အခြေခံပြည်သူများကို ပိုမိုထိခိုက်လာသည့် ကုန်စျေးနှုန်းဂယက်

အခြေခံပြည်သူများကို ပိုမိုထိခိုက်လာသည့် ကုန်စျေးနှုန်းဂယက်
Published 18 June 2023

ဆန်ချောတစ်ပြည် ကျပ် ၅၄၀၀၊ ဆန်ကြမ်းတစ်ပြည် ကျပ် ၃၃၀၀ နှင့် ဆီ ၁၀ သား ကျပ်၁၂၀၀၊ ကြက်သွန်နီ ၁၀ သား ကျပ် ၃၀၀ ဖြင့် ကုန်စည်စျေးနှုန်းအများစု တရိပ်ရိပ်မြင့် တက်လျက်ရှိသည်။

ကုန်စျေးနှုန်းမြင့်တက်မှု ဂယက်များ တစ်ကမ္ဘာလုံးသို့ ရိုက်ခတ်လျက်ရှိပြီး အထူးသဖြင့် အစားအစာနှင့်လောင်စာအတွက် ငွေအများဆုံးသုံးနေရသည့် ဆင်းရဲနွမ်းပါးသော မိသားစုများကို ထိခိုက်လျက်ရှိသည်။

ယူကရိန်းတွင်ဖြစ်ပွားသည့်  စစ်ပွဲ၏ အကျိုးသက်ရောက်မှုများသည် ကမ္ဘာလုံးဆိုင် ရာစီးပွားရေးကို ယခင်ကတည်းက ဆိုးရွားစွာ ထိခိုက်စေခဲ့ပြီး ယင်းပဋိပက္ခ အရှိန်မြင့်လာ မည်ဆိုပါက ကမ္ဘာ့စီးပွားရေးအတွက် ပျက် စီးဆုံးရှုံးမှုများ ပိုမိုဖြစ်ပွားလာစေလိမ့်မည်ဟု နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့ (IMF)က  ယခင်နှစ်က သတိပေးခဲ့သည်။

ရုရှား-ယူကရိန်း ပဋိပက္ခ၏ အကျိုးဆက် ကြောင့် မြန်မာနိုင်ငံတွင်လည်း စက်သုံးဆီစျေး အဆမတန် မြင့်တက်ခဲ့ပြီး ရွှေစျေး၊ စားသုံးဆီ စျေးအပြင် ကုန်စည်အမည်အများစု၏ ကုန် စျေးနှုန်းမှာလည်း လက်ရှိအချိန်အထိ အကျ မရှိ အတက်သာရှိလာခဲ့သည်။

အခုဆိုရင် ဆန်တစ်ပြည်ပေါ့။ ဆန်ကြမ်း ဆန်ကျိုး(အကျိုးအကျေအနည်းငယ်ပါသည့် ဆန်)တစ်ပြည်ကို ၃၆၀၀၊ ဆန်ချောအညံ့စားက တစ်ပြည် ၄၂၀၀၊ ဆန် အကောင်းစားကတော့ ၅၄၀၀၊ ၅၆ဝဝရှိတယ်။ကြက်သွန်တစ်ပိဿာ ၃၀၀၀၊ ငါးခူ၁၀ သားကို ၁၅၀၀ ကနေ ၂၀၀၀၊ ပဲဆီအစစ်တစ်ပိဿာ ၁၇၀၀၀ ၊ ပဲနှမ်းက ၁၂၀၀၀၊ စားအုန်းဆီက တော့ ၉၀၀၀   ဝန်းကျင်ပေါ့။ ခရမ်းချဉ်သီး၁၀ သား ၃၀၀၊ ၄၀၀၊ ကန်စွန်းရွက်တစ်စည်း ၃၀၀ ရ ရင်ကံကောင်းပဲ။ တချို့စျေးသည်တွေဆီမှာ  ၄၀၀၊ ငရုတ်သီးစိမ်း၊ နံနံပင် ၂၀၀ ဖိုးဝယ်ရင် ပါကောင်း ပါတယ်။ ငရုတ်သီးစိမ်း ၂ဝဝဖိုးက  ၁ဝတောင့်လောက်ပဲရတယ်။ ဆိတ်သားနဲ့ ရောဖို့ အာလူးဝယ်တာ အာလူးနှစ်လုံး  ၈၀၀။  စျေးတွေ အကုန်တက်တယ်ဟု သင်္ဃန်း ကျွန်းမြို့နယ်တွင်နေထိုင်သူ အိမ်ရှင်မတစ် ဦးက ပြောကြားသည်။

