ရီးယဲလ်အသင်းသည် နည်းပြ လိုပယ် တယ်ဟီကို အခွင့်အရေး ဆက်ပေးထားဆဲဖြစ် သော်လည်း ဘာစီလိုနာအသင်းနှင့် ယှဉ်ပြိုင် ကစားရမည့် El Clásico ပွဲမတိုင်မီ နည်းပြ အပြောင်းအလဲပြုလုပ်မည်ဟူသော သတင်း များ ပိုမိုထွက်ပေါ်လာခဲ့ပြီး အစားဝင်လာနိုင် သည့်နည်းပြသစ်အဖြစ် ထင်ကြေးပေးမှုအမျိုး မျိုးလည်း ထွက်ပေါ်လျက်ရှိသည်။
လိုပယ်တယ်ဟီသည် ရီးယဲလ်အသင်း ကို ရာသီအစပိုင်း၌ နိုင်ပွဲများဆက်တိုက်ရယူ ပေးနိုင်ခဲ့သော်လည်း လက်ရှိအချိ်န်တွင်မူ ပြိုင်ပွဲစုံ နောက်ဆုံး(၅)ပွဲ၌ (၄)ပွဲရှုံးနိမ့်သည်အ ထိ ရလဒ်ဆိုးရွားခဲ့သည်။
ထို့ကြောင့် အသင်း ဥက္ကဋ္ဌ ဖလော်ရင်တီနိုပီရက်ဇ်၏ ထောက်ခံမှု ရရှိနေစေကာမူ ရာထူးကို စွန့်လွှတ်ရတော့ မည်ဟု ထင်ကြေးပေးခံနေရခြင်းဖြစ်သည်။
လိုပယ်တယ်ဟီကိုယ်တိုင်ကလည်း မိမိအနေ ဖြင့် ရာထူးတည်မြဲရေးအတွက် အစွမ်းကုန် ကြိုးစားသွားမည်ဖြစ်သော်လည်း အနာဂတ် အတွက် အာမခံချက်မရှိကြောင်း ဝန်ခံပြော ကြားခဲ့သည်။
ယင်းအခြေအနေတွင် မီဒီယာအချို့ က လိုပယ်တယ်ဟီအနေဖြင့် နောက်ထပ်ရှုံးပွဲ တွေ့မှသာ ရီးယဲလ်နည်းပြရာထူးမှ ထုတ်ပယ် ခံရလိမ့်မည်ဟု သုံးသပ်ခဲ့ကြပြီး အချို့ကမူ လာမည့်ရက်ပိုင်းအတွင်း ထုတ်ပယ်ခံရတော့ မည်ဟု သုံးသပ်နေကြသည်။
ရီးယဲလ်အသင်း မှ ကစားသမားများက လက်ရှိရင်ဆိုင်နေရ သည့် ပြဿနာကို လိုပယ်တယ်ဟီအား ထုတ် ပယ်ခြင်းဖြင့် ဖြေရှင်းနိုင်မည်မဟုတ်ဟု ဆိုခဲ့ သော်လည်း ပရိသတ်အများစုကမူ လိုပယ် တယ်ဟီအား ထုတ်ပယ်ပြီး အပြောင်းအလဲ ပြုလုပ်ရန် လိုလားနေကြောင်းလည်း သိရှိရ သည်။
ထို့ကြောင့် လိုပယ်တယ်ဟီနေရာ အ စားထိုးဝင်ရောက်လာနိုင်သည့် နည်းပြများကို မီဒီယာများက သုံးသပ်ဖော်ပြခဲ့ရာ ချယ်လ်ဆီး နည်းပြဟောင်း ကွန်တီ၊ အာဆင်နယ်နည်းပြ ဟောင်း အာစင်ဝင်းဂါး၊ ပြင်သစ်နည်းပြ ဟောင်း လောရင့်ဘလန့်၊ ဆွမ်ဆီးနည်းပြ ဟောင်း မိုက်ကယ်လောဒရပ်တို့နှင့်အတူ ရီး ယဲလ်ကစားသမားဟောင်းများဖြစ်သည့် ဂူတီ နှင့် ဆိုလာရီတို့ ပါဝင်လာခဲ့သည်