ကိုဗစ်ဟာ ကမ္ဘာလုံးဆိုင်ရာ ကျန်းမာရေးအရေးပေါ်အခြေအနေမှ အဆုံးသတ်ပြီလား 

ကိုဗစ်ဟာ ကမ္ဘာလုံးဆိုင်ရာ ကျန်းမာရေးအရေးပေါ်အခြေအနေမှ အဆုံးသတ်ပြီလား 
Published 14 May 2023
ဒေါက်တာလွင်သန့်

ကမ္ဘာတစ်ဝန်း လူသန်းပေါင်းများစွာကို သေဆုံးစေခဲ့ပြီး စီးပွားရေးနဲ့ လူမှုရေးဆိုင်ရာ ကသောင်းကနင်းအခြေအနေကို ဖြစ်ပေါ်စေ တဲ့ ကိုဗစ်ကပ်ရောဂါဟာ ကမ္ဘာလုံးဆိုင်ရာ ကျန်းမာရေးအရေးပေါ်အခြေအနေ မဟုတ် တော့ကြောင်း WHO ကမေ ၅ ရက်မှာ ပြော ကြားခဲ့ပြီး ကျန်းမာရေးဆိုင်ရာ ခြိမ်းခြောက်မှု များ ဆက်လက်ရှိနေကြောင်း သတိပေးထား ပါတယ်။ ကျွန်တော့်အနေနဲ့ ကိုဗစ်ကို ကမ္ဘာလုံးဆိုင်ရာကျန်းမာရေးအရေးပေါ်အခြေအနေအဖြစ်ကနေ အဆုံးသတ်ကြောင်း ကြီးစွာ တဲ့ မျှော်လင့်ချက်တွေနဲ့ ထုတ်ပြန်ကြေညာ လိုက်ပါတယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့အကြီး အကဲ တက်ဒရို့အာဒါနွန်ဂီဘရီယေဆုက ဆို ပါတယ်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့ ကိုဗစ် အကျပ် တည်းဆိုင်ရာ လွတ်လပ်တဲ့ အရေးပေါ်ကော် မတီက အဖွဲ့အစည်းရဲ့အမြင့်ဆုံး သတိပေး ချက်အဆင့်ကို အဆုံးသတ်ဖို့သဘောတူညီခဲ့ပြီး ကိုဗစ်ကပ်ရောဂါရဲ့ ကာလကြာရှည်စီမံခန့်ခွဲ မှုပုံစံကို ပြောင်းလဲဖို့အချိန်ကျပြီဖြစ်ကြောင်း အကြံပြုခဲ့ပြီးနောက်အခုလိုထုတ်ပြန်ကြေညာ ခဲ့တာဖြစ်ပါတယ်။ 

အန္တရာယ်များ ပြီးဆုံးမသွားသေးကြောင်း တက်ဒရို့ကပြောကြားခဲ့ပြီး ကိုဗစ်ကြောင့် သေဆုံးသူ သန်း ၂၀ ထက်မနည်းရှိမယ်လို့ ခန့်မှန်းထားပြီး တရားဝင်ထုတ်ပြန်ထားတဲ့ ကိုဗစ်ကြောင့် သေဆုံးသူ ခုနစ်သန်းနီးပါး ထက် သုံးဆခန့်ပိုမိုမြင့်တက်နေတယ်ဆိုပါ တယ်။

၂၀၂၃ ခုနှစ်မေ ၉ ရက်အထိ ကမ္ဘာပေါ်မှာ ကိုဗစ်ဖြစ်ပွားသူ ၆၈၇ ဒသမ ၉ သန်း၊ သေဆုံး သူ ၆ ဒသမ ၈၇ သန်း ရှိခဲ့ပြီး မြန်မာနိုင်ငံမှာ ကိုဗစ်ဖြစ်ပွားသူ ၆၃၆၁၇၇ ဦး၊ ကိုဗစ်ကြောင့် သေဆုံးသူ ၁၉၄၉၂ ဦးရှိခဲ့ပြီပဲဖြစ်ပါတယ်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ၂၀၂၀ ပြည့်နှစ် မတ် ၁၁ ရက်မှာ ကမ္ဘာ့ကပ်ရောဂါလို့ကြေညာ ခဲ့ပါတယ်။     

နိုင်ငံတကာစိုးရိမ်ဖွယ်ပြည်သူ့ကျန်းမာရေးအရေးပေါ်အခြေအနေအဖြစ် ၂၀၂၀ ပြည့် နှစ်ဇန်နဝါရီ ၃၀ ရက်က ထမဆုံးထုတ်ပြန် ကြေညာခဲ့ပါတယ်။

