တစ်နာရီခန့် ကောင်းကောင်းမကစားနိုင်ခဲ့ဟု အယ်လီဂရီ ဆို

တစ်နာရီခန့် ကောင်းကောင်းမကစားနိုင်ခဲ့ဟု အယ်လီဂရီ ဆို
Photo: DAZN
Photo: DAZN
Published 17 April 2023

ဆာဆူအိုလိုအသင်းအား (၀-၁)ဂိုးဖြင့် အရေးနိမ့်ပြီးနောက် ဂျူဗင်တပ်စ်အသင်းနည်းပြ အယ်လီဂရီက အသင်းအနေဖြင့် ပွဲချိန်တစ်နာရီခန့် ကောင်းကောင်းမကစားနိုင်ခဲ့ကြောင်း ပွဲအပြီးတွင် ဝန်ခံခဲ့သည်။

''တစ်နာရီလောက် ကျွန်တော်တို့ ကောင်းကောင်းမကစားနိုင်ခဲ့ပါဘူး။ မထင်မှတ်ထားတဲ့အခြေအနေကနေ ဂိုးပေးလိုက်ရပြီးနောက်မှာ ပြန်လည်တုံ့ပြန်နိုင်ခဲ့တယ်။ ဒီပွဲက အမှတ်ပေးဇယားအတွက် အရေးကြီးတဲ့ ပွဲတစ်ပွဲပါ။ ဒါပေမဲ့ ကျွန်တော်တို့ စီးရီးအေမှာ (၂)ပွဲဆက်တိုက် အရေးနိမ့်ခဲ့ပြီး နှစ်ပွဲစလုံးက အဝေးကွင်းပွဲတွေဖြစ်တယ်။ ကျွန်တော်တို့ လမ်းကြောင်းမှန်ပေါ် ပြန်ရောက်အောင် လုပ်ရမယ်။ မှားယွင်းမှုတွေအပေါ် အခြေခံကာ အလုပ်လုပ်ရမှာဖြစ်ပြီး ပွဲတွေကို ကွဲပြားခြားနားတဲ့ ချဉ်းကပ်မှုတစ်ခု ပြုလုပ်ရပါမယ်''ဟု အယ်လီဂရီက ပြောကြားခဲ့သည်။

ဂျူဗင်တပ်စ်အသင်းသည် ပြီးခဲ့သည့်အပတ်က လာဇီယိုကို (၁-၂)ဂိုးဖြင့် အရေးနိမ့်ခဲ့ပြီးနောက် (၂)ပတ်ဆက်တိုက် ရှုံးပွဲကြုံတွေ့ခဲ့ရခြင်းလည်းဖြစ်သည်။

 

Most Read

Most Recent