ထိုင်းနိုင်ငံအတွင်းရှိ မြန်မာလုပ်သားများအနက် လေးနှစ်၊ခြောက်နှစ်ပြည့် MOU မြန်မာလုပ်သားများအား  လာမည့်ဇူလိုင် ၃၁ ရက်ထိ နေထိုင်၊အလုပ်လုပ်ခွင့် သက်တမ်းတိုးခွင့်ပြုပေးမည်ဟုသိရ

ထိုင်းနိုင်ငံအတွင်းရှိ မြန်မာလုပ်သားများအနက် လေးနှစ်၊ခြောက်နှစ်ပြည့် MOU မြန်မာလုပ်သားများအား  လာမည့်ဇူလိုင် ၃၁ ရက်ထိ နေထိုင်၊အလုပ်လုပ်ခွင့် သက်တမ်းတိုးခွင့်ပြုပေးမည်ဟုသိရ
တရားဝင်အထောက်အထား MOU စာအုပ် ပြုလုပ်နေသူများအား ယခင်လကတွေ့ရစဉ်
တရားဝင်အထောက်အထား MOU စာအုပ် ပြုလုပ်နေသူများအား ယခင်လကတွေ့ရစဉ်
Published 2 June 2023
ကိုရွှေသိန်း

ထိုင်းနိုင်ငံအတွင်း အလုပ်လုပ်ကိုင် နေကြသော မြန်မာလုပ်သားများအနက် လေးနှစ်၊ခြောက်နှစ်ပြည့် MOU မြန်မာလုပ် သားများကို  လာမည့်ဇူလိုင် ၃၁ ရက်နေ့ထိ နေထိုင်၊အလုပ်လုပ်ခွင့်၊သက်တမ်းတိုးခွင့် ပြု မည်ဖြစ်ကြောင်း သိရသည်။

work permit ဗီဇာ၊ ထပ်မံသက်တမ်းတိုးခွင့် အပါအဝင် နေထိုင်လုပ်ကိုင်ခွင့်အချိန် တိုးပေးမည့်အစီစဉ်ကို မေလ ၃၀ ရက်က ပြုလုပ်သည့် ထိုင်းယာယီအစိုးရအဖွဲ့ အစည်း အဝေးတွင် အတည်ပြုလိုက်ခြင်းဖြစ်သည်။

၂၀၂၃ ခုနှစ် မေလ ၃၀ ရက်နေ့က ပြု လုပ်ခဲ့သည့်အစည်းအဝေးတွင် မြန်မာ MOU အလုပ်သမားကို ခွင့်ပြုသတ်မှတ်ထားသော လေးနှစ်၊ ခြောက် နှစ် ပြည့်သက်တမ်းကုန်ဆုံး သူများကို ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၁၃ ရက်နေ့ အထိ နေထိုင်လုပ်ကိုင်ခွင့်ပြုကာ ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၃ ရက်တွင်  work permit သက်တမ်တိုးထားပြီး ၂၀၂၃ ခုနှစ်၊ မေလ ၁၅ ရက်နေ့တွင် အချိန်မီ ပတ်စပို့၊ဗီဇာ မျက်နှာပြင် မတင်သွင်းနိုင်သည့် လုပ်သားများကိုလည်း ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၃၁ ရက် နေ့အထိ ပြုလုပ်ခွင့် အချိန်တိုးမြှင့်ပေးခဲ့ ကြောင်း သိရသည်။

မြန်မာပြည်သားများအရေးပူးတွဲလှုပ်ရှားမှုကော်မတီ (JACBA) ဥက္ကဋ္ဌ ဦးမိုးကြိုး က“ထိုင်းယာယီအစိုးရက အခု ၂၀၂၃ မေလ ၁၅ ရက်နေ့မှာလေးနှစ် ခြောက်နှစ်ပြည့် MOU လုပ်သားတွေကိုလာမယ့်၂၀၂၃ ဇူလိုင်လ၃၁ ရက်နေ့ထိ ခွင့်ပြုပေးလိုက်တယ်ဆိုတာမြေ ပြင် အခြေအနေနဲ့အညီရွှေ့ပြောင်းလုပ်သား တွေရဲ့အခက်အခဲတွေထပ်တူထပ်မျှလေ့လာ တွေ့ရှိပြီးတော့ ပြောင်းလွယ်ပြင်လွယ်နိုင်စွမ်း ကို ကျွန်တော်တို့လေးစား အသိအမှတ်ပြုရ မှာဖြစ်ပါတယ်။အခြားတစ်ဖက်မှာလည်း ရွှေ့ ပြောင်းလုပ်သားတွေရဲ့လုပ်အားဟာ ထိုင်း နိုင်ငံရဲ့ကုန်ထုတ်စွမ်းအားစုနဲ့ ကုန်ထုတ်လုပ် မှုကို ဘယ်လောက်ထိအကျိုးပြုလဲဆိုတာ ဒီ နေရာမှာ ပြတ်ပြတ်ထင်ထင်ပြဆိုတာပေါ့ ဗျာ။ ဘယ်လိုပဲဖြစ်ဖြစ် လေးနှစ် ၊ခြောက်နှစ် သက်တမ်းပြည့်သွားတဲ့ရွှေ့ပြောင်းလုပ်သား တွေပါ မကဘဲ အလုပ်ရှင်အဖြစ်နဲ့ အမည်ခံ ပေးထားတဲ့ စက်ရုံလုပ်ငန်းရှင်တွေေ ဆာက် လုပ်ရေးလုပ်ငန်းရှင်တွေအတွက်လည်း အကျိုး ရှိပါတယ်”ဟု ပြောကြားခဲ့သည်။

ထိုင်းယာယီအစိုးရအဖွဲ့ မှ  ရွှေ့ပြောင်း လုပ်သားအရေးကို သက်တမ်းတမ်းတိုးနေထိုင်လုပ်ကိုင်ခွင့် အတည်ပြုလိုက်သော်လည်း သက်ဆိုင်ရာ ဝန်ကြီးဌာနအသီးသီး၏ တရား ဝင်အမိန့်စာ ထုတ်ပြန်ပြီးမှသာ ယာယီအစိုးရ အဖွဲ့ အတည်ပြုချက် ၂ ရပ်ကို တရားဝင်အဖြစ် သတ်မှတ်မည်ဟုဆိုသည်။

ထိုင်းနိုင်ငံအတွင်း တရားမဝင် နေထိုင် အ လုပ် လုပ်ကိုင်နေကြသော ရွှေ့ပြောင်းလုပ် သားများ တရားဝင် နေထိုင် လုပ်ကိုင်ခွင့်ရရှိ ရန် ပန်းရောင်ဘတ်ကတ် ပြုလုပ်ပေးနိုင်ရေး အစီအစဉ်ကို ထည့်သွင်းဆွေးနွေးခဲ့ခြင်းမရှိ ကြောင်းလည်း သိရသည်။

Most Read

Most Recent