တရုတ်နိုင်ငံမှာ ထူးဆန်းတဲ့ဗိုင်းရပ်စ် အသစ်ကို ပထမဆုံးအကြိမ် တွေ့ရှိပြီးနောက် ကူးစက်ခံရသူ ၁၀၀ အောက်လျော့နည်းပြီး တရုတ်နိုင်ငံအပြင်ဘက်တွင် ဗိုင်းရပ်ကြောင့် သေဆုံးသူတစ်ဦးမျှမရှိသေးချိန် သီတင်းပတ် အနည်းငယ်အတွင်း WHO က ထုတ်ပြန်ကြေညာခဲ့ပါတယ်။

တက်ဒရို့က ကိုဗစ်ရဲ့ကူးစက်မှုအဆိုးရွား ဆုံးအခြေအနေဖြစ်တဲ့ ၂၀၂၀ ပြည့်နှစ် မတ်လ မှာ ကိုဗစ်ကိုကပ်ရောဂါ ကြေညာပြီးနောက် မြန်မာနိုင်ငံကလည်း မတ် ၂၃ ရက်မှာ ကူးစက် သူပြည်ဝင် နှစ်ယောက်တွေ့ရှိပြီး ကိုဗစ်ကပ် ရောဂါ ပျံ့နှံ့ရောက်ရှိကာ လူပေါင်းများစွာဟာ တတိယလှိုင်း ၂၀၂၁ ဒယ်တာဝေ့မှာ သေဆုံး စေခဲ့ပါတယ်။ ကိုဗစ်ရဲ့ အကြီးမားဆုံးစိတ်မ ကောင်းဖွယ်ရာတွေထဲက တစ်ခုက ပူးပေါင်း ဆောင်ရွက်မှုမရှိခြင်း၊ တန်းတူညီမျှမှုမရှိခြင်းနဲ့စည်းလုံးမှု မရှိခြင်းတို့ကြောင့်ခင်မင်ရတဲ့ လူ့အသက်ပေါင်းများစွာ သေဆုံးခဲ့ရတာကို ရည်ညွှန်းကာ ပြစ်တင်ပြောကြားခဲ့ခြင်းပဲဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ ကိုဗစ်ကူးစက်မှုဟာ အိတ် ဘီဘီဝမ်းပွိုင့်စစ်အနေနဲ့  ကူးစက် ပျံ့နှံ့နေပြီး မေလ ၅ ရက်မှာ ကျန်းမာရေးဝန်ကြီးဌာနရဲ့ကြေညာချက်အရ ဓာတ်ခွဲနမူနာစုစုပေါင်း ၁၀၈၃၉ ခုစစ်ဆေးပြီးခဲ့ရာ ကိုဗစ်ရောဂါဓာတ် ခွဲ လူနာသစ် ၁၉၅ ဦးတွေ့ရှိခဲ့ပြီး ၁ ဒသမ ၈ ရာခိုင်နှုန်းအထိ တွေ့ရှိခဲ့ကြောင်း သိရပါတယ်။

ကူးစက်ခံရသူတွေထဲမှာ ရန်ကုန်တိုင်းဒေသ ကြီးက ဦးဆောင်နေပြီး ရောဂါပိုးတွေ့ရှိသူ စုစုပေါင်းရဲ့ ၅၀ ရာခိုင်နှုန်းအထိရှိနေပါတယ်။ ပြည်တွင်းကူးစက်မှုအသစ်များပြားခဲ့ပေမဲ့ ပြင်း ထန်တဲ့ရောဂါလက္ခဏာမရှိလို့ ဆေးရုံတက်ရ သူ၊ သေဆုံးသူ နည်းပါးပါတယ်။ ဗီဇပြောင်း ကိုဗစ်ထူးခြားချက်က မျက်စိနာခြင်း၊ နားကိုက် ခြင်း၊ အဖျားရှိခြင်း၊ ကိုယ်လက်မအီမသာဖြစ် ခြင်း ဖြစ်ပါတယ်။

ကိုဗစ်အလွန်မှာ အမေရိကန်ရဲ့ ဒေါ် လာထိရောက်မှု ကျဆင်းလာပါတယ်။ အီးယူ က ယူရိုငွေကြေး တရုတ် (ယွမ်)၊ ဂျပန် (ယန်း)၊ ဗြိတိန် စတာလင်ပေါင်တို့အစားထိုးတာကြပါ တယ်။ ရုရှား-ယူကရိန်းစစ်ပွဲမှာ ထင်ထား တာထက် ကြာမြင့်လာတဲ့အခါ ရုရှားရူဘယ် ငွေကြေးကို တိုက်ခိုက်မှုစတဲ့အခြေအနေများ၊ ဆက်စပ် သက်ရောက်မှုများ ကျယ်ပြန့်စွာ ဖြစ်ပေါ်ကာ အမေရိကန်ဒေါ်လာရဲ့ရပ်တည် မှုကို စိုးရိမ်စရာဖြစ်လာပါတယ်။

