ကမ္ဘာကြီး ပူနွေးလာမှုနှင့် လျှပ်စစ်သုံးယာဉ်များ

ကမ္ဘာကြီး ပူနွေးလာမှုနှင့် လျှပ်စစ်သုံးယာဉ်များ
Published 21 May 2023
ANONYMOUS

ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ ထုတ်ပြန်ချက်အရ ၂၀၁၆ ခုနှစ်တွင် ကမ္ဘာ့လူဦးရေ၏ ၉၁ ရာခိုင်နှုန်းသည် လေထုအရည်အသွေး မပြည့်မီသည့်နေရာများတွင် နေထိုင်လျက်ရှိပြီး၊ ပြင်ပ လေထုညစ်ညမ်းမှုကြောင့် မြို့ပြနှင့် ကျေးလက်ဒေသများတွင် အရွယ်မတိုင်မီ သေဆုံးမှုပေါင်း လေးသန်းခန့် ရှိကြောင်း သိရှိရသည်။

လျှပ်စစ်သုံးယာဉ်များသည် မြို့ပြနှင့် စက်မှုလုပ်ငန်းဖွံ့ဖြိုးရာ နေရာများတွင် လေထုညစ်ညမ်းမှုပြဿနာများကို တိုက်ရိုက်လျှော့ ချပေးပြီး ကာဗွန်ထုတ်လွှတ်မှုမရှိသည့် လျှပ်စစ်ကားများ ((Zero- Emission EVs- ZEVs) ) ဆီသို့ ကူးပြောင်းခြင်းသည် လေထုအရည်အ သွေးကောင်းမွန်မှုအတွက် အဓိကဖြေရှင်း ချက်ဖြစ်သည့် သန့်ရှင်းသော သယ်ယူပို့ဆောင် ရေး Clean Transportation) ကို အထောက် အကူဖြစ်စေမည်ဖြစ်သည်။ လျှပ်စစ်ကား သည် လောင်စာစွမ်းအင်ကို ဓာတ်ဆီ၊ ဒီဇယ်၊ ဓာတ်ငွေ့များ အသုံးမပြုဘဲ လျှပ်စစ်စွမ်းအင် ကို အသုံးပြုပြီး မောင်းနှင်ရသော မော်တော် ကားကို ခေါ်ဆိုခြင်းဖြစ်သည်။ လျှပ်စစ်ကား သည် အိတ်ဇောပိုက်မှ မီးခိုးမထွက်ခြင်းနှင့် ဆူညံသံများကိုလည်း သိသာစွာ လျှော့ချပေး ခြင်းကြောင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်း ရေးအတွက် အလွန်အရေးပါသည်။ လောင် စာဆီများ သုံးစွဲရသည့်စရိတ်နှင့် နှိုင်းယှဉ် ပါက လျှပ်စစ်ဓာတ်အားဖြည့်ရန် ကုန်ကျစ ရိတ်မှာ သိသိသာသာ လျော့နည်းသက်သာ နိုင်ခြင်း၊ ပြင်ဆင်ထိန်းသိမ်းရေးစရိတ်များ ပိုမိုသက်သာခြင်း၊ လေထုညစ်ညမ်းမှု မရှိခြင်း နှင့် သဘာဝပတ်ဝန်းကျင်ကို ထိခိုက်မှုနည်း ခြင်း စသည့်အားသာချက်များ ရှိနေသည်။

