ဂျိုးဘိုင်ဒင် (သို့မဟုတ်) အခက်အခဲပြဿနာများကို ကြံ့ကြံ့ခံကျော်လွှားသူ

ဂျိုးဘိုင်ဒင် (သို့မဟုတ်) အခက်အခဲပြဿနာများကို ကြံ့ကြံ့ခံကျော်လွှားသူ
​​​​​​​Photo: AFP
​​​​​​​Photo: AFP
Published 26 April 2023
ဖြိုးဟိန်းကျော်

အမေရိကန်ပြည်ထောင်စု၏သမိုင်းတွင် အသက်အကြီးဆုံးသမ္မတအဖြစ် စတင်တာဝန်ယူခဲ့စဉ်က ဂျိုးဘိုင်ဒင် ကိုင်တွယ်ရမည့်ကိစ္စရပ်မှန်သမျှသည် ခက်ခဲသောအရာများသာ ဖြစ်သည်။ သို့သော် ယင်းကိစ္စရပ်များအနက်မှ ၎င်းအတွက်အလွန်အရေးကြီးသောတာဝန်မှာ နှစ်ခြမ်းကွဲနေသော တိုင်းပြည်ကို စည်းလုံးညီညွတ်မှုရှိအောင် ပြန်လည်လုပ်ဆောင် ရန်ပင်ဖြစ်သည်။

ရာစုနှစ်တစ်ခုအတွင်း တစ်ကြိမ်သာ ဖြစ်ပေါ်တတ်သည့် ကိုဗစ်ကပ်ရောဂါကာလ၊ စီးပွားရေးလုပ်ငန်းများ ရပ်ဆိုင်းနေချိန်၊ တရုတ်၊ မြောက်ကိုရီးယား၊ ရုရှားနှင့် အီရန်တို့၏ ပထဝီဝင်နိုင်ငံရေး စိန်ခေါ်မှုများနှင့် တစ်ပြိုင် တည်းလိုလို ရင်ဆိုင်နေရချိန်တွင် သမ္မတတာဝန်ကို ဆက်ခံရယူခဲ့သည့် ဘိုင်ဒင်အဖို့ အရာရာတိုင်းသည် မလွယ်ကူခဲ့ပေ။

ထို့အပြင် ၂၀၂၀ ရွေးကောက်ပွဲတွင် လက်ရှိသမ္မတ ဒေါ်နယ်ထရန့်ကို အနိုင်ယူခဲ့သည့် ဘိုင်ဒင်သည် ၁၉၇၀ ပြည့်လွန်နှစ်များ နောက်ပိုင်းတွင် မကြုံဖူးသေးသည့် ဒီမိုကရေစီစနစ်အပေါ် ခြိမ်းခြောက်မှုနှင့်လည်း ရင် ဆိုင်ခဲ့ရသေးသည်။

ဘိုင်ဒင်အိမ်ဖြူတော်ရှိ ဘဲဥပုံရုံးခန်းဆီ သို့ မတက်လှမ်းမီ သီတင်းနှစ်ပတ်အလိုတွင် ထရန့်ကိုထောက်ခံသည့် လူအုပ်ကြီးက အမေ ရိကန်ကွန်ဂရက်လွှတ်တော်ကို ဝင်ရောက်စီး နင်းကာ သမ္မတရွေးကောက်ပွဲရလဒ်ကို အ တည်မပြုနိုင်အောင် တားဆီးရန် ကြိုးပမ်းခဲ့ သည်။ ထိုစဉ်က သမ္မတထရန့်၏ ရှေ့နေအဖွဲ့ နှင့် ၎င်းင်း၏ ဘက်တော်သား လွှတ်တော်အမတ် များသည်လည်း လုပ်ထုံးလုပ်နည်းလမ်း ကြောင်းများမှတစ်ဆင့် ရွေးကောက်ပွဲရလဒ် ကို ပယ်ဖျက်ရန် ကြံမိကြံရာ လုပ်ဆောင်ခဲ့ သည်။

ထိုအရာအားလုံးထက် ပိုကြီးမားသော စိန်ခေါ်မှုမှာ ဘားရက်ခ် အိုဘားမားကဲ့သို့ ၎င်းထက် နှစ် ၃၀ ပိုငယ်သော ပုဂ္ဂိုလ်များပင်လျှင် သာမန်အခြေအနေဖြစ်လင့်ကစား အလွန်တရာဖိအားများသည့် ရာထူးတာဝန်ကို ထိုစဉ်က အသက် ၇၈ နှစ်ရှိနေပြီဖြစ်သည့် ဘိုင်ဒင်က ထမ်းဆောင်ခဲ့ခြင်းဖြစ်သည်။