အလားတူ မြို့တွင်းကုန်ပစ္စည်း နှင့် စား သောက်ဖွယ်ရာများ သယ်ယူပို့ဆောင်ရေး လုပ် ငန်း လုပ်ကိုင်နေသည့် Delivery  ပို့ဆောင်ခ များလည်း စျေးတက်လာကြောင်းကို “အရင် က ၂၀၀၀၊ ၂၅၀၀ ကျတဲ့ Delivery ပို့ခက အခု ၃၀၀၀၊ ၃၅၀၀ ဖြစ်သွားပြီ။ မြို့နယ်အ လိုက် စျေးတွေ ကွာသေးတယ်ဟု တာမွေ မြို့ နယ်တွင် နေထိုင်သူတစ်ဦးက ပြောကြားသည်။

စက်သုံးဆီစျေးနှုန်းများအနေဖြင့်လည်း  မတ် ၄ ရက်က ဒီဇယ်တစ်လီတာ ၂၂၂၅ ကျပ်၊ အောက်တိန်း 92 တစ်လီတာကို ကျပ် ၂၁၂၀၊ အောက်တိန်း 95 တစ်လီတာ ၂၁၉၅ ကျပ်ရှိခဲ့သည်။

ဇွန် ၁၇ ရက်တွင်မူ ဒီဇယ် တစ်လီတာ ၁၉၉၀ ကျပ်၊ အောက်တိန်း 92 တစ်လီတာကို ၂၀၁၅ ကျပ်၊ အောက်တိန်း 95 တစ်လီတာ ၂၁၄၀ ကျပ်ရှိခဲ့သည်။

ဒီနေ့ဆိုရင် အောက်တိန်း 95 က တစ်လီတာ ကျပ် ၂၁၄၀၊ ဟိုအရင်နေ့က ၂၁၀၀ ပဲ ရှိတယ်။ ၄၀ တက်တယ်။ ဒါတောင် တစ်ခါ တလေ လိုချင်တိုင်းမရဘူး။ 95 တွေကုန်နေ လို့ဆိုပြီး ဆိုင်တွေကပြောတော့ ရတဲ့ဆိုင်ကို ပတ်ထည့်ရသေးတယ်ဟု ရန်ကုန်မြို့ခံတစ် ဦးက ပြောကြားသည်။

ထို့ပြင် အိမ်သုံးဆေးဝါးများလည်း စျေး မြင့်တက်လျက်ရှိကာ Biogesic တစ်ကတ် လျှင် ၁၁၀၀၊ Lensen တစ်ကတ် ကျပ် ၁၀၀၀၊ Kremil S လေးလုံးပါ (ပန်းရောင်) တစ်ကတ် လျှင် ကျပ် ၅၀၀၊ decolgen တစ်ကတ် ကျပ် ၁၅၀၀၊ ယခင်က voltex ဘူးသေ းတစ်ဘူး လျှင် ကျပ် ၃၆၀၀ သာရှိခဲ့ရာမှာ လက် ရှိတွင် ကျပ် ၅၄၀၀ အထိ စျေးမြင့်တက်လာခဲ့သည်။