လျှပ်စစ်ကား သမိုင်းအကျဉ်း

၁၈၃၂ ခုနှစ်မှ ၁၈၃၉ ခုနှစ်ကြားကာလ တွင် စကော့တလန်နိုင်ငံသား ရောဘတ်အန်း ဒါးဆင်းက စက်တပ်လှည်းကို ပထမဦးဆုံး တည်ဆောက်ခဲ့သည်။ စကော့တလန်နိုင်ငံ သား ဓာတုပညာရှင် ဝီလျံမော်ရစ်ဆင်က ၁၈၈၇ ခုနှစ်က ဖန်တီးခဲ့သည့် လျှပ်စစ်သုံး ယာဉ်အတွက် ၁၈၉၀ ပြည့်နှစ်တွင် ထုတ်ကုန် မူပိုင်ခွင့် လျှောက်ထားခဲ့သည်။ မြင်းကောင် ရေ လေးကောင်အား၊ ရှေ့ဘီးယက်စနစ်ဖြစ်ပြီး အမြင့်ဆုံး တစ်နာရီ မိုင် ၂၀ နှုန်းအထိ မောင်း နှင် နိုင်ပြီး ဘက်ထရီဆဲလ် ၂၄ ခု ပါဝင်ပြီး မိုင် ၅၀ မောင်းနှင်ပြီးတိုင်း အားပြန်သွင်းရသည်။

၂၀ ရာစု၏ အလှည့်အပြောင်းတွင် လူ အများအပြားသည် ၎င်းတို့၏ မြင်းများနှင့် တွန်းလှည်းများကို မော်တော်ယာဉ်များနှင့် စတင်အစားထိုးလဲလှယ်ခဲ့ကြပြီး ရလဒ်အနေ ဖြင့် လျှပ်စစ်ကားများသည် မြို့နေလူထုကြား တွင် လျင်မြန်စွာ ရေပန်းစားလာကာ လျှပ်စစ် မီးရရှိမှု များပြားလာသည်နှင့်အမျှ လူကြိုက် များလာကြသည်။ သို့ရာတွင် တက္ကဆတ်တွင် ရေနံရှာဖွေတွေ့ရှိပြီးနောက်ပိုင်း လောင်စာ ဆီသည် စျေးနှုန်းသက်သာ၍ အလွယ်တကူ ရနိုင်ခြင်းကြောင့် ှုဃန လောင်စာဆီသုံး ယာဉ် များကို  တွင်ကျယ်စွာသုံးစွဲလာကြပြန်သည်။

လျှပ်စစ်သုံးယာဉ်အမျိုးအစားများ

လျှပ်စစ်သုံးယာဉ်များကို လေ့လာကြည့် ရာတွင် ဘက်ထရီမှ လျှပ်စစ်စွမ်းအင်တစ်မျိုး တည်းကိုသာ ရယူ၍ ယာဉ်ကိုမောင်းနှင်သည့် BEV(Battery Operated Vehicle)၊ လောင် စာဆီ အသုံးပြုသည့် အင်ဂျင်နှင့် ဘက်ထရီ ပါ၀ါ အရင်းအမြစ်နှစ်မျိုးဖြင့် မောင်းနှင်သည့် HEV(Hybird Electric Vehicle)၊ လောင်စာ ဆီအသုံးပြုသည့် အင်ဂျင်နှင့် ဘက်ထရီပါ၀ါ အရင်းအမြစ်နှစ်မျိုးဖြင့် မောင်းနှင်သော HEV နှင့် အလုပ်လုပ်ပုံ တူညီသည့် PHEV (PHEV (Plug- In Hybird Electric Vehicle))၊ ဘက်ထရီမှ လျှပ်စစ်စွမ်းအင်တစ်မျိုးတည်းကိုရယူ ၍ ယာဉ်တွင်တပ်ဆင်ထားသော လောင်စာ ဆီသုံး အင်ဂျင် ဂျင်နရေတာဖြင့် အားသွင်း ခြင်းများ ဆောင်ရွက်နိုင်သည့်  Rex ( Range Extension Electric Vehicle)) နှင့် ဟိုက်ဒရိုဂျင်ကဲ့သို့ သိုလှောင်ထားသော စွမ်းအင်ကို လောင်စာဆဲလ်မှ လျှပ်စစ်စွမ်းအင်အဖြစ်သို့ ပြောင်းလဲပေးသည့် FCEV ဟူ၍ ငါးမျိုးကွဲ ပြားသည်ကို တွေ့မြင်ရပေသည်။ BEVS  နှင့် PHEVs များကြားရှိ ကမ္ဘာလုံးဆိုင်ရာ  သုံးစွဲမှုအချိုးကို လေ့လာရာတွင် BEVS  သုံးစွဲမှု ပိုမိုအားကောင်းလာပြီး ၂၀၁၂ ခုနှစ်တွင် ၅၆ း ၄၄ မှ ၂၀၁၅ ခုနှစ်တွင် ၆၀ း ၄၀၊ ၂၀၁၈ ခု နှစ်တွင်  ၆၉ း ၃၁ မှ ၂၀၁၉ ခုနှစ်တွင် ၇၄ း၂၆ သို့ ရောင်းချမှုနှင့် သုံးစွဲမှု မြင့်တက်လာခဲ့ပြီး plug in လျှပ်စစ်ကားများအနေဖြင့် ၂၀၁၈ ခုနှစ်တွင် မော်တော်ယာဉ်အစီးရေ ၂၅၀ တွင် တစ်စီးခန့်အထိ‌ လျော့ကျသွားကြောင်း ၂၀၁၂ ခုနှစ်မှ ၂၀၂၁ ခုနှစ်ကြား ကမ္ဘာလုံးဆိုင်ရာ BEVS  နှင့် PHEVs များ ရောင်းချမှု အချိုး၏ ဆင့်ကဲဖြစ်စဉ်မှတ်တမ်းအရ သိရှိရသည်။

