မြန်မာ-တရုတ်နယ်စပ်တွင် မူဆယ်နယ်စပ်သည် အကြီးဆုံးကုန်သွယ်ရေးစခန်းတစ်ခုဖြစ်ပြီး ကြီးမားသည့်စျေးကွက်ရှိသည့် တရုတ်နိုင်ငံသို့ နယ်စပ်မှတစ်ဆင့် ပို့ကုန်အများ ဆုံးတင်ပို့နေသည့် ကုန်သွယ်ရေးစခန်းတစ်ခု ဖြစ်သည်။ အဓိကအားဖြင့် လယ်ယာထွက်ကုန်များ၊ သစ်သီးဝလံများ စသည်တို့ကို တင် ပို့နေခြင်းဖြစ်သည်။
မူဆယ်နယ်စပ်တွင် ယခင်က တစ်ရက်လျှင် ပုံမှန်အားဖြင့် ပျှမ်းမျှကုန်သွယ်မှုပမာဏ ဒေါ်လာ ၁၅ သန်းနီးပါး ရှိခဲ့သော်လည်း ကို ဗစ်-၁၉ ကြောင့် တစ်ရက်လျှင် ကုန်သွယ်မှု ဒေါ်လာငါးသန်းနှင့် ခြောက်သန်းကြား ကုန် သွယ်မှုရှိခဲ့သည်။ လက်ရှိအချိန်တွင်မူ စာရင်း များအရ တစ်ရက်လျှင် ဒေါ်လာသုံးသန်း ကျော်သာ ရှိတော့သည်။ မြန်မာ-တရုတ်နှစ် နိုင်ငံအကြား နယ်စပ်ကုန်သွယ်မှုပြုရာတွင် မြန်မာဘက်မှ တရားဝင်တင်ပို့ခြင်းဖြစ်သော် လည်း တရုတ်ဘက်ခြမ်းတွင်မူ အကြောင်း အမျိုးမျိုးပြကာ စျေးကွက်အနိုင်ကျင့်မှုများ မကြာခဏ ကြုံတွေ့ရကြောင်း နယ်စပ်ကုန် သည်များက ဆိုသည်။
ယင်းသို့သော အခြေအနေများကြောင့် မြန်မာ-တရုတ် နှစ်နိုင်ငံတာဝန်ရှိသူများ တွေ့ ဆုံတိုင်း တရုတ်ဘက်တွင် မြန်မာပို့ကုန်များ စျေးကွက်ပိုမိုရရှိရေး အကန့်အသတ်များ၊ အ တားအဆီးများ လျှော့ချပေးရေး မြန်မာဘက် က တောင်းဆိုနေရဆဲဖြစ်သည်။
လတ်တလောတွင်လည်း မူဆယ်မှ တ ရုတ်နိုင်ငံသို့ တင်ပို့ခဲ့သည့် မတ်ပဲ၊ နှမ်း၊ မြေပဲ တန်ချိန်နှစ်သောင်း၊ အိတ်ရေ ၄၀၀၀၀၀ ကို ဧပြီလနောက်ဆုံးပတ်အတွင်းက တရုတ် ဘက်တွင် ထိန်းသိမ်းခံခဲ့ရကြောင်း နယ်စပ် ကုန်သည်များထံမှ ရရှိသောသတင်းအရ သိ ရသည်။
“တရုတ်-မြန်မာနယ်စပ်ဖြစ်တဲ့ တရုတ် ပိုင် ဝမ်တိန်နဲ့ မြန်မာပြည်ဘက် ပန်ဆိုင်းမြို့ ဟိုဘက်က ဝမ်တိန်မှာရှိတဲ့ ဂိုဒေါင်လေးလုံး ရယ်၊ ရွှေလီမှာရှိတဲ့ ဂိုဒေါင်နှစ်လုံးရယ် ဂို ဒေါင်ခြောက်လုံးထဲမှာ မြန် မာနိုင်ငံသား ၁၀၀ ရာခိုင်နှုန်းအပြည့် အဝပိုင်တဲ့ မတ်ပဲတို့၊ နှမ်းတို့၊ မြေပဲတို့ တန်ချိန်နှစ်သောင်း အိတ်ရေ ၄၀၀၀၀၀ ကို ပြီးခဲ့တဲ့ ဧပြီ ၂၄ ရက်ကစပြီးတော့ သိမ်းဆည်းလိုက်တယ်”ဟု မူဆယ်ကုန်စည် ဒိုင်မှ တာဝန်ရှိသူတစ်ဦးက ပြည်တွင်းမီဒီယာ တစ်ခုသို့ ပြောကြားခဲ့သည်။
