ဘိုင်ယန်မြူးနစ်နည်းပြဟောင်း နာဂယ်စ်မန်း၏အေးဂျင့်ဖြစ်သူက နာဂယ်စ်မန်းသည် ချယ်လ်ဆီးအသင်းနည်းပြရာထူးအတွက် ကမ်းလှမ်းမှုကို ငြင်းပယ်ခဲ့ကြောင်း အတည်ပြုပြောကြားခဲ့သည်။
ချယ်လ်ဆီးအသင်းသည် ပိုချက်တီနိုနှင့်သဘောတူညီမှုမရမီ နာဂယ်စ်မန်းအား အသင်းနည်းပြအဖြစ် နံပါတ် (၁)ဦးစားပေးကြိုးစားခဲ့ကြောင်း သိရသည်။
နာဂယ်စ်မန်း၏ အေးဂျင့်ဖြစ်သူ ဗော်လ်ကာစတက်ချ်က ''ချယ်လ်ဆီးက နာဂယ်စ်မန်းကို ငွေနည်းနည်းသုံးပြီး အသင်းရဲ့ပြဿနာတွေကို ဖြေရှင်းဖို့ တောင်းဆိုခဲ့ပါတယ်။ ချယ်လ်ဆီးအသင်းက ဒုက္ခရောက်နေပြီး ပိုင်ရှင်တွေရဲ့မျှော်လင့်ချက်က မြင့်မားပါတယ်။ ပြီးတော့ တခြားကိစ္စတွေလည်း ရှိပါတယ်။ ဒါကြောင့် နာဂယ်စ်မန်းက ငြင်းခဲ့တာပါ''ဟု Bild သို့ ပြောကြားခဲ့သည်။