ဘက်ထရီအားသွင်းသည့်စနစ်များ

EV Battery သည်   Li-ion Battery အမျိုးအစားကို အများဆုံး အသုံးပြုထားပြီး (၁) Normal Charge (၂) Trickle Charge နှင့် (၃) Quick or Fast Charge ဟူ၍ နည်း လမ်းသုံးသွယ်ရှိသည့်အနက် ပထမနည်းလမ်း Normal Charge ဖြင့် အားသွင်းရန် ကြာချိန်မှာ ခုနစ်နာရီမှ ရှစ်နာရီခန့် ဖြစ်ပြီး တစ်နာရီ အားသွင်းလျှင် ၂၀ မိုင်ခန့် အကွာအဝေး ရနိုင်မည် ဖြစ်သည်။ ဒုတိယနည်းလမ်း  Trickle Charge သည် အိမ်သုံးမီးပလပ်ကို အသုံး ပြုနိုင်ပြီး အားသွင်းရန် အချိန်ကြာနိုင်ခြင်း၊ အန္တရာယ်ရှိနိုင်ခြင်းကြောင့်  အရေးတကြီး မဖြစ်မနေမှသာ ဒုတိယနည်းလမ်းကို အသုံး ပြုသင့်သည်။  Trickle Charge သည် တစ်နာ ရီ  အားသွင်းလျှင် သုံးမိုင်အကွာအဝေးအထိ မောင်းနှင်နိုင်ပြီး ရာခိုင်နှုန်း ၁၀၀ အားသွင်း ရန်အတွက် ၁၄ နာရီ ကြာမည်ဖြစ်သည်။ Quick or Fast Charge တတိယနည်းဖြင့် အားသွင်းလျှင် ဘက်ထရီ ရာခိုင်နှုန်း ၈၀ အ ထိ ပျမ်းမျှကြာချိန် မိနစ် ၃၀ ကြာမည်ဖြစ်သည်။ တတိယနည်းလမ်းဖြင့် အားသွင်းရန်အတွက် Charging Station မှ Charging Port မှ အား သွင်းရမည်ဖြစ်သည်။