သို့ရာတွင် နိုင်ငံရေးနယ်ပယ်၌ အဟန့်အတားများ၊ ပုဂ္ဂိုလ်ရေးဆိုင်ရာ ဝမ်းနည်းဖွယ် အဖြစ်ဆိုးများကို ကြိမ်ဖန်များစွာ ကြံ့ကြံ့ ခံကျော်လွှားနိုင်ခဲ့သည့် ဘိုင်ဒင်သည် ၎င်းအပေါ် သံသယဝင်နေသူ အများအပြားကို အံံ့အားသင့်စေခဲ့သည်။

သူသည် တိုင်းပြည်ကို COVID-19 ကပ် ရောဂါမှ အောင်မြင်စွာရုန်းထွက်နိုင်စေရန် နှင့် စီးပွားရေးပြန်လည်အားကောင်းလာစေ ရန် ကြိုးပမ်းမှုများကို ဦးဆောင်ခဲ့သည်။ ဘိုင်ဒင်သည် သြဇာပိုမိုကြီးထွားလာသော တ ရုတ်ကို တန်ပြန်ရန် အမေရိကန်၏ မဟာမိတ် ဆက်ဆံရေးများကို ပြန်လည်တည်ဆောက် ခဲ့ပြီး ယူကရိန်းကို စစ်ပွဲဆင်နွှဲခဲ့သည့် ရုရှားအပေါ် အနောက်နိုင်ငံများ၏ မကြုံစဖူး တုံ့ ပြန်မှုများကိုလည်း ၎င်းက ဦးဆောင်ခဲ့သည်။

သို့ရာတွင် တိုင်းပြည်ညီညွတ်မှုရှိအောင် ကုစားပေးမည်ဟူသော ကတိကိုမူ ပြီးမြောက် အောင် လုပ်ဆောင်နိုင်ခြင်း မရှိသေးဟု ၎င်းကိုယ်တိုင်ဝန်ခံထားသည်။

“ကျွန်တော် အကြောင်းရင်းသုံးခုအတွက် အလုပ်လုပ်နေတာဖြစ်တယ်လို့ ပြောခဲ့ပါတယ်။ ပထမအကြောင်းရင်းက အမေရိကရဲ့ စရိုက်လက္ခဏာကို ပြန်ဆောင်ကြဉ်း ပေးဖို့ပါ။ ဒုတိယအကြောင်းရင်းကတော့ အလယ်အလတ်နဲ့ အောက်ခြေလူတန်းစားတွေကို ဗဟိုပြုပြီး တိုင်းပြည်ကို ပြန်တည်ဆောက် ဖို့ပဲဖြစ်တယ်”ဟု ဘိုင်ဒင်က ယခုနှစ်ဇန်နဝါ ရီလထဲတွင် ပြောကြားခဲ့သည်။

 “တတိယအကြောင်းရင်းကတော့ တိုင်းပြည်ကို စည်းလုံးညီညွတ်အောင် လုပ်ဆောင်ပေးဖို့ပါပဲ။ အဲဒီတတိယ အချက်က အခက်ခဲဆုံးဖြစ်နေပါတယ်”ဟုလည်း ၎င်းက ဆိုသည်။

ကြီးမားသောအောင်မြင်မှုများ

ဘိုင်ဒင်ကိုထောက်ခံသူများအဖို့ ၎င်းသည် ထရန့်အစိုးရအလွန်တွင် တိုင်းပြည်အတွက် မုချလိုအပ်သူတစ်ဦး ဖြစ်နေသည်။ သူသည် ပင်ကိုအားဖြင့် နိုင်ငံရေးအမြင်မျှတပြီး အစိုးရဌာနများအတွက် ရပ်တည်ကာ ကွယ်တတ်သည့် ရှေးဆန်သူတစ်ဦးဖြစ်ကာ အနောက်ကမ္ဘာတွင် အမေရိကန်၏ဦးဆောင် မှုအခန်းကဏ္ဍကိုလည်း စွဲမြဲယုံကြည်သူဖြစ်သည်။