ယခင်က အမေရိကန်ဒေါ်လာကို  ငွေ ကြေးရဲ့ဘုရင်လို့တင်စားခံခဲ့ရတယ်။ ဒေါ်လာ ဟာ ကမ္ဘာ့စီးပွားရေးအပေါ် သြဇာညောင်း တယ်။ အမေရိကန်စီးပွားရေးဟာ အခြားစီး ပွားရေးအပေါ် သိသိသာသာ ပါ၀ါလွှမ်းမိုးမှုရှိ တယ်။ အဆိုပါအခြေအနေတွေ အသုံးပြုကာ အမေရိကန်နိုင်ငံဟာ နိုင်ငံခြားရေးမူဝါဒရည် မှန်းချက်များကို အကောင်ထည်ဖော်တယ်။ ပိတ်ဆို့အရေးယူမှုတွေကို လက်နက်သဖွယ်အစဉ်အဆက်အသုံးပြုခဲ့ကြပါတယ်။ အမေရိ ကန်ရဲ့လုပ်ကိုင်ပုံတွေဟာ သဘောမကျတဲ့ နိုင်ငံများရှိသလို ကမ္ဘာ့စီးပွားရေးမှာ ဒေါ်လာ ငွေကြေးရဲ့ ဗိုလ်ကျစိုးမိုးမှုကို အဆုံးသတ်ချင် နေတဲ့ ရုရှားနဲ့ တရုတ်နိုင်ငံများလည်း ရှိကြ ပါတယ်။

ဒါကြောင့် ဘရစ်အုပ်စုနိုင်ငံတွေဟာ အမေရိကန်ငွေကြေးနဲ့ အမေရိကန်စီးပွား ရေးအပေါ်  မှီခိုအားထားမှု ကျဆင်းလာစေမယ့် ငွေကြေးသစ်တစ်ရပ် ဖန်တီးမယ့် အစီအစဉ်အကောင်ထည်ဖော်လိုစိတ်ပြင်းထန်လာခြင်း ဖြစ်တယ်။

စတုတ္ထအကြောင်းကဒေါ်လာကို အခြေ ခံထားတဲ့ ကမ္ဘာလုံးဆိုင်ရာ အရန်ငွေ ပမာဏ ဟာ ပြီးခဲ့တဲ့ဆယ်ခုနှစ်နှစ်စုအတွင်း ဆက်လက် ကျဆင်းလျက်ရှိရာ ၂၀၂၂ ခုနှစ် နောက်ဆုံး သုံးလပတ်မှာ ၅၉ ရာခိုင်နှုန်းအောက်အထိ ကျဆင်းသွားခဲ့ပါတယ်။ ရုရှားရဲ့နိုင်ငံခြား အရန်ငွေဒေါ်လာ ၃၀၀ ဘီလျံဟာ ပိတ်ဆို့ ကန့်သတ်မှုခံခဲ့ရပါတယ်။ အဆိုပါ အခြေအနေ ဟာ ဘရစ်အုပ်စုဝင်နိုင်ငံများကို ထိခိုက်မှုဖြစ် စေခဲ့တယ်။ ပိတ်ပင်တားဆီးမှုများ အခြေအ နေဟာ ဘရစ်ဒါအုပ်စုဝင်နိုင်ငံများကို ထိခိုက်မှု ဖြစ်စေခဲ့တယ်။ ပိတ်ပင်တားဆီးမှုများ၊ အခက် အခဲများဟာ ဘရစ်အုပ်စုဝင်နိုင်ငံများကို ပိုမို စုစည်းလာပြီး ငွေကြေးယူနစ်တစ်ခုတည် ထောင်ဖို့ တွန်းအားပေးလာပါတယ်။

နောက်ဆုံးအကြောင်းက ဘရစ်အုပ်စု ဝင်နိုင်ငံတစ်နိုင်ငံစီမှာ ရှုထောင့်အမျိုးမျိုးနဲ့ အကြောင်းမျိုးမျိုးရှိနိုင်ပါတယ်။ အမေရိကန် နဲ့တရုတ်နိုင်ငံကြား ဆက်ဆံရေးယိုယွင်းလာ ခြင်းဟာ အမေရိကန်ဒေါ်လာအပေါ် သက် ရောက်လာသလို တရုတ်နိုင်ငံရဲ့ကုန်သွယ်မှုနဲ့ နည်းပညာတိုးတက်မှုကိုပါ အတားအဆီး ဖြစ် လာပါတယ်။ အဆိုပါ အခြေအနေတွေက အမေရိကန်ကြီးစိုးတဲ့ ကမ္ဘာလုံးဆိုင်ရာစနစ်ကို စွန့်လွှတ်ရေးနဲ့အတူ ဒေါ်လာငွေကြေးနေရာမှာ အခြားငွေကြေးသစ်တစ်မျိုးကို အစားထိုးဖို့ တရုတ်နိုင်ငံက တိုက်တွန်းသလိုဖြစ်ခဲ့ပါတယ်။

