ဘူးစကွက်စ်အား အသင်းတွင် တစ်ရာသီ ထပ်ကစားရန်တောင်းဆိုခဲ့ဟု ပတ်ဒရီ ဖွင့်ဟ

ဘူးစကွက်စ်အား အသင်းတွင် တစ်ရာသီ ထပ်ကစားရန်တောင်းဆိုခဲ့ဟု ပတ်ဒရီ ဖွင့်ဟ
Photo: Marca
Photo: Marca
Published 18 May 2023

ဘာစီလိုနာလူငယ်ကွင်းလယ်ကစားသမား ပတ်ဒရီက ၀ါရင့်ကွင်းလယ်ကစားသမား ဘူးစကွက်စ်အား အသင်းတွင်  တစ်ရာသီထပ်ကစားရန် တောင်းဆိုခဲ့ကြောင်း ဖွင့်ဟပြောကြားခဲ့သည်။

ဘူးစကွက်စ်(၃၄ နှစ်)သည် ဘာစီလိုနာအသင်းနှင့် စာချုပ်သက်တမ်းကုန်ဆုံးမည့် ယခုရာသီကုန်တွင် အသင်းနှင့် လမ်းခွဲမည်ဟု ကြေညာထားသူဖြစ်သည်။

ပတ်ဒရီက ''အသင်းနဲ့ နောက်ထပ်တစ်ရာသီ စာချုပ်သက်တမ်းတိုးဖို့ သူ့(ဘူးစကွက်စ်)ကို ကျွန်တော် တောင်းဆိုခဲ့ပါတယ်။ သူက အသင်းအတွက် အများကြီးပေးဆပ်ခဲ့ပြီး ကွင်းတွင်း၊ ကွင်းပြင် ကျွန်တော်တို့ အတုယူရတဲ့သူပါ။ သူ့နေရာကို မဖြည့်နိုင်ပေမဲ့ ကျွန်တော်တို့အနေနဲ့ သူ့နေရာကို ဖြည့်နိုင်အောင် အကောင်းဆုံးကြိုးစားသွားမှာပါ''ဟု ပြောကြားခဲ့သည်။ 

Most Read

Most Recent