တချို့မိသားစုတွေ ဆိုက်ကားနင်းပြီး အသက်မွေးနေတဲ့သူတွေ၊ စျေးသည်တွေပေါ့။ တချို့က ဆိုက်ကား သိမ်းလာပြီဆိုမှ ဆန် အပြေးအလွှားလာဝယ်တဲ့သူနဲ့။ တစ်နပ်စာပဲ ဝယ်နိုင်တယ်၊ ဆန်သုံးလုံး။ ဆီတို့ ကြက်သွန် တို့လည်း ဝယ်ရဦးမှာကိုး။ နေ့စားအလုပ်သမားတွေလည်း ဒီလိုပဲ။ မနက်ဖြန်အလုပ်သွားမယ့်သူအတွက် ထမင်းချိုင့်ထည့်ဖို့အဓိက ဝယ်တာ၊ ပြီးမှကျန်တာအိမ်မှာကျန်တဲ့သူ စား ပေါ့။ အသုပ်တစ်ထုပ် ၁၀၀၀၊ ငါးပိရည်တစ်ပွဲ ၃၀၀၊ ၅၀၀၊ တို့စရာက တစ်ခု ၁၀၀၊ ငါးပိတို့စ ရာနဲ့စားမယ်ဆိုရင်တောင် အနည်းဆုံး ၁၀၀၀ ကုန်တယ်။အသုပ်နဲ့ ထမင်းနဲ့စားဖို့တစ်နပ်ကို   ၂၀၀၀ နီးပါးရှိမှ။ ဒါတွေက ထမင်းတစ်နပ်စာ အတွက်ပဲရှိသေးတယ်။ ကျန်တဲ့အိမ်ရဲ့ကုန်ကျ စရိတ်ဘာဘာညာညာ စရိတ်တစ်ခုမှမပါသေး ဘူး။ ဒီနေ့စားဖို့ရှိရင်ကို သူတို့အဆင်ပြေနေ ပြီ။ မနက်ဖန်စားဖို့ မသေချာလည်း ထူးပြီး စိတ်ပူမနေကြတော့ဘူး။ ဆန်နှစ်လုံး ဝယ်ဝယ်၊ သုံးလုံးဝယ်ဝယ် ကျွန်မလည်း ရောင်း နိုင်တာ အကုန်ရောင်းပေးလိုက်တယ်ဟု သ င်္ဃန်း ကျွန်းမြို့နယ်အတွင်း ဆန်ဆိုင်ဖွင့်လှစ်ရောင်း ချနေသူ မရီရီက ပြောကြားသည်။

၂၀၂၁ ခုနှစ်နှင့် ၂၀၂၂ ခုနှစ်အတွင်း သွင်းအားစုကုန်ကြမ်းများ စျေးနှုန်းကြီးမြင့် မှုကြောင့် ကုန်စျေးနှုန်းများကြီးမြင့်ခဲ့ပြီး ပြည် နယ်နှင့်တိုင်းများအလိုက် ကုန်စည်ဒိုင်များ ကို ကြပ်မတ်ဆောင်ရွက်ရန်လိုကြောင်းနိုင်ငံ တော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားသည်။

ဇွန် ၁၂ ရက်က နေပြည်တော်ရှိ နိုင်ငံ တော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည့် အခြေခံစား သုံးကုန်ပစ္စည်းများ တိုးမြှင့်ထုတ်လုပ်ရေး အစည်းအဝေးတွင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။

ယင်းအစည်းအဝေးတွင် ဗိုလ်ချုပ်မှူး ကြီးမင်းအောင်လှိုင်က ကုန်စည်ပို့ဆောင်ရေး နှင့်ပတ်သက်၍လမ်းခရီးများရှိ ဂိတ်များ၌ မလိုလားအပ်သည့်ကုန်ကျစရိတ်များ မရှိစေ ရေး ပြည်နယ်နှင့်တိုင်းများအလိုက်တာဝန် ရှိ သူများက အလေးထားကြပ်မတ်ဆောင်ရွက် ရန်လိုကြောင်း၊ အရေးမကြီးသည့် ကုန်ပစ္စည်း များကို ရထားပို့ဆောင်ရေးနှင့် ရေကြောင်းပို့ ဆောင်ရေးစနစ်ကို အသုံးပြုကြရေး အားပေး တိုက်တွန်းလိုကြောင်း၊ လေကြောင်းကုန်စည် ပို့ဆောင်ရေးသည်လည်း ဆောင်ရွက်သင့် သည့်လုပ်ငန်းရပ်တစ်ခုဖြစ်ကြောင်း၊ လေ ကြောင်း ပို့ဆောင်ရေးကဏ္ဍတိုးတက်ရေးအ တွက် လေယာဉ်ကွင်းများ တိုးချဲ့အဆင့်မြှင့် တင်ခြင်းများကို ဆောင်ရွက်ပေးလျက်ရှိ ကြောင်း၊ ကုန်တင်လေယာဉ်များ ဆင်းသက်နိုင်မည်ဆို ပါက အရေးကြီးသည့်ပစ္စည်းများကို လေ ကြောင်းမှတစ်ဆင့် မြန်ဆန်စွာတင်ပို့နိုင်မည် ဖြစ်ကြောင်း ပြောကြားသည်။

ထို့ပြင်လိုအပ်သည့် တိရစ္ဆာန်အစာများ ကို ပြည်တွင်း၌ပြည့်ပြည့်ဝဝလုံလောက်စွာ ထုတ်လုပ်နိုင်မည်ဆိုပါက အသား၊ ငါးနှင့် ဥ များ စျေးနှုန်းကြီးမြင့်မှုများကို အထိုက်အ လျောက်လျှော့ချနိုင်မည်ဖြစ်ကြောင်း ၎င်းင်းက ဆိုသည်။