မြန်မာနိုင်ငံ၏ လျှပ်စစ်သုံးယာဉ်များကဏ္ဍ

မြန်မာနိုင်ငံသည် ပါရီသဘောတူညီ ချက်ကို ၂၀၁၆ ခုနှစ် ဧပြီ  ၂၂ ရက်တွင် လက် မှတ်ရေးထိုးခဲ့သည်။ ပါရီသဘောတူညီ ချက်မတိုင်မီ ၂၀၁၄ ခုနှစ်ကပင် ရည်ရွယ် ထားသည့် အမျိုးသားအဆင့် ရာသီဥတု ပြောင်းလဲမှုလျှော့ချရေးနှင့် လိုက်လျောညီ ထွေရှိစေရေးဆိုင်ရာ အကောင်အထည်ဖော် ဆောင်ရွက်မည့် လုပ်ငန်းအစီအစဉ် (INDCs- Intended Nationally Determined Contributions) ကို သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနက အ ဆိုပြုတင်သွင်းခဲ့သည်။ အဆိုပါ  IDCs ကို ၂၀၂၀ ပြည့်နှစ်တွင် ပြန်လည်သုံးသပ်၍ ဖြည့်စွက်ပြင်ဆင်ကာ ၂၀၂၁ ခုနှစ် ဇူလိုင်လတွင် မြန်မာနိုင်ငံ အမျိုးသားအဆင့် ရာသီဥတု ပြောင်းလဲမှုလျှော့ချရေးနှင့် လိုက်လျောညီ ထွေရှိစေရေးဆိုင်ရာ အကောင်အထည်ဖော် ဆောင်ရွက်မည့် လုပ်ငန်းအစီအစဉ် (NDCs) အဖြစ်  အတည်ပြုခဲ့ပါသည်။ ထို NDCsတွင် ပါရှိသောလုပ်ငန်းလျာထားချက်များအနက် ပို့ဆောင်ဆက်သွယ်ရေးကဏ္ဍ၌ ပတ်ဝန်းကျင် ထိခိုက်မှုဖြစ်စေသည့် ကာဗွန်ဒိုင်အောက် ဆိုက်ထုတ်လွှတ်မှု လျှော့ချရေးလုပ်ငန်း ဆောင် ရွက်ချက်များတွင် လျှပ်စစ်သုံးယာဉ်များ အသုံးပြုရေးကို ဆောင်ရွက်ရန် ထည့်သွင်း ဖော်ပြထားသည်။ ဤသို့ဖြင့် နိုင်ငံများသည် လျှပ်စစ်သုံးယာဉ်နည်းပညာ တီထွင် ခြင်းဖြင့် ဖန်လုံအိမ်ဓာတ်ငွေ့ ထုတ်လွှတ်မှုလျှော့ချရန် ကြိုးစားလာကြသည်။ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ကုန်းလမ်းပို့ဆောင် ရေးနှင့် ညွှန်ကြားမှုဦးစီးဌာန၏ အချက်အ လက်များအရ မြန်မာနိုင်ငံ၌ ၂၀၂၁ ခုနှစ် ဒီဇင်ဘာလအထိ လျှပ်စစ်သုံးယာဉ်များအ နေဖြင့် လူစီးယာဉ် ၃၂၁ စီး၊ ကုန်တင် (ဝန် ပေါ့)ယာဉ် ငါးစီး၊ အခြားယာဉ် တစ်စီး၊ သုံး ဘီးယာဉ် ၄၃၃ စီး၊ နှစ်ဘီးတပ်ယာဉ် ၃,၅၆၇ စီး စုစုပေါင်း လျှပ်စစ်သုံးယာဉ် အရေအတွက် ၄,၃၂၇ စီး မှတ်ပုံတင် အသုံးပြုနေပြီး စုစု ပေါင်း မှတ်ပုံတင် ယာဉ်အရေအတွက် ၇,၄၇၂,၇၈၅ စီး၏ သုည ဒသမ ၀၅ ရာခိုင် နှုန်းရှိ ကြောင်း တွေ့ရသည်။ မြန်မာနိုင်ငံတွင် လျှပ်စစ်သုံးယာဉ် အသုံးပြုမှုသည် ကနဦး မှတ်ပုံတင်သည့် ယာဉ်စုစုပေါင်း၏ ၂၀၂၅ ခုနှစ်တွင် ရာခိုင်နှုန်း ၁၀၊  ၂၀၃၀ ခုနှစ်တွင် ရာ ခိုင်နှုန်း၂၀၊ ၂၀၄၀ ခုနှစ်တွင် ရာခိုင်နှုန်း ၃၀၊ ၂၀၅၀ ခုနှစ် တွင် ရာခိုင်နှုန်း ၁၀၀ သို့ ရောက် ရှိရန် အမျိုးသားအဆင့် လုပ်ငန်းစဉ်အဖြစ်“လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်လုပ်ငန်းများ တိုးတက်ရေးမူဝါဒ” များ ချမှတ်၍ မျှော်မှန်း ဆောင်ရွက်လျက်ရှိသည်။

