ချိုမြန်သော ပေါင်းစည်းခဲ့ခြင်းများ

ချိုမြန်သော ပေါင်းစည်းခဲ့ခြင်းများ
Photos: Getty Images
Photos: Getty Images
Published 17 April 2023
Phoe Thar

၂၀၂၂-၂၃ ဘောလုံးရာသီကတော့ ဇာတ်ရှိန်အမြင့်ဆုံး ဇာတ်သိမ်းခန်းအပိုင်းအခြားကို ရောက်ရှိနေပြီဖြစ်သလို မကြာခင် အချိန်အတွင်းမှာပဲ နွေရာသီအားလပ်ရက်နဲ့အတူ ဘောလုံးပရိသတ်တွေကို နှုတ်ဆက်တော့မှာပါ။ ရှုထောင့်ပေါင်းစုံမှာ ရသပေါင်းစုံနဲ့ ပြိုင်ဆိုင်မှုပြင်းထန်ခဲ့ပြီး စိတ်လှုပ်ရှားစရာ အခိုက်အတန့်များစွာကိုပေးစွမ်းခဲ့တဲ့ ၂၀၂၂-၂၃ ဘောလုံးရာသီဖြတ်သန်းမှုမှာ ဘယ်ကစားသမားတွေက ဘယ်အသင်းတွေအတွက် အကောင်းဆုံးသောခေါ်ယူမှုဖြစ်ခဲ့သလဲ၊ မျှော်လင့်ထားတာထက်ပိုပြီး အကျိုးအမြတ်များခဲ့တဲ့ ရင်းနှီးမြှုပ်နှံမှုဖြစ်ခဲ့သလဲဆိုတာ ပရိသတ်တွေသုံးသပ်အကဲဖြတ်ပြီးဖြစ်ပါလိမ့်မယ်။ ပြီးခဲ့တဲ့ ၂၀၂၂ နွေရာသီအပြောင်းအရွှေ့နဲ့ ၂၀၂၃ ဇန်နဝါရီအပြောင်းအရွှေ့ (၂)ခုစလုံးကိုကြည့်ရင် ပရီး မီးယားလိဂ်ပြိုင်ပွဲနဲ့ ချယ်လ်ဆီးအသင်းတို့ရဲ့ စံချိန်တင်အသုံးစရိတ်တွေနဲ့အတူ စိတ်လှုပ်ရှားစရာအပြောင်းအရွှေ့များစွာကို မြင်တွေ့ခံစားခဲ့ရပြီး ဒီအပြောင်းအရွှေ့တွေထဲမှာမှ ဘယ်ကစားသမား (၁၁)ဦးက နေရာအလိုက်အကောင်းဆုံးခေါ်ယူမှုတွေ ဖြစ်ခဲ့လဲဆိုတာ တင်ဆက်ပေးလိုက်ပါတယ်။

 

Most Read

Most Recent