လက်ရှိတွင် မတ်ပဲတစ်တန်ကို ဒေါ်လာ ၈၇၀ ဝန်းကျင် (ကျပ် ၂၅ သိန်းဝန်းကျင်) ရှိ ကြောင်း ဘုရင့်နောင်ကုန်စည်ဒိုင်မှ ထုတ်ပြန် ထားသည့် စာရင်းများအရ သိရသည်။ ထို့အ တူ မြေပဲတစ်တန်ကို ဒေါ်လာ ၁၇၀၀ ကျော် (ကျပ် ၄၉ သိန်းကျော်) နှင့် နှမ်းတစ်တန်ကို ဒေါ်လာ ၁၄၂၀ ဝန်းကျင် (ကျပ်သိန်း ၄၀ ကျော်) ရှိကြောင်း သိရသည်။ အနည်းဆုံး စျေးနှုန်းဖြစ်သည့် မတ်ပဲတန်ဖိုးဖြင့် တန်ချိန် နှစ်သောင်းကို တွက်ချက်ကြည့်ပါက ဒေါ်လာ ၁၇ သန်းကျော် (ကျပ်ဘီလျံ ၅၀ ကျော်) အထိ ရှိကြောင်း သိရသည်။
တရုတ်နိုင်ငံသို့ ပဲ၊ နှမ်းတင်ပို့သူများအ နေဖြင့် မြန်မာနိုင်ငံနှင့် တရုတ် နှစ်နိုင်ငံစလုံး တွင် တရားဝင်အခွန်များပေးဆောင်၍ တင် ပို့နေခြင်းဖြစ်သည်။ လက်ရှိတင်ပို့ထားသည့် ပဲ၊ နှမ်း၊ မြေပဲတန်ချိန်နှစ်သောင်းကိုမူ ယူနန် ဒေသအပြင် တရုတ်နိုင်ငံရှိ အခြားသောဒေ သများသို့ နယ်ကျော်ပို့ဆောင်ခြင်းကြောင့် ဟုဆိုကာ ဖမ်းဆီးထိန်းသိမ်းထားခြင်းဖြစ်ပြီး လက်ရှိအချိန်အထိ ပြန်လည်ဖွင့်ပေးခြင်း မရှိသေးကြောင်း ကုန်သည်များက ဆိုသည်။
တရုတ်နိုင်ငံဘက်ခြမ်းတွင် ပဲတင်ပို့မှုကို လက်ခံဆောင်ရွက်လျက်ရှိသည့် ကုမ္ပဏီသုံး ခုအား တရုတ်နိုင်ငံ၏လက်ရှိကုန်သွယ်မှုနှင့် သက်ဆိုင်သည့်ဥပဒေများကို ကျူးလွန်သည့် အတွက် စစ်ဆေးလျက်ရှိရာ ၎င်းးတို့နှင့်သက် ဆိုင်သည့် ဝမ်တိန်၊ ရွှေလီရှိ ကုမ္ပဏီပိုင် ဂို ဒေါင်များ ချိပ်ပိတ်ခံရသည့်အတွက် မြန်မာ နိုင်ငံမှ တင်ပို့ထားသည့် ပဲတန်ချိန် ၁၀၀၀၀ ကျော် ပိတ်မိနေပြီး လက်ရှိတွင် နယ်စပ်လမ်း ကြောင်းမှတစ်ဆင့် တရုတ်နိုင်ငံသို့ ပဲတီစိမ်း တင်ပို့မှု ရပ်တန့်နေကြောင်း သိရသည်။
ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ စီးပွားရေး နှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မူ ဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်မှ တရုတ် နိုင်ငံ၊ ရွှေလီမြို့ ပြည်ပရေးရာဌာနသို့ မြန်မာ ကုန်သည်များ ဆုံးရှုံးနစ်နာမှု မရှိစေရေး ဆောင်ရွက်ပေးရန် ညှိနှိုင်းအကြောင်းကြား ထားကြောင်းလည်း သိရသည်။
၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ဧပြီ ၁ ရက် မှ မတ် ၃၁ ရက်အထိ မူဆယ်နယ်စပ်မှ ပို့ကုန် တန်ဖိုးဒေါ်လာ ၂၁၀၄ ဒသမ၈၂၁ သန်း၊ သွင်း ကုန်တန်ဖိုး ဒေါ်လာ ၃၃၇ ဒသမ ၂၆၂ သန်း ဖြင့် ကုန်သွယ်မှုပမာဏ ဒေါ် လာ ၂၄၄၂ ဒသမ ၀၈၃ သန်း ရရှိခဲ့သည်။
ယခင်နှစ် ကာလတူက မူဆယ်နယ်စပ် မှ ပို့ကုန်တန်ဖိုးဒေါ်လာ ၁၆၉၄ ဒသမ ၉၇၁ သန်း၊ သွင်းကုန်တန်ဖိုးဒေါ်လာ၂၉၅ ဒသမ ၆၂၄ သန်းဖြင့် ကုန်သွယ်မှုပမာဏဒေါ်လာ ၁၉၉၀ ဒသမ ၅၉၅ သန်းရရှိခဲ့သည်။