သို့ရာတွင် လွဲမှားချွတ်ချော်မှုများလည်း ရှိနေသည်။ ၂၀၂၁ ခုနှစ်တွင် အမေရိကန် ပြည်ထောင်စု၌ ကိုရိုနာဗိုင်းရပ်စ်မျိုးကွဲသစ် များ ကူးစက်ပျံ့နှံ့နေစဉ် လူအုပ်စုလိုက် ကိုဗစ် ကာကွယ်ဆေးထိုးနှံမှုအစီအစဉ်ကို စောစီး စွာထောက်ခံပြောဆိုခဲ့သည့်အတွက် ၎င်းအပေါ် ဝေဖန်မှုများထွက်ပေါ်ခဲ့သည်။ ထို့အပြင် မအောင်မြင်ခဲ့သည့် နှစ် ၂၀ ကြာ အာဖဂန်နစ္စ တန်စစ်ပွဲကို အဆုံးသတ်ရန် ၂၀၂၁ ခုနှစ် သြ ဂုတ်လတွင် အာဖဂန်မှ အမေရိကန်တပ်များ အရှက်တကွဲထွက်ခွာခဲ့ရသည့်အခြေအနေ ကြောင့်လည်း ဘိုင်ဒင်အစိုးရ၏ ဂုဏ်သတင်း ကို ထိခိုက်စေခဲ့သည်။

သို့ရာတွင် ၎င်း၏သမ္မတသက်တမ်း ဒုတိယမြောက်နှစ်တွင် အမေရိကန်ပြည်တွင်း၌ တစ်ဟုန်ထိုး မြင့်တက်နေသော ငွေကြေး ဖောင်းပွမှုနှုန်းသည် ပြန်လည်ကျဆင်းစပြု လာခဲ့ပြီး စီးပွားရေးတိုးတက်မှုသည်လည်း ခိုင်မာအားကောင်းလာခဲ့ကာ ယူကရိန်းအ ရေးတွင် အမေရိကန်၏ ရဲရင့်ပြတ်သားသော မူဝါဒကြောင့်လည်း နိုင်ငံခြားရေးမူဝါဒအ ပေါ် ချီးကျူးထောက်ခံမှုများ ပြန်လည်ရရှိခဲ့ သည်။

ထို့အပြင် သဘာဝပတ်ဝန်းကျင်နယ် ပယ်တွင်လည်း ဒီမိုကရက်တစ်မဲဆန္ဒရှင်များ ၏ အဓိကမျှော်မှန်းချက်များကို ဖော်ဆောင် ရာတွင် တိုးတက်မှုများ ဆောင်ကြဉ်းပေးနိုင် ခဲ့သည်။ သူသည် အမေရိကန်ပြည်ထောင်စု ကို ပဲရစ်ရာသီဥတုဆိုင်ရာ သဘောတူညီချက် တွင် ပြန်လည်ပါဝင်စေခဲ့ပြီး အမေရိကန် ပြည်ထောင်စု၌ လျှပ်စစ်ကားများနှင့် သဘာ ဝပတ်ဝန်းကျင်နှင့် သဟဇာတဖြစ်သော အ ခြားနည်းပညာများ တွင်တွင်ကျယ်ကျယ်တီ ထွင်ထုတ်လုပ်မှုကို တွန်းအားပေးမည့် သ မိုင်းဝင် အသုံးစရိတ်ဥပဒေကြမ်းကိုလည်း ကွန်ဂရက်တွင် အတည်ပြုနိုင်ခဲ့သည်။

ထို့အတူ ဘိုင်ဒင်အတွက် ပြည်တွင်း၌ နောက်ထပ်အောင်ပွဲတစ်ခုမှာ ဆယ်စုနှစ်များ နှင့်ချီကာ လျစ်လျူရှုခံခဲ့ရခြင်းကြောင့် ယို ယွင်းပျက်စီးလာသည့် လမ်း၊ တံတားများနှင့် မီးရထားလမ်းများကို ပြုပြင်တည်ဆောက်မည့် အခြေခံအဆောက်အအုံဆိုင်ရာဥပဒေကို အတည်ပြုပြဋ္ဌာန်းရာတွင်လည်း ပါတီနှစ် ရပ်လုံး၏ ထောက်ခံမှုကို ရရှိခဲ့သည်။ 

ယခုနှစ် ဖေဖော်ဝါရီလထဲတွင် စစ်ဖြစ် နေသည့် ယူကရိန်း၏မြို့တော် ကိယက်ဗ်သို့ ရှောင်တခင် သွားရောက်ခဲ့သည့် လျှို့ဝှက်ခရီး စဉ်နှင့် ထို့နောက်တွင် ပိုလန်၌ ဒီမိုကရေစီ စနစ်အပေါ် ကာကွယ်ရေးအတွက် စိတ်လှုပ် ရှားဖွယ် မိန့်ခွန်းပြောဆိုခြင်းတို့သည်လည်း သမိုင်းတွင်ခဲ့ပြီး အမေရိကန်သည် ကမ္ဘာကြီး ကိုဦးဆောင်သူအဖြစ်ပြန်လာပြီဟူသော ၎င်းင်း ၏အခိုင်အမာပြောကြားချက်ကို ပီပြင်ထင် ရှားစေခဲ့သည်။

