PSG နောက်ခံလူ ဟာကီမီအပေါ် မုဒိမ်းမှုစွပ်စွဲချက်သည် မှန်ကန်မှုမရှိကြောင်း ရှေ့နေဖြစ်သူ ငြင်းဆန်

PSG နောက်ခံလူ ဟာကီမီအပေါ် မုဒိမ်းမှုစွပ်စွဲချက်သည် မှန်ကန်မှုမရှိကြောင်း ရှေ့နေဖြစ်သူ ငြင်းဆန်
Photo: Getty Images
Photo: Getty Images
Published 2 March 2023

PSG အသင်းမှ မော်ရိုကိုလက်ရွေးစင်နောက်ခံလူ ဟာကီမီအပေါ် မုဒိမ်းမှုစွပ်စွဲချက်သည် မှန်ကန်မှုမရှိကြောင်း ရှေ့နေဖြစ် သူက ငြင်းဆန်ခဲ့သည်။

အသက် ၂၄ နှစ်အရွယ်ရှိ အမျိုးသမီးက ဟာကီမီသည် သူ့အား ပါရီမြို့ဆင်ခြေဖုံးရှိ နေအိမ်၌ ဖေဖော်ဝါရီလ ၂၅ ရက်က မုဒိမ်းကျင့်ခဲ့သည်ဟု စွပ်စွဲခဲ့ခြင်းဖြစ်သည်။

ပြင်သစ် ဥပဒေအရာရှိများသည် စွပ်စွဲချက်နှင့်ပတ်သက်ပြီး ကနဦးစုံစမ်းစစ်ဆေးမှုများကို ဖေဖော်ဝါရီလ ၂၇ ရက်က စတင်ခဲ့ပြီဖြစ်ကြောင်း တရားရုံးနှင့်နီးစပ်သည့် သတင်းရင်းမြစ်တစ်ခုက ပြောကြားခဲ့သည်။

ယင်းသတင်းရင်းမြစ်က Le Parisien သတင်းစာတွင် ပါရှိသည့်သတင်းကို အတည်ပြုခဲ့ပြီး အဆိုပါအမျိုးသမီးသည် ဖေဖော်ဝါရီ ၂၆ ရက်က ရဲစခန်းသို့ အကြောင်းကြားခဲ့သော်လည်း တရားစွဲဆိုခြင်းမရှိခဲ့ကြောင်း သိရသည်။

PSG အသင်းမှ ထုတ်ပြန်ချက်တွင် ကလပ်အသင်းသည် စွပ်စွဲချက်များကို ငြင်းဆန်ပြီး တရားရေးစနစ် အပေါ်ယုံကြည်သည့် ကစားသမားဘက်မှ ထောက်ခံအားပေးသွားမည်ဖြစ်ကြောင်း၊ PSG အသင်းသည် အဖွဲ့အစည်းတစ်ခုဖြစ်ပြီး ကွင်းတွင်းကွင်းပြင်း လေးစားမှုရှိကြောင်း ရေးသားခဲ့သည်။

ပါရီအနောက်ပိုင်းဆင်ခြေဖုံးရှိ အစိုးရရှေ့နေရုံးကမူ ယင်းကိစ္စနှင့်ပတ်သက်ပြီး မှတ်ချက်ပေးရန် ငြင်းဆန်ခဲ့ကြောင်း သိရသည်။

Most Read

Most Recent