ကိုဗစ်နောက်ပိုင်း ငွေကြေးဖောင်းပွမှု မြင့်တက်လာမှုကို ဆင်ခြင်တုံတရားအား ကောင်းကောင်းနဲ့ အကျိုးအကြောင်းညီစွာ စဉ်းစားကြည့်ရင် ဗဟိုဘဏ်ရဲ့ ရည်မှန်းထားတဲ့ အခြား အခြေအနေတွေလည်း ရှိပါတယ်။ ငွေကြေးမူဝါဒ ရေးဆွဲသူများဟာ ငွေကြေး ဖောင်းပွမှု သိသာသင့်ပါတယ်။ စီးပွားရေး အဆောက်အုံအတွင်း အင်ဖလေးရှင်းကို ရင် ဆိုင်နေရချိန်မှာ သုတေသီများကပါ ပါဝင်ပြီး ငွေကြေးအခြေအနေကို နားလည်ကျွမ်းကျင် သူများက ယခင်အခြေအနေများ ပြန်လည်လေ့ ကျင့်မှုပြုလုပ်နေကြပါက ဗဟိုဘဏ်များ အနေ နဲ့ သူတို့လုပ်ဆောင်ချက်များကို ရှင်းရှင်းလင်း လင်း အသိပေးထားဖို့တော့လိုပါတယ်။ သက် ဆိုင်ရာစီးပွားရေးအခြေနေများအပေါ် မူတည် ပြီး ပြင်ဆင်ချိန်ညှိထားတဲ့ ဗဟိုဘဏ်များရဲ့ ငွေကြေးဆိုင်ရာ တင်းကျပ်လုပ်ဆောင်မှုတွေ ဟာ အားရစရာဖြစ်တယ်လို့ ကောက်ချက်ချပါ တယ်။ အဆိုပါဆောင်ရွက်ချက်တွေဟာ အမြစ် တွယ်သလို ခိုင်မာနေတဲ့ ငွေကြေးဖောင်းပွမှု ရည်ရွယ်ထားတဲ့အခြေအနေမှ ကာလကြာရှည် သွေဖည်နေတဲ့ အင်ဖလေးရှင်းကို ပြန်လည် ထိန်းကျောင်းနိုင်ရေး အထောက်အကူပြုလိမ့် မယ်လို့ယူဆကြပါတယ်။ ကိုဗစ်နောက်ပိုင်း အစားအသောက်အတွက် ငွေပိုကုန်ကျခြင်းငွေကြေးဖောင်းပွမှုဟာ ယခင်ကာလအခြေနေ လိုမျိုးမဟုတ်ပါဘူး။ တစ်နိုင်ငံတည်း၊ တစ်အုပ် စုတည်းမဟုတ်ဘဲ  အရပ်လေးမျက်နှာ၊ အရပ် ရှစ်မျက်နှာ၊ ဆက်စပ်ဝင်ရောက်လာတဲ့အ ကြောင်းရင်းမျိုးစုံ ရှိနေကြပါတယ်။

ကိုဗစ်ကြီးက ကမ္ဘာမြေကမထွက်သေးဘဲ (၄-၅) နှစ်ကြာဦးမှာဆိုတော့ လူတိုင်း ကိုဗစ် ကာကွယ်ဆေး နှစ်ကြိမ်၊ ထပ်ဆင်မြင့်ကာ ကွယ်ဆေး အလျဉ်းသင့်သလို ထိုးနှံသွားဖို့လို အပ်ကာ ကိုဗစ်စည်းမျဉ်းများဖြစ်တဲ့နှာခေါင်း စည်းတပ်ခြင်း၊ လက်ကိုဆပ်ပြာရေတို့နဲ့ စက္ကန့် ၂၀ ကြာပွတ်တိုက်ဆေးကြောခြင်း၊ လူတစ်ဦးနဲ့ တစ်ဦး ခြောက်ပေခွာခြင်း၊ လူစုလူဝေး ရှောင် ခြင်း၊ လေဝင်လေထွက်ကောင်းအောင်စီမံထား ခြင်းတို့ လိုအပ်မှာဖြစ်ပါတယ်။ ကိုဗစ်ကာလမှာ အီးပညာရေး၊ အီးကျန်းမာရေး၊ အီးဂါးဗားမင့်၊ အွန်လိုင်းမီတင်းတို့ ထွန်းကားလာသလို အွန် လိုင်းရောင်းဝယ်မှုနဲ့ ဖြန့်ချိရေးများ ကျယ်ပြန့် လာပါတယ်။                        

Most Read

Most Recent