အမေရိကန်၏ ပထမဆုံးအမျိုးသမီး၊ ပထမဆုံးလူမည်းနှင့် တောင်အာရှနွယ်ဖွား ဒုသမ္မတဖြစ်လာသည့် ကာမလာဟဲရစ်စ်ကို ရွေးချယ်ခဲ့ခြင်းနှင့် ပထမဆုံး လူမည်းအမျိုးသ မီး ပြည်ထောင်စု တရားရုံးချုပ်တရားသူကြီး ကီတန်ဂျီဘရောင်း ဂျက်ခ်ဆင်ကို အဆိုပြုခဲ့ ခြင်းတို့ကိုလည်း ဘိုင်ဒင်အနေဖြင့် ထောက် ပြပြောဆိုနိုင်မည်ဖြစ်သည်။

 

ဝေဖန်သူများ

ဒီမိုကရက်တစ်ပါတီ၏ လစ်ဘရယ် အယူအဆရှိသူများက ဘိုင်ဒင်သည် လက် ယာစွန်းပိုဆန်လာသည့် ရီပတ်ဘလီကင်တို့ ကို တုံ့ပြန်ရာတွင် ထိရောက်မှုမရှိသကဲ့သို့ ပိုမိုလွတ်လပ်သော လူမှုရေးပြုပြင်ပြောင်း လဲမှုနှင့် သေနတ်ပိုင်ဆိုင်မှုနှင့်ပတ်သက်၍ စည်းမျဉ်းကန့်သတ်မှုမရှိသည့် အစဉ်အလာ ကို ပြောင်းလဲရန် တောင်းဆိုမှုများကိုလည်း ဖြည့်ဆည်းဆောင်ရွက်ရန် ပျက်ကွက်ခဲ့သည် ဟု ဝေဖန်ခဲ့သည်။

ထရန့်အပေါ် ဒီမိုကရက်များက အကြီး အကျယ် မနှစ်မြို့သကဲ့သို့ပင် ရီပတ်ဘလီ ကင်များသည်လည်း ဘိုင်ဒင်ကို အလွန်မုုန်း တီးကြသည်။

လူထုအကြား မကျေနပ်ချက်များ ရှိနေ ခြင်းကြောင့် ဘိုင်ဒင်အပေါ် လူထုထောက်ခံ မှုနှုန်းသည် ၂၀၂၁ ခုနှစ် ကတည်းကပင် ၅၀ ရာခိုင်နှုန်းအထက်သို့ ကျော်လွန်ခြင်းမရှိ တော့ပေ။ ဒီမိုကရက် အများစုကပင်လျှင် ၎င်းင်းသည် ဒုတိယသမ္မတ သက်တမ်းအတွက် ရွေးကောက်ခံသင့်သည်ဟု မယူဆကြတော့ ပေ။

 

ကြံ့ကြံ့ခံနိုင်စွမ်းရှိ

ဘိုင်ဒင်သည် သမ္မတဖြစ်လာရန် ကာ လကြာမြင့်စွာလေ့လာသင်ယူမှုများကို ထိထိ ရောက်ရောက် လုပ်ဆောင်ခဲ့သူဖြစ်ပြီး အ ထက်လွှတ်တော်အမတ်အဖြစ်လည်း ၃၆ နှစ် ကြာ တာဝန်ထမ်းဆောင်ခဲ့သည်။ သူသည် သမ္မတရာထူးအတွက် အစောပိုင်းတွင် နှစ် ကြိမ်ကြိုးပမ်းခဲ့သော်လည်း အထမမြောက် ခဲ့ဘဲ နောက်ပိုင်းတွင် သမ္မတဘားရက်ခ် အို ဘားမားလက်ထက်၌ ဒုသမ္မတအဖြစ် ရှစ်နှစ် တာဝန်ထမ်းဆောင်ခဲ့သည်။

၂၀၂၀ ခုနှစ်တွင် ဒီမိုကရက်တစ်ပါတီ ကိုယ်စားပြုသမ္မတလောင်းအဖြစ် ရွေး ကောက်ခံရန် ကြိုးပမ်းခဲ့စဉ်ကလည်း ကနဦး တွင် ၎င်းင်း၏ပါတီတွင်းမှ လူတော်တော်များ များက ဘိုင်ဒင်သည် အသက်အရွယ်ကြီး လွန်းနေပြီး ပြုမူပြောဆိုပုံ အမှားများလေ့ရှိ သည်ဟုဆိုကာ အလေးအနက်မထားခဲ့ပေ။