အချို့သောအသားများ၏ ကြမ်းခင်း စျေးသတ်မှတ်ခြင်းနှင့်ပတ်သက်၍ စည်ပင် သာယာမှ စျေးနှုန်းသတ်မှတ်ပြီးဆောင်ရွက် ခြင်းဖြစ်ကြောင်း၊ ကြမ်းခင်းလေလံစျေးများ ကြီးမြင့်မှုများဖြစ်ပေါ်ခြင်း မရှိစေရေး တိုင်း ဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များအနေ ဖြင့် ပြည်ထောင်စုနှင့်ညှိနှိုင်း၍ နည်းလမ်းရှာ ဖွေဆောင်ရွက်ရန်လိုကြောင်း၊  ဆန်စျေးနှုန်း နှင့်ပတ်သက်၍ မိမိတို့နိုင်ငံသည် အဓိက အား ဖြင့် မိုးစပါးကိုစိုက်ပျိုးကြကြောင်း၊ လယ်စိုက် ပျိုးရာတွင် တစ်ဧကပန်းတိုင်ရည် မှန်းချက်မှာ တင်း ၁၀၀ ဖြစ်သဖြင့် ပန်းတိုင် ရည်မှန်းချက် ပြည့်မီအောင်စိုက်ပျိုးရန်လို ကြောင်း၊ လယ်ကို ပန်းတိုင်ရည်မှန်းချက် ပြည့်မီအောင်စိုက်ပျိုး ရန်လိုသကဲ့သို့ ယာစိုက်ပျိုးမှုများကိုလည်း ပန်းတိုင်ရည်မှန်းချက် ပြည့်မီအောင်ဆောင် ရွက်နိုင်မည်ဆိုပါက စပါးထွက်ရှိမှုများ ပိုလျှံ လာမည်ဖြစ်ပြီး အခြားဒေသများသို့ တင်ပို့နိုင် သကဲ့သို့ ပြည်ပသို့လည်း တင်ပို့နိုင်မည်ဖြစ် ကြောင်း၊ ဝမ်းစာဖူလုံရေးသည် ပြည်ထောင်စု အတွက်အရေးကြီးကြောင်း၊ ထို့ကြောင့် စပါး စိုက်ပျိုးမှုများကိုသာမက အခြားသီးနှံစိုက်ပျိုး မှုများကိုလည်း အထွက်နှုန်းများတိုးတက် အောင်  စနစ်တကျ စိုက်ပျိုးရန်လိုကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

သို့သော်လည်း မြန်မာနိုင်ငံတွင် လက်ရှိ ဖြစ်ပေါ်နေသည့် လောင်စာဆီစျေးနှုန်းမြင့် တက်ခြင်း၊မြန်မာကျပ်ငွေတန်ဖိုးကျဆင်း ခြင်း နှင့် စားသုံးသူစျေးဆနှုန်းမြင့်တက်နေခြင်း သည် ပြည်သူများ၏ နေ့စဉ်စားဝတ်နေရေး ဖြည့်ဆည်းနိုင်စွမ်းကို ခြိမ်းခြောက်လျက်ရှိ သည်။

ငွေကြေးဖောင်းပွမှုသည် ကာလအတန် ကြာ အထွေထွေစျေးနှုန်း မြင့်တက်လာခြင်း ဖြစ်ပြီး လူအများစားသုံးသည့် အခြေခံကုန် စည်များ၏ စျေးနှုန်းများ ဆက်တိုက်မြင့်တက် လာခြင်းကို ငွေကြေးဖောင်းပွမှုရှိသည်ဟု ဆို လိုခြင်းဖြစ်သည်။

ငွေကြေးဖောင်းပွမှုကို တိုင်းတာခြင်းကို ငွေကြေးဖောင်းပွမှုနှုန်း inflation rate ဟု ခေါ်ဆိုပြီး အထွေထွေစျေးနှုန်း အညွှန်းတစ် ရပ်ဖြင့် နှစ်စဉ်ရာခိုင်နှုန်းအပြောင်းအလဲကို ဖော်ပြကာ အဆိုပါအညွှန်းကို စားသုံးသူစျေး ဆနှုန်း CPI – consume price index ဟု ခေါ်ဆိုခြင်းဖြစ်သည်။

၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ဒုတိယသုံး လပတ်အထိ စားသုံးသူစျေးဆနှုန်းနှင့် ငွေ ကြေး ဖောင်းပွမှုနှုန်းအခြေအနေများသည်  ၂၀၁၂ ခုနှစ် အခြေခံနှစ်ဖြင့် တွက်ချက်ထုတ် ပြန်ထားခြင်းဖြစ်သည်။

သို့သော်လည်း ၂၀၂၂-၂၀၂၃ ဘဏ္ဍာ နှစ် တတိယသုံးလပတ်၏  ငွေကြေးဖောင်းပွမှု နှုန်းအခြေအနေကိုမူ ၂၀၁၇ ခုနှစ် အခြေခံနှစ် ဖြင့် ပြောင်းလဲတွက်ချက်မည်ဟု သိရသည်။

မြန်မာနိုင်ငံ၏ စားသုံးသူစျေးဆနှုန်းနှင့် ငွေကြေးဖောင်းပွမှုနှုန်းတို့ကို ၂၀၁၇ ခုနှစ် အ ခြေခံနှစ် ပြောင်းလဲတွက်ချက်ရန် ဆောင် ရွက်လျက်ရှိကြောင်း စီမံကိန်းနှင့် ဘဏ္ဍာ ရေး ဝန်ကြီးဌာနမှ သိရသည်။

စားသုံးသူစျေးဆနှုန်း CPI ကိုအချိန် ကာလအလျောက် စျေးနှုန်းပြောင်းလဲမှုနှင့် စားသုံးသူပုံစံပြောင်းလဲမှုကို တိုင်းတာနိုင်ရန် တွက်ချက်ထုတ်ပြန်ခြင်းဖြစ်ပြီး နိုင်ငံ၏ ငွေ ကြေးဖောင်းပွမှုနှုန်း တွက်ချက်ရာတွင် အဓိ က အသုံးပြုသည်။

စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဗ ဟိုစာရင်းအင်းအဖွဲ့က ၂၀၂၂-၂၀၂၃ ဘဏ္ဍာ နှစ် တတိယသုံးလပတ်ကာလအထိ စီးပွား ရေးအခြေအနေများကို ထုတ်ပြန်ထားရာ တစ်နှစ်အတွင်း စားသုံးသူစျေးဆနှုန်း ၂၈ ရာ ခိုင်နှုန်းကျော် မြင့်တက်လာခဲ့ကြောင်း ကိန်း ဂဏန်းများက ဖော်ပြနေသည်။

၂၀၂၂-၂၀၂၂ ဘဏ္ဍာနှစ် ပထမသုံးလ ပတ်ဖြစ်သည့် ဧပြီမှ ဇွန်လအတွင်း စားသုံးသူ စျေးဆနှုန်း (CPI) ၁၉၉ ဒသမ ၅၀ ရှိခဲ့ပြီး ဒုတိယသုံးလပတ်ဖြစ်သည့် ဇူလိုင်မှ စက် တင် ဘာလအတွင်း စားသုံးသူစျေးဆနှုန်း (CPI)၂၂၁ ဒသမ ၇၃အထိ မြင့်တက်ခဲ့ ကြောင်း စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ၏ ထုတ်ပြန်ချက်အရ သိရသည်။

၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် ခြောက်လ အတွင်း ပထမသုံးလပတ်ဖြစ်သည့် ၂၀၂၁ ခုနှစ် အောက်တိုဘာမှ ဒီဇင်ဘာအထိ ကာလ အတွင်း စားသုံးသူစျေးဆနှုန်း(CPI)၁၈၁ ဒသမ ၄၈ ရှိခဲ့ပြီး ဒုတိယ သုံးလပတ်ဖြစ် သည့်၂၀၂၂ ခုနှစ် ဇန်နဝါရီမှ မတ်လအထိ ကာလအတွင်း စားသုံးသူစျေးဆနှုန်း (CPI) ၁၈၈ ဒသမ ၁၄ ရှိခဲ့သည်။

၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ဒုတိယသုံး လပတ်ကာလဖြစ်သည့် ၂၀၂၂ ခုနှစ် ဇူ လိုင် မှစက်တင်ဘာအထိ စားသုံးသူစျေးဆနှုန်း (CPI)၂၂၁ ဒသမ ၇၃ အထိဖြစ်ပေါ်ခဲ့ပြီး     ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် စတုတ္ထသုံးလပတ်   ဖြစ်သည့် ၂၀၂၁ ခုနှစ် ဇူလိုင်မှ စက်တင်ဘာ အထိကာလတွင်း စားသုံးသူစျေးဆနှုန်း (CPI)၁၇၃ ဒသမ ၁၈ သာရှိခဲ့သည်။ အဆို ပါကာလနှစ်ခုကို နှိုင်းယှဉ်ပါက ၂၀၂၂- ၂၃ ဘဏ္ဍာနှစ် ဒုတိယသုံးလပတ်ကာလမှာ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် စတုတ္ထသုံးလပတ် ထက် ၂၈ ဒသမ ၀၄ ရာခိုင်နှုန်း မြင့်တက်ခဲ့ သည်။

၂၀၁၂ ခုနှစ် အခြေခံနှစ်ဖြင့် တွက်ချက် ထားသော ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ဒုတိယ သုံးလပတ်အတွက် တစ်နိုင်ငံလုံး၏ စားသုံး သူစျေးဆနှုန်းမှာ အစားအစာအုပ်စုအတွက် ၂၃၈ ဒသမ ၇၈၊ အစားအစာမဟုတ်သော အုပ်စုအတွက် ၁၉၇ ဒသမ ၇၂ နှင့် အုပ်စုအား လုံးအတွက် ၂၂၁ ဒသမ ၇၃ ရှိခဲ့ခြင်းဖြစ်သည်။

ယခင်နှစ်ကာလတူထက် စားသုံးသူ စျေးဆနှုန်းမြင့်တက်လာခြင်းမှာ စားသုံးသူ စျေးဆနှုန်း တွက်ချက်ရန် ကောက်ခံသည့် အုပ်စုအားလုံးတွင်ပါဝင်သည့် ကုန်ပစ္စည်း စျေးနှုန်းများ ယခင်နှစ်အလားတူကာလနှင့် နှိုင်းယှဉ်ပါက သိသိသာသာမြင့်တက်ခဲ့ခြင်း ကြောင့်ဖြစ်ကြောင်း သိရသည်။

တစ်နိုင်ငံလုံး၏ စားသုံးသူစျေးဆနှုန်း တွက်ချက်ရန်အတွက် အစားအစာအုပ်စု၊ ဆေးလိပ်နှင့် အဖျော်ယမကာအုပ်စု၊ အဝတ် အထည်၊ အိမ်လခနှင့် အိမ်ပြင်ခအုပ်စု၊ အိမ် အသုံးအဆောင်ပစ္စည်းနှင့် ပြုပြင်ထိန်းသိမ်း စရိတ်အုပ်စု၊ ကျန်းမာရေးအုပ်စု၊ သယ်ယူပို့ ဆောင်ရေးအုပ်စု၊ ဆက်သွယ်ရေးအုပ်စု၊ အပန်းဖြေခြင်းနှင့် ယဉ်ကျေးမှုအုပ်စု၊ ပညာ ရေးအုပ်စု၊ ပြင်ပအစားအသောက်အုပ်စု၊ အထွေထွေကုန်ပစ္စည်းအုပ်စု၊ အစားအစာ မဟုတ်သောအုပ်စု စသည်ဖြင့် အုပ်စုများခွဲ ၍ ကောက်ခံခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

၂၀၂၁ ခုနှစ် ဇန်နဝါရီနှင့် ၂၀၂၂ ခုနှစ် ဇန်နဝါရီတွင် မြင့်တက်ခဲ့သည့် စားသုံးသူ စျေးဆနှုန်းကို နှိုင်းယှဉ်ကြည့်ပါက အစား အစာအုပ်စု၏ စျေးဆနှုန်းက ၁၇၄ ဒသမ ၃၆ မှ ၁၉၆ ဒသမ ၆၆အထိ မြင့်တက်လာသည်။ ဆန်၊ ဆီ၊ သား၊ ငါး၊ ကြက်ဥ၊ ဘဲဥ စသည်ဖြင့် အခြေခံစားသောက်ကုန်များ အသီးသီး စျေး နှုန်းမြင့်တက်ခဲ့သည်။ လောင် စာဆီစျေး နှုန်းမြင့်တက်မှုကြောင့် သယ်ယူပို့ဆောင်ခ စရိတ်စကများပါ လိုက်ပါမြင့်တက်ခဲ့ကာ ရာသီ ပေါ်သီးနှံများဖြစ်သော  ကန်စွန်းရွက်၊ ချဉ်ပေါင်ရွက်၊ မုန်လာဥနီ၊ ပြောင်းဖူးစသည့် ကုန်စည်တို့မှာလည်း စျေးမြင့်တက်လာခဲ့ သည်။