မြန်မာနိုင်ငံတွင် လျှပ်စစ်သုံးယာဉ်များ တွင်ကျယ်စွာ ထုတ်လုပ်အသုံးပြုနိုင်ရေး အတွက် အမျိုးသားအဆင့် လျှပ်စစ်သုံးယာဉ် နှင့် ဆက်စပ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးဆောင်ကော်မတီကို ဖွဲ့စည်း၍ လျှပ်စစ်သုံး ယာဉ်နှင့် ဆက်စပ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက် စေရေးကို ဆက်စပ်ဝန်ကြီးဌာနများနှင့် ပေါင်း စပ်ကာ အကောင်အထည်ဖော် ဆောင်ရွက် လျက်ရှိသည်။ ကနဦးအနေဖြင့် ပြည်တွင်း၌ လျှပ်စစ်သုံးယာဉ်များ စတင်အသုံးပြုရေးကို အထောက်အကူပြုနိုင်ရန် အစပျိုး စမ်းသပ် ကာလ (pilot project) ကို ၂၀၂၃ ခုနှစ် ဇန်န ၀ါရီ ၁ ရက်မှ ဒီဇင်ဘာ ၃၁ ရက်အထိ သတ် မှတ်ပြီး ပြည်ပမှ လျှပ်စစ်သုံးယာဉ်များနှင့် အားသွင်းစက်များ တင်သွင်း၍ လုပ်ငန်းများ ဆောင်ရွက်နိုင်ရေး မူဝါဒများ ချမှတ်ခြင်း၊ စံချိန်စံညွှန်းများ သတ်မှတ်ခြင်း၊ လုပ်ထုံးလုပ် နည်းနှင့် စည်းကမ်းချက်များ သတ်မှတ်ခြင်း တို့ကို သက်ဆိုင်ရာ လုပ်ငန်းကော်မတီများ အလိုက် ဆောင်ရွက်လျက်ရှိသည်။

လျှပ်စစ်သုံးယာဉ်များအတွက် လုံ လောက်သော လျှပ်စစ်ဓာတ်အားရရှိရန်အ တွက် ပြည်တွင်း၊ ပြည်ပ ကုမ္ပဏီများနှင့် မိမိ နိုင်ငံအတွင်း၌ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ဆောင်ရွက်ရမည်ဖြစ်သည်။ လောင်စာဆီ ရှားပါးမှုပြဿနာများ၊ စျေးနှုန်းမြင့်မားလာမှု နှင့် သဘာဝပတ်ဝန်းကျင် ထိခိုက်မှု လျော့ကျ စေရေးအတွက် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင် (Renewable Energy)  သုံးစွဲနိုင်ရေး ကြိုးပမ်း ဆောင်ရွက်ရန် လိုအပ်သည်။ ထိုသို့ဆောင် ရွက်ရာတွင် ဆိုလာပါ၀ါစက်ရုံများ တည် ဆောက်၍ DC Power Storage များ ထားရှိ ခြင်းသည် DC Charging (Super Charger) များအတွက် ကောင်းမွန်သော နည်းလမ်းများ ဖြစ်သည်။ မြန်မာနိုင်ငံတွင် မင်းဘူး ဆိုလာ ပါ၀ါစက်ရုံကို ၂၀၁၈ ခုနှစ်တွင် စတင်ဆောင် ရွက်ခဲ့ပြီး ၂၀၁၉ ခုနှစ် ဇွန်လတွင် ဆိုလာ ၄၀ မဂ္ဂါဝပ် ထုတ်လုပ်နိုင်ခဲ့ပြီးဖြစ်သည်။ စီမံကိန်း ပထမ၊ ဒုတိယနှင့် တတိယအဆင့်များတွင် ၄၀ မဂ္ဂါဝပ်စီ၊ စတုတ္ထအဆင့်တွင် ၅၀ မဂ္ဂါ ဝပ်နှင့် အလုံးစုံပြီးမြောက်ပါက ၁၇၀ မဂ္ဂါ ဝပ် ထုတ်လုပ်နိုင်မည်ဖြစ်သည်။ ယင်းစီမံကိန်း အနေဖြင့် ၂၂၀ မဂ္ဂါဝပ်အထိ တိုးတက်ထုတ် လုပ်မည်ဖြစ်ပြီး အရှေ့တောင်အာရှတွင် အကြီးဆုံး ဆိုလာစက်ရုံတစ်ခု ဖြစ်လာမည် ဖြစ်သည်။

လျှပ်စစ်သုံးယာဉ်များအတွက် လိုအပ် သည့် Charginng Station များကိုလည်း တစ် ပြိုင်တည်း တည်ဆောက်လျက်ရှိရာ‌ နေပြည် တော်ကောင်စီနယ်မြေအတွင်း နှစ်ခု၊ ရန် ကုန်-မန္တလေး အမြန်လမ်းမကြီးတွင် ငါးခု၊ ရန်ကုန် စည်ပင်သာယာနယ်မြေအတွင်း ငါး ခု၊ မန္တလေးစည်ပင်သာယာရေးနယ်မြေအ တွင်း လေးခု စုစုပေါင်း  ၁၉ ခု တည်ဆောက်ပြီး စီး၍ လျှပ်စစ်သုံးယာဉ်များ အားသွင်းခြင်း ဆောင်ရွက်နေပြီဖြစ်ပါသည်။ ဆက်လက်၍ လည်း Charginng Station ကွန်ရက်များကို မြေနေရာ ရွေးချယ်သတ်မှတ်၍ ဆောက်လုပ် လျက်ရှိသည်။

လောင်စာစက်သုံးဆီအသုံးပြုမှုများမှ ကာဗွန်ဒိုင်အောက်ဆိုက်ဓာတ်ငွေ့ထုတ်လွှတ် သည့် ဘေးထွက်ဆိုးကျိုးများကြောင့် လျှပ်စစ် သုံးယာဉ်များကို အစားထိုး‌ ပြောင်းလဲသုံးစွဲ ခြင်းတွင် ရေနံစျေးနှုန်းကြီးမြင့်လာမှုကြောင့် နိုင်ငံခြားငွေသုံးစွဲ ကုန်ကျမှုသက်သာခြင်း၊ သဘာဝပတ်ဝန်းကျင် ထိခိုက်မှုလျော့နည်း လာပြီး ဂေဟစနစ်ကို အထောက်အကူပြုနိုင် ခြင်း၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုနှင့် ပုဂ္ဂလိက လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာခြင်း၊ နည်း ပညာမြင့်မားမှုကြောင့် လောင်စာစွမ်းအင် သုံးယာဉ်များထက် ရေရှည်တွင် ပြင်ဆင်ထိန်း သိမ်း ကုန်ကျစရိတ် သက်သာခြင်းနှင့် ပြည် တွင်းအလုပ်အကိုင်အခွင့်အလမ်းများ ရရှိပြီး နိုင်ငံတကာနှင့် ရင်ပေါင်တန်းနိုင်မည့် အကျိုး ဖြစ်ထွန်းမှုများကို မလွဲမသွေရရှိမည်ဖြစ် ကြောင်း ရေးသားတင်ပြလိုက်ပါသည်။