့် ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) တို့အကြား MoU အသစ် လက်မှတ်ရေးထိုးချုပ်ဆိုနိုင်ရန် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်နှင့် ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) ၏ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် Ms.Noriko Takagi တို့ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

နေပြည်တော်ရှိ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ဧည့်ခန်းမတွင် ဇူလိုင် ၁၇ ရက်က ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်နှင့် ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) ၏ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် Ms.Noriko Takagi တို့ တွေ့ဆုံဆွေးနွေးခဲ့ခြင်းဖြစ်သည်။

ထိုသို့တွေ့ဆုံရာတွင် ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေးအတွက် ဝန်ကြီးဌာနနှင့် UNHCR တို့အကြား (MoU) သက်တမ်းကျော်လွန်မှုအခြေအနေနှင့် MoU အသစ် လက်မှတ်ရေးထိုးချုပ်ဆိုနိုင် ရန် နှစ်ဦးနှစ်ဖက်စောင့်ထိန်းရမည့် တာဝန်များ၊ ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်အဆင့်ဆင့်၊ ထပ်မံချုပ်ဆိုမည့် MoU အသစ်တွင် ပြင်ဆင်၊ ဖြည့်စွက်၊ အတည်ပြုနိုင်မည့် အသုံးအနှုန်းများနှင့်ပတ်သက်၍ နှစ်ဖက်ညှိနှိုင်းကာ အမြန်ဆုံးပြုစုပေးနိုင်ရေး၊ ယင်းကာလအတွင်း ဌာနေကိုယ်စားလှယ်အပါအဝင် UNHCR မှ နိုင်ငံခြားသားများ၏ ဗီဇာနေခွင့် သက်တမ်းတိုးမြှင့်ပေးနိုင်ရေး၊ ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေးလုပ်ငန်းစဉ်ကို မြန်မာနိုင်ငံမှ ကြိုးပမ်းဆောင်ရွက်နေမှုများအပေါ် သိရှိနားလည်ပြီး အပြုသဘောဆောင်သည့် ပူးပေါင်းကူညီမှုများ ထိထိရောက်ရောက် ဆောင်ရွက်ပေးနိုင်ရေး အခြေအနေများနှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြောင်း သိရသည်။

တွေ့ဆုံပွဲသို့ ဒုတိယဝန်ကြီးများဖြစ်ကြသည့် ဦးဌေးလှိုင်နှင့် ဒေါက်တာမျိုးသန့်၊ အမြဲတမ်းအတွင်းဝန် ဦးဝင်းဇော်အောင်၊ လူဝင်မှုကြီးကြပ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးရဲထွန်းဦးနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

Most Read

Most Recent