သို့သော်လည်း ဘိုင်ဒင်သည် ပြိုင်ဘက်ပါတီ တွင်းကိုယ်စားလှယ်လောင်းများကို ကျော် ဖြတ်နိုင်ခဲ့သည့်အပြင် ထိုစဉ်က လက်ရှိသမ္မ တဖြစ်သည့် ရီပတ်ဘလီကင်တစ်ဦးဖြစ်သူ ဒေါ်နယ်ထရန့်ကိုလည်း ခဲရာခဲဆစ်အနိုင် ယူပြခဲ့သည်။ သူ၏အကြောင်းကို သိရှိသူ များကမူ ယင်းကိုအံ့သြကြမည်မဟုတ်ပေ။

စင်စင်အားဖြင့် ဘိုင်ဒင်သည် အသက် ၂၉ နှစ်အရွယ် ၁၉၇၂ ခုနှစ်တွင် ဒယ်လာဝဲ ပြည်နယ်၏ အထက်လွှတ်တော်အမတ်အဖြစ် ရွေးကောက်ခံခဲ့ရပြီး ထို့နောက် တစ်လအ ကြာတွင် ၎င်းင်း၏ဇနီးဖြစ်သူ နီလီယာနှင့် တစ် နှစ်သမီးလေးတို့သည် ယာဉ်တိုက်မှုတစ်ခု အတွင်း အသက်ဆုံးရှုံးခဲ့ရသည်။ ဘိုင်ဒင်အ နေဖြင့် ဇနီးသည်နှင့် သမီးငယ်အတွက် ပူ ဆွေးဝမ်းနည်းနေရသကဲ့သို့ ယာဉ်တိုက်မှု အတွင်း ဒဏ်ရာအပြင်းအထန်ရခဲ့သည့် လေး နှစ်သားအရွယ် “ဘိုး”နှင့် နှစ်နှစ်သားအရွယ် “ဟန်တာ”တို့ကိုလည်း စောင့်ရှောက်ပေးခဲ့ရ သည်။

သို့သော်လည်း ဘိုင်ဒင်သည် သူ၏ဘဝ ကို အကောင်းဆုံးပြန်လည်တည်ဆောက်နိုင် ခဲ့သည်။ အထက်လွှတ်တော်အမတ်အဖြစ် တာဝန်ထမ်းဆောင်စဉ်က ၎င်းင်း၏ကလေး ငယ်များကိုစောင့်ရှောက်ရန် ၎င်းင်း၏နေအိမ် တည်ရှိရာ ဝီလ်မင်တန်နှင့် ၀ါရှင်တန်အကြား မမောနိုင်မပန်းနိုင် ခေါက်တုံ့ခေါက်ပြန်သွား လာခဲ့ရပုံများကို ဘိုင်ဒင်က မကြာခဏဆို သလို ကရုဏာသက်ဖွယ် ပြန်ပြောင်းပြောဆို လေ့ရှိသည်။

၁၉၇၅ ခုနှစ်တွင် ဘိုင်ဒင်သည် ဒုတိယ မြောက်အိမ်ထောင်ဖက်ဖြစ်သော ကျောင်း ဆရာမတစ်ဦးဖြစ်သည့် ဂျေးလ်ဂျက်ဘော့ဘ် နှင့် လက်ထပ်ခဲ့ပြီး အက်ရှလေဟု အမည်ရ သည့် သမီးလေးတစ်ဦးကို ထပ်မံမွေးဖွားခဲ့ သည်။ ဘိုင်ဒင်က ဇနီးသည် ဂျေးလ်သည် သူ၏မိသားစုဘဝကို ပြန်တည်ဆောက်ပေး ခဲ့သူအဖြစ် ချီးကျူးလေ့ရှိပြီး ၂၀၁၅ ခုနှစ်က တက်သစ်စ နိုင်ငံရေးကြယ်ပွင့်ဖြစ်သည့် သား ဖြစ်သူ “ဘိုး”အသက် ၄၆ နှစ်တွင် ဦးနှောက် ကင်ဆာဖြင့် ကွယ်လွန်သွားသည့် နောက်ထပ် ဖြေမဆည်နိုင်စရာအဖြစ်ဆိုးကို ရင်ဆိုင်ခဲ့ရ စဉ်ကလည်း ဂျေးသည် သူ၏နံဘေးတွင် အ တူရှိနေကာ ဖေးမပေးခဲ့သည်ဟု ဘိုင်ဒင်က ဆိုသည်။                          

 

 

■ Ref: AFP

 

Most Read

Most Recent