မန်စီးတီးအသင်း၏ တောင်ပံကစားသမားဟောင်း ရှောင်ရိုက်ဖီးလစ်သည် နော်တင်ဟမ်ဖောရက်စ်ကို အာဆင်နယ်အသင်း ရှုံးနိမ့်အပြီးတွင် ဖခင်ဖြစ်သူ အီယန်ရိုက်၏ရှေ့၌ ပရီးမီးယားလိဂ်ချန်ပီယံဆု ကိုင်မြှောက်ကာ နောက်ပြောင်ခဲ့ကြောင်း သိရသည်။
၎င်း၏ မွေးစားဖခင် အီယန်ရိုက်သည် အာဆင်နယ်အသင်းကို စဉ်ဆက်မပြတ်အားပေးနေသည့် ကစားသမားဟောင်းဖြစ်သောကြောင့် ရှောင်ရိုက်ဖီးလစ်က နောက်ပြောင်ခဲ့ခြင်းဖြစ်သည်။
ယင်းအတွက် အီယန်ရိုက်က ရယ်စရာမဟုတ်ဟု ပြန်လည်နောက်ပြောင်ခဲ့ပြီးနောက် ယခုရာသီအာဆင်နယ်အသင်း၏ ကြိုးစားမှုအတွက် ကျေနပ်မိသလို၊ မန်စီးတီး၏ ထိုက်တန်သည့် အောင်ပွဲဟုလည်း မှတ်ချက်ပြုခဲ့သည်။