အစားအစာမဟုတ်သော အုပ်စု၏ စျေးဆနှုန်းမှာ ၁၄၅ ဒသမ ၈၈ မှ ၁၆၈ ဒသမ ၃၂ အထိလည်းကောင်း၊ ဆေးလိပ်နှင့်အဖျော် ယမကာအုပ်စုတွင် ၁၆၅ ဒသမ ၂၀ မှ ၁၉၀ ဒသမ ၄၉ အထိလည်းကောင်း၊ ဆက်သွယ် ရေး အုပ်စုတွင် စားသုံးသူစျေးဆနှုန်း ၁၀၁ ဒသမ ၁၅ မှ ၁၀၃ ဒသမ ၄၄ အထိလည်း ကောင်း၊ ပညာရေးအုပ်စုတွင် ၁၄၀ ဒသမ ၀၄ မှ ၁၄၀ ဒသမ ၅၆၊ သယ်ယူပို့ဆောင်ရေး အုပ်စု၏ စားသုံးသူစျေးဆနှုန်းမှာ ၁၁၀ ဒသမ ၃၇ မှ ၁၅၁ ဒသမ ၆၆ အထိ မြင့်တက်ခဲ့သည်။

အဝတ်အထည်အုပ်စု၏ စားသုံးသူ စျေးဆနှုန်းမှာ ၁၃၀ ဒသမ ၆၂ မှ ၁၃၈ ဒသမ ၄၉ အထိလည်းကောင်း၊ အိမ်အသုံးအဆောင် ပစ္စည်းနှင့် ပြုပြင်ထိန်းသိမ်းစရိတ်အုပ်စု၏စားသုံးသူစျေးဆနှုန်းမှာ ၁၃၅ ဒသမ ၁၆ မှ ၁၆၁ ဒသမ ၇၇ အထိလည်းကောင်း၊ ကျန်း မာရေးအုပ်စုတွင် ၁၆၅ ဒသမ ၀၂ မှ ၁၉၂ ဒသမ ၈၂ အထိလည်းကောင်း စသည်ဖြင့် အသီးသီးမြင့်တက်လာကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက် အရ သိရသည်။

တစ်နိုင်ငံလုံးအတွက် စားသုံးသူစျေးဆ နှုန်းနှင့် ငွေကြေးဖောင်းပွမှုနှုန်းကို  ၂၀၁၂ ခု နှစ် အခြေခံနှစ်ဖြင့် စစ်တမ်းကောက်ယူရာ တွင် ကုန်ပစ္စည်းအမျိုးအစားများမှာ အများ သုံးစွဲသည့် ကုန်ပစ္စည်းနှင့် ဝန်ဆောင်မှု အမျိုး အစားပေါင်း ၄၃၈ မျိုးပါဝင်ကြောင်း သိရ သည်။  စားသုံးသူစျေးဆနှုန်း တွက်ချက်ရန်အတွက် အစားအစာအုပ်စုတွင် ကုန်ပစ္စည်း ၁၀၈ မျိုး နှင့် အစားအစာမဟုတ်သောအုပ်စုတွင် ကုန် ပစ္စည်းအမျိုး အစား ၁၆၆ မျိုးရွေးချယ်ခဲ့ပြီး စုစုပေါင်း  ၂၇၄ မျိုးသို့ တိုးချဲ့ကောက်ယူ တွက် ချက်ခဲ့ ကြောင်း ဗဟိုစာရင်းအင်းအဖွဲ့၏ ထုတ်ပြန်ထားမှုအရ သိရသည်။

 

၂၀၂၂ ခုနှစ် ဇန်နဝါရီတွင်  မြန်မာနိုင်ငံ ၏ ပျမ်းမျှငွေကြေး ဖောင်းပွမှုနှုန်း ၇ ဒသမ ၃၀ ရာခိုင်နှုန်းအထိ မြင့်တက်ခဲ့ပြီး ပြီးခဲ့သည့် ဘဏ္ဍာနှစ် ဇန်နဝါရီထက် ၄ ဒသမ ၁၂ ရာ ခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း စီမံကိန်းနှင့် ဘဏ္ဍာ ရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက် အရ  သိရသည်။

သို့သော် ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ဇူ လိုင်မှ စက်တင်ဘာအထိ ဒုတိယသုံးလပတ် အတွင်း မြန်မာနိုင်ငံ၏ပျမ်းမျှငွေကြေးဖောင်း ပွမှုနှုန်း ၂၇ ဒသမ ၉၈ ရာခိုင်နှုန်းအထိ  မြင့် တက်ခဲ့ကြောင်း ဗဟိုစာရင်းအင်းအဖွဲ့၏ထုတ်ပြန်ချက်အရ သိရသည်။

၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ပထမသုံးလ ပတ်အတွင်း မြန်မာနိုင်ငံ၏ ပျမ်းမျှငွေ ကြေး ဖောင်းပွမှုနှုန်း( annual rate of inflation မှာ ၁၈ ဒသမ ၄၅  ရာခိုင်နှုန်းဖြစ်ပြီး   နှစ် အလိုက်ငွေကြေးဖောင်းပွမှုနှုန်း year on year inflation မှာ ၁၈ ဒသမ ၄၆ ရာ ခိုင်နှုန်းဖြစ်သည်။ဒုတိယသုံးလပတ်အတွင်း  ပျမ်းမျှငွေကြေးဖောင်းပွမှုနှုန်း  annual rate of inflation မှာ ၂၇ ဒသမ ၉၈  ရာခိုင် နှုန်းဖြစ်ပြီး  နှစ်အလိုက်ငွေကြေးဖောင်းပွမှု နှုန်း year on year inflation မှာ ၂၈ ဒသမ ၀၄ ရာခိုင်နှုန်းဖြစ်သည်။

ငွေကြေးဖောင်းပွမှုနှုန်း ကာလကြာ ရှည် မြင့်မားနေခြင်းသည် နိုင်ငံခြားငွေလဲနှုန်းမြင့်တက်မှု၊ နိုင်ငံ့ငွေတန်ဖိုးကျဆင်းမှု၊ ဝယ်လို အား သို့မဟုတ် ရောင်းလိုအား အဆမတန် မြင့်တက်မှု၊ အနိမ့်ဆုံးလုပ်ခလစာနှုန်း၊ စားနပ် ရိက္ခာစျေးနှုန်းများ မြင့်တက်မှု၊ ရေနံစျေး၊ အ ခြေခံ စျေးနှုန်းများ မြင့်တက်မှု၊ သဘာဝဘေး အန္တရာယ်ကျရောက်မှု၊ အရင်းအနှီးစျေး ကွက်၊ စတော့စျေးကွက်များ ကမောက်ကမ ဖြစ်ပေါ်မှု၊ ဘဏ်တိုးနှုန်းပြောင်းလဲမှု၊ အစိုးရ အသုံးစရိတ်များပြားမှု၊ ကောလာဟလ သ တင်းများဖြစ်ပေါ်မှု၊ ပြည်သူများ၏ နိုင်ငံ့ စီး ပွားရေးအပေါ် ယုံကြည်စိတ်ပျောက်ဆုံး မှုစသည့် အကြောင်းအရာများနှင့် သက်ဆိုင် ကြောင်း စီးပွားရေးပညာရှင်များက ပြော ကြားထားသည်။

ငွေကြေးဖောင်းပွမှုနှုန်းသည် နိုင်ငံ တစ်နိုင်ငံ၏ စီးပွားရေးအခြေအနေကို အကဲ ဖြတ်ရာတွင် အဓိကအခန်းကဏ္ဍမှ ပါဝင် သည်။ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုရှိစေရန် ထိုက်သင့်သော ငွေကြေးဖောင်းပွမှုရှိရန် လိုအပ်ကြောင်းလည်း ထောက်ပြခဲ့ကြသည်။

ငွေကြေးဖောင်းပွမှုဒဏ်ကို ဆင်းရဲသော နိုင်ငံများသည် ချမ်းသာသောနိုင်ငံများထက် ခံကြရသည်။ မည်သို့ပင်ဆိုစေကာမူ လက် ရှိဖြစ်ပေါ်နေသည့် ပြည်သူများနေ့စဉ် ဝယ်ယူ စားသုံးနေ ရသည့် ကုန်စည်စျေးနှုန်း ဆက် တိုက် မြင့်တက်နေမှုကို တည်ငြိမ်လာစေရေး ထိန်းကြောင်းနိုင်မှသာလျှင် ပြည်သူများ၏ စားဝတ်နေရေးအကျပ်အတည်းနှင့် အခက် အခဲများကိုလည်း သက်သာရာ ရစေမည်ဖြစ် သည်။

Most Read

Most Recent