အဆိုပါကာလတူနှစ်ခုကိုနှိုင်းယှဉ်ပါ က ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်အတွင်း မူဆယ် နယ်စပ်မှ ကုန်သွယ်မှုမှာ ယခင်နှစ်ကာလတူ ထက် နယ်စပ်ကုန်သွယ်မှုပမာဏ ဒေါ်လာ ၄၅၁ ဒသမ ၄၈၈ သန်း ပိုမိုရရှိခဲ့သည်။
နှစ်အလိုက် မူဆယ်နယ်စပ်မှ ကုန် သွယ်မှုအနေဖြင့် ၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ် တွင် ဒေါ်လာ ၂၈၂၉ ဒသမ ၈၆၀ သန်း၊ ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်တွင် ဒေါ်လာ ၃၅၁၇ ဒသမ ၆၈၄ သန်း၊၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ် တွင် ဒေါ်လာ ၅၃၁၈ ဒသမ ၁၆၃ သန်း၊ ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်တွင် ဒေါ်လာ ၅၃၇၇ ဒသမ ၈၇၇ သန်း၊ ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ် တွင် ဒေါ်လာ ၅၄၁၀ ဒသမ ၀၅၆ သန်း၊ ၂၀၁၇ -၂၀၁၈ ဘဏ္ဍာနှစ်တွင် ဒေါ်လာ ၅၈၄၁ ဒသမ ၈၇၉ သန်း၊ ၂၀၁၈ ကြားကာလခြောက်လ တွင် ဒေါ်လာ ၂၉၉၅ ဒသမ ၄၀၁ သန်း၊ ၂၀၁၈ -၂၀၁၉ ဘဏ္ဍာနှစ်တွင် ဒေါ်လာ ၄၉၁၇ ဒသမ ၉၇၆ သန်း၊ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် တွင် ဒေါ်လာ ၄၈၉၀ ဒသမ ၅၈၇ သန်း၊ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် ဒေါ်လာ ၄၀၅၇ ဒသမ ၇၂၄ သန်း ရရှိခဲ့သည်။
၂၀၂၃ ခုနှစ် မေ ၁ ရက်မှ ၂၁ ရက်အထိ ပို့ကုန်တန်ဖိုး ဒေါ်လာ ၂၄ ဒသမ ၈၂၂ သန်း၊ သွင်းကုန်တန်ဖိုး ဒေါ်လာ ၄၉ ဒသမ ၄၂၄ သန်းဖြင့် ကုန်သွယ်မှုပမာဏ ဒေါ်လာ ၇၄ ဒသမ ၂၄၆ သန်းရှိသည်။ MACCS စနစ် အရ ငွေလဲနှုန်း တစ်ယွမ်လျှင် ၃၀၃ ဒသမ ၃၄၆ ကျပ်ဖြင့် တွက်ချက်ထားရှိခြင်းဖြစ်ပြီး လက် ရှိတွင် ကုန်သွယ်ရေးလမ်းကြောင်း ကောင်း မွန်လျက်ရှိကြောင်း စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။
“စီးပွားကူးသန်းက ထုတ်တဲ့စာရင်းအရ ဆိုရင် မနှစ်က တစ်ရက်ကို ကုန်သွယ်မှုက ဒေါ်လာခြောက်သန်းခွဲလောက်ရှိတယ်။ ဒီ နှစ်မှာတော့ မေ ၂၁ ရက်အထိ ရရှိတဲ့စာရင်း အရ တစ်ရက်ကို ပျမ်းမျှဒေါ်လာသုံးသန်းခွဲ လောက်ပဲရှိနေတယ်။ မေ ၁ ရက်ကနေ ၂၁ ရက်အထိ ပို့ကုန်က ၂၅ သန်းနီးပါးနဲ့ သွင်း ကုန်က ဒေါ်လာ ၄၉ သန်းကျော်၊ ကုန်သွယ်မှု ပမာဏဒေါ်လာ ၇၄ သန်းကျော်ရှိတယ်။ မေ ၂၁ ရက် တစ်ရက်တည်းမှာဆိုရင် ကုန်သွယ် မှုက ဒေါ်လာသုံးသန်းကျော်လေးပဲရှိတယ်”ဟု စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက ပြော ကြားခဲ့သည်။
မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်အနေ ဖြင့် မေ ၂၁ ရက်တွင် ပို့ကုန်တန်ဖိုးဒေါ်လာ သုည ဒသမ ၈၉၀ သန်း၊ သွင်းကုန်တန်ဖိုး ဒေါ်လာ ၂ ဒသမ ၁၉၇ သန်း၊ ကုန်သွယ်မှု ပမာဏဒေါ် လာ ၃ ဒသမ ၀၈၇ သန်းရှိသည်။
အများဆုံးတင်ပို့ခဲ့သည့် ပို့ကုန်များမှာ သရက်သီး ၅၈၃ တန်ကျော်၊ ငရုတ်သီး ၈၀ ဒသမ ၈၆တန်၊ ကဏန်း ၂၆ ဒသမ ၄၂၅ တန်၊ ငါးရှဉ့် ၂၇ ဒသမ ၂ တန်၊ ရေခဲပုစွန် ၁၇ ဒသမ ၁၆၀ တန်၊ ကြက်သွန်နီ ၈၅ ဒသမ ၅ တန်၊ ခဲသတ္တု ၈၈ တန်နှင့် မန်ကျည်းမှည့်တန် ၇၀ စသည်တို့ တင်ပို့ခဲ့ခြင်းဖြစ်သည်။ လက်ရှိတွင် မြန်မာ-တရုတ်နယ်စပ်မှ ဆန်နှင့်ဆန်ကွဲ တင်ပို့နိုင်ခြင်းမရှိသော်လည်း အခြားကုန်စည်များကို တင်ပို့လျက်ရှိပြီး တစ်ရက်လျှင် ကုန်ကားအစီးရေ ၂၀၀ ဝန်း ကျင်ဖြင့် ကုန်သွယ်မှုဆောင်ရွက်လျက်ရှိ ကြောင်း မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေး စခန်းမှ သိရသည်။
နယ်စပ်မှ ဆန်တင်ပို့မှုလျော့ကျခဲ့ခြင်း မှာ ၂၀၂၃ ခုနှစ် မတ်လ ၁ ရက်မှစတင်၍ နယ် စပ်မှ ဆန်နှင့် ဆန်ကွဲတင်ပို့မှုမှ ရရှိသည့် ပို့ကုန် ရငွေ၏ ၆၅ ရာခိုင်နှုန်းကို ဗဟိုဘဏ် သတ်မှတ် နှုန်းဖြင့် လဲလှယ်ရန်သတ်မှတ်ခဲ့ပြီး ၃၅ ရာခိုင် နှုန်းကိုသာ ပြင်ပပေါက်စျေးဖြင့် လဲလှယ်ခွင့် ပြုခဲ့ခြင်းကြောင့်ဖြစ်ကြောင်း ဆန်ကုန်သည် များက ဆိုသည်။
မြန်မာ့ပို့ကုန်များ စျေးကွက် ပိုမိုရရှိရန်
တရုတ်နိုင်ငံက အကန့်အသတ် အတားအဆီး များ လျှော့ချပေးစေလိုကြောင်း ဒုတိယဝန်ကြီး ချုပ် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ပြည် ထောင်စုဝန်ကြီး ဦးဝင်းရှိန်က ပြောကြားသည်။
မေ ၂၅ ရက်က နေပြည်တော်ရှိ အပြည် ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန (၂) တွင် ကျင်းပသည့် မြန်မာ-တရုတ် (လင်ချန်း) စီးပွား ရေးကုန်စည်ပြပွဲ ဖွင့်ပွဲအခမ်းအနား နှုတ်ခွန်း ဆက် အမှာစကားပြောကြားရာတွင် ဒုတိယ ဝန်ကြီးချုပ်က အထက်ပါအတိုင်း ထည့်သွင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။
“နှစ်နိုင်ငံကုန်သွယ်မှု မြှင့်တင်ရေးမှာ မြန်မာနိုင်ငံက အဓိကတင်ပို့နေတဲ့ ထွက်ကုန် ပစ္စည်းများ တရုတ်နိုင်ငံစျေးကွက်အတွင်း ကျယ်ပြန့်စွာ တင်ပို့နိုင်ရေးကလည်း အရေးကြီး တဲ့အတွက် တရုတ်နိုင်ငံအနေနဲ့ ဒေသတွင်း သဘောတူညီချက်များအပြင် နှစ်နိုင်ငံသ ဘောတူညီချက်များကိုလည်း လိုအပ်သလို ညှိနှိုင်းဆောင်ရွက်၍ မြန်မာ့ပို့ကုန်များ စျေး ကွက်ပိုမိုရရှိရေး အကန့်အသတ်များ၊ အတား အဆီးများ လျှော့ချပေးစေလိုကြောင်းကိုလည်း တိုက်တွန်းပြောကြားလိုပါတယ်” ဟု ဒုတိယ ဝန်ကြီးချုပ် ဦးဝင်းရှိန်က ပြောကြားသည်။
ထို့ပြင် နယ်စပ်ဒေသများ၌ ဘဏ်လုပ် ငန်းစနစ်များ ဖွံ့ဖြိုးတိုးတက်ရေး၊ ထောက်ပံ့ ပို့ဆောင်မှုလုပ်ငန်းများ ပိုမိုတိုးတက်စေရေး နှင့် ကုန်သွယ်မှုဆိုင်ရာ လုပ်ထုံးလုပ်နည်းများ လွယ်ကူချောမွေ့စေရေးတို့ကိုလည်း နှစ်ဖက် ပူးပေါင်းဆောင်ရွက်ရန် ဒုတိယဝန်ကြီးချုပ် ဦးဝင်းရှိန်က တိုက်တွန်းပြောကြားသည်။
မြန်မာနိုင်ငံအနေဖြင့် တရုတ်နိုင်ငံက အကောင်အထည်ဖော်ဆောင်ရွက်နေသည့် ]ရပ်ဝန်းနှင့် ပိုးလမ်းမစီမံကိန်း} အစီအစဉ်တွင် ပူးပေါင်းဆောင်ရွက်နိုင်ရေးအတွက် တရုတ်- မြန်မာ စီးပွားရေးစင်္ကြံကို ပူးတွဲအကောင် အထည်ဖော်ဆောင်ရွက်သွားကြရန် သဘော တူညီထားပြီးဖြစ်ကြောင်း ဒုတိယဝန်ကြီးချုပ် ဦးဝင်းရှိန်က ပြောကြားသည်။
“အဆိုပါသဘောတူညီချက်အရ အခြေခံ အဆောက်အအုံ တည်ဆောက်မှုဆိုင်ရာ လုပ် ငန်းများ စတင်နိုင်ဖို့ အစပျိုးဆောင်ရွက်နေပြီ ဖြစ်ပါတယ်။ အဆိုပါအစီအစဉ်အရ မြန်မာ- တရုတ် နယ်စပ်စီးပွားရေးပူးပေါင်းဆောင် ရွက်မှုဇုန်များကိုလည်း တည်ထောင်သွားရန် ရှိနေပါတယ်”ဟု ဒုတိယဝန်ကြီးချုပ် ဦးဝင်း ရှိန်က ပြောကြားသည်။
နှစ်နိုင်ငံနယ်စပ် ချင်းရွှေဟော်-မိန်းတိန် ဒေသနှင့်ဆက်စပ်ပြီး လားရှိုး-မန္တလေး-နေ ပြည်တော်-ရန်ကုန်နှင့် ကျောက်ဖြူမှတစ်ဆင့် ဘင်္ဂလားပင်လယ်အော်၊ အိန္ဒိယသမုဒ္ဒရာ လမ်းကြောင်းအတိုင်း တတိယနိုင်ငံများသို့ ကုန်သွယ်မှု တိုးချဲ့နိုင်မည့် အလားအလာ ကောင်းများ ရှိနေသည်ကို တွေ့ရမည်ဖြစ် ကြောင်း ဒုတိယဝန်ကြီးချုပ် ဦးဝင်းရှိန်က ပြော ကြားသည်။
ဖော်ပြပါ စီမံကိန်းများနှင့် မြန်မာနိုင်ငံ သည် တရုတ်နိုင်ငံအတွက် အကျိုးစီးပွားများ စွာရှိနေသည့် အခြေအနေတွင် တရုတ်နိုင်ငံ အနေဖြင့် အိမ်နီးချင်းကောင်းပီသစွာဖြင့် မြန် မာ့ပို့ကုန်တင်ပို့မှုဆိုင်ရာ အကျပ်အတည်းများ အပေါ် မြန်မာအစိုးရနှင့် နှစ်ဖက်ညှိနှိုင်းကာ အမြန်ဆုံး ဖြေရှင်းပေးသင့်ကြောင်း ကုန်သည် လုပ်ငန်းရှင်များက သုံးသပ်ခဲ့